လိမ်ညာခြင်းဟာ ပုံစံနှစ်မျိုးနဲ့ လာတယ်လို့ လူ့အမူအကျင့်နဲ့ စိတ်ပညာ ကျွမ်းကျင်သူ ပေါလ်အိုက်ခ်မင်းက ဆိုပါတယ်။ ပထမတစ်ခုကတော့ ကျွန်တော်တို့ အမြဲမကြာခန လိမ်ညာလေ့ရှိတဲ့ အနိမ့်စားလိမ်ညာမှုပါ။ ဥပမာ၊ မင်းဆီက မက်ဆေ့ချ် ငါမရလိုက်ဘူးကွာ။ ဖုန်းသံမကြားလို်ကလို့ပါ ဆိုတာမျိုတွေပါ။ နောက်တစ်ခုကတော့ အကြီးစား လိမ်ညာမှုတွေ။ ဥပမာ၊ အခြားမိန်းကလေးမရှိရပါဘူး မိန်းမရယ် ဆိုတာမျိုးပေါ့။ ဒီလိုအကြီးစား လိမ်ညာမှုကတော့ မမြဲမရှိတတ်ပဲ တစ်ခါတရံမှာ ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ ဒါဆို လူတစ်ယောက်လိမ်တယ် မလိမ်ဘူး အလွယ်တကူသိနိုင်သလား။ ပညာရှင်တွေကတော့ သိဖို့မလွယ်ဘူးလို့ ဆိုပါတယ်။ ခေတ်မှီနည်းပညာတွေ သုံးတာတောင်မှ သိနိုင်ဖို့ ခက်ခဲနေဆဲပဲလို့ ဆိုပါတယ်။ ပိုဆိုးစေတာကတော့ အသိဉာဏ် မြင့်မားတဲ့သူတွေတောင်မှ အလွယ်တကူ လိမ်ညာခံရနိုင်တယ်လို့ ဆိုပါတယ်။
ဒါဆိုလုံးဝ မသိနိုင်တော့ဘူးလား။ မဟုတ်ပါဘူး။ ပညာရှင်တွေရဲ့ အဆိုအရ လိမ်ညာတာကို သိနိုင်တဲ့ လက္ခဏာတွေဟာ သတိထားကြည့်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။
(၁) ခနတဖြုတ်ပေါ်လာတဲ့ မျက်နှာအမူအရာတွေကို သတိထားကြည့်ပါ။ မိုက်ကရို အမူအကျင့်များလို့ ခေါ်တဲ့ ဒီခနပေါ် အမူအကျင့်တွေကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ ရုတ်တရက် ပြုံးသွားတာမျိုး၊ ခနတဖြုတ် ဂဏာမငြိမ် ဖြစ်သွားတာမျိုး။ လိမ်ညာတဲ့ အခိုက်မှာ ဒီအမူအရာလေးတွေ ပေါ်လာတတ်တယ်လို့ ဆိုပါတယ်။
(၂) မျက်လုံးချင်းဆိုင်ဖို့ရှောင်ရှားခြင်း။ လိမ်ညာဖို့အတွက် စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု အများကြီး လိုအပ်ပါတယ်။ ဒီ့အတွက် လိမ်ညာစဉ်မှာ မျက်လုံးချင်းဆိုင်ပြီး လိမ်ညာဖို့ အလွန်ခဲယဉ်းပါတယ်။ ဒါ့ကြောင့် လိမ်ညာပြောချိန်မှာ အများစုဟာ မျက်လုံးချင်းဆုံဖို့ကို လျောင်လွဲနေလေ့ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
(၃) စကားလုံးများက လိမ်ညာပေမယ့် ကိုယ်ဟန်အနေအထားက လိမ်ညာဖို့ ခက်ပါတယ်။ ဥပမာ ပုခုံးတွန့် သွားတာမျိုး၊ ခေါင်းမသိမသာ ခါလိုက်တာမျိုး။
(၄) အရမ်းကို အစီအစဉ်ကျန သေသပ်လွန်းတဲ့ ဇါတ်လမ်းထွင်ခြင်း။ ရဲကိုလိမ်ညာတာမျိုး ပဲဖြစ်ဖြစ်၊ ဆရာကို လိမ်ပြောတာပဲဖြစ်ဖြစ် ဇါတ်လမ်းက သိပ်အစီအစဉ်ကျ သေသပ်လွန်းနေရင် သတိထားတော့လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါမျိုးဆိုရင် ဖြစ်စဉ်ကို ပြောင်းပြန်ပြန်မေးလိုက်ပါလို့ အကြံပြုပါတယ်။ ဥပမာ၊ ဒါဆိုရှင်ကားမပျက်ခင်က ဘာလုပ်နေလဲ ဆိုတာမျိုး။ ဒါဆို လိမ်ပြောသူဟာ ဘာပြောရမှန်းမသိအောင် အကျပ်ရိုက်ပြီး မျက်စေ့မျက်နှာ ပျက်သွားတာမျိုးတွေ့ရင် ဒီလူလိမ်နေပြီဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။
(၅) စကားလုံးတွေရွှန်းရွှန်းဝေအောင် ပြောခြင်း။ လိုတာထက် ပိုပြီး စကားလုံးတွေ ရွန်းရွန်းဝေနေအောင် ပြောပြီဆိုရင် သတိထားတော့လို့ ဆိုပါတယ်။ ဥပမာ၊ ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုလှတဲ့ ကောင်မလေးပဲတွေ့တွေ့ မင့်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး အချစ်ရယ် ဆို သတိသာ ထားပေတော့တဲ့။ အဲ့မိန်းမနဲ့ ကိုယ်နဲ့ ဘယ်လိုမှ မပါတ်သက်ပါဘူး လို့ ပြောလိုက်ရင်ပြီးနေတာကို ဒီလို စကားလုံးတွေ ရွှန်းရွှန်းဝေအောင် ပြောနေလို့ ဒါလိမ်နေတာ မှတ်ပါတဲ့။
(၆) တိကျတဲ့ လူနံမည်တွေ ပြောဖို့ရှောင်လွှဲခြင်း။ လိမ်ညာသူတွေဟာ သူတို့လိမ်တာကို ပြန်ချက်ကင်လိုက်လို့ မလွယ်အောင် အလိမ်ခံရသူတွေ အလွယ်တကူ ချက်ကင်လိုက်နိုင်တဲ့ လူမျိုးတွေကို ရည်ညွန်းပြောဆိုချင်းမျိုးကို ရှောင်ကျဉ်ကြပါတယ်။ ဒီ့အစား မရေမရာလူနံမည်တွေ ကိုရည်ညွန်းပြောဆိုတတ်ကြပါတယ်။
(၇) အရမ်းခင်မင်ဟန်ပြလွန်းခြင်း။ လိမ်ပြောသူတွေဟာ အလွန်ပဲ ခင်မင်ရင်းနှီးဟန်ပြပြီး ကိုယ့်စကားကိုလဲ အလွန်ဖေါ်လိုလိုက် တော်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြောဟန်ရင်းနှီးဟန်ဟာ သေချာကြည့်ရင် ပုံမှန်မဟုတ်တာ သိသာပါတယ်။ ဟန်ဆောင်နေမှန်း သိသာနိုင်တယ်လို့ ဆိုပါတယ်။
အထက်ပါ အချက်တွေဟာ တစ်ချက် နှစ်ချက်နဲ့ လိမ်ညာတယ်လို့ မပြောနိုင်ပေမယ့် အားလုံးခြုံကြည့်ရင် လိမ်ညာတာ ခန့်မှန်းနိုင်ပါတယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။
လူအချင်းချင်း လိမ်ညာခြင်း ကင်းဝေးကြပါစေ။
လူတစ်ယောက် လိမ်တယ် မလိမ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ
February 1, 2018
Other Posts
- အိုင်းစတိုင်းနှင့် သူ၏ အချစ်ဇာတ်လမ်းများ
- Black hole အသေးလေးတွေ လမျက်နှာပြင်ကို ဝင်တိုက်ခဲ့တယ်ဟုဆို
- စကြာဝဠာ တခုလုံးကို ကွန်ပြူတာနဲ့ ပုံစံတူ ဖန်တီးထားတဲ့ Simulation
- နျူထရွန် ကြယ်၏ မျက်နှာပြင်အား ပုံဖော်ခြင်း
- အညစ်အကြေးမှ ဘိလပ်မြေထုတ်သော နည်းပညာ တီထွင်အောင်မြင်
- Google Play Store မှ App ၇၀၀,၀၀၀ ကျော်ကို ယမန်နှစ်က ဖယ်ရှားခဲ့ကြောင်း Google ထုတ်ပြန်
- ရှေးဂရိမြို့ဟောင်းအား တူးဖေါ်စရာ မလိုပဲ အာကာသရောင်ခြည် နည်းပညာဖြင့်ရှာဖွေ
- ဒြပ်ထု (mass) နဲ့ အလေးချိန် (weight) ဘာကွာလဲ
- မိုဘိုင်းဖုန်းက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်
- နေရဲ့သက်တမ်း ကုန်သွားရင် ဘာဖြစ်လာမလဲ
