အိုင်းစတိုင်းနဲ့ သူ့မိတ်ဆွေ ဆွစ်လူမျိုး အင်ဂျင်နီယာ မစ်ရှဲလ် ဘက်ဆို တို့ ပူးတွဲရေးသား ခဲ့တဲ့ စာမျက်နှာ ၅၄ မျက်နှာရှိ သုတေသန စာတမ်း မူကြမ်းကို အမေရိကန် ဒေါ်လာ ၁၃ သန်းနဲ့ စံချိန်တင် ရောင်းချခဲ့ပါတယ်။
ဒီ စာတမ်းကို လေလံတင် ရောင်ချမှုမှာ တာဝန်ယူ ခဲ့တဲ့ ခရစ်စတီး လေလံ ကုမ္ပဏီ ကြီဂ၇ြ့ အဆိုအရ ဒီဈေးဟာ သိပ္ပံ ဆိုင်ရာ လက်ရေး မူတွေ ထဲမှာ ဈေးအမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဝယ်ယူသွားသူ ဘယ်သူ ဆိုတာကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်း မပြုပါဘူး။ ဒါပေမယ့် ဒီ လေလံပွဲဟာ ကမ္ဘာအနှံ့က စုဆောင်းသူ တွေရဲ့ စိတ်ဝင်စားမှုကို အတော်လေး ခံခဲ့ရတာပါ။
ခရစ်စတီး လေလံ ကုမ္ပဏီရဲ့ အဆိုအရ ဒီ မူကြမ်းရဲ့ ၂၆ မျက်နှာကို အိုင်းစတိုင်းကိုယ်တိုင် လက်ရေးနဲ့ ရေးခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ၂၄ မျက်နှာကိုတော့ ဘက်ဆို က ရေးခဲ့တာပါ။ ၃ မျက်နှာ ကတော့ နှစ်ဦး အတူ ရေးခဲ့တယ်လို့ ဆိုပါတယ်။
စာမျက်နှာ အတော်များများမှာ အကြမ်း ရေးမှတ်ထားတာတွေလဲ ပါဝင်ပါတယ်။ တနေရာမှာ ဆိုရင် “stimmt!” လို့ ဂျာမန်လို ရေးထားတာတောင် တွေ့ရပါတယ်။ “stimmt!” ရဲ့ အဓိပွါယ် ကတော့ “မှန်သွားပြီကွ” လို့ အနီးစပ်ဆုံး ပြန်ရမှာ ဖြစ်ပါတယ်။
ဒီ လက်ရေး စာတမ်း မူကြမ်းဟာ အလွန်မှ ရှားပါးတဲ့ မူကြမ်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အိုင်းစတိုင်းဟာ သူရေးခြစ် ထားတဲ့ လက်ရေးမူ တွေကို သိမ်းဆည်းထားလေ့ မရှိပါဘူး။ သူနဲ့ အခြား ပညာရှင်တွေ အကြား ဆက်သွယ်တဲ့ စာအဆက်အသွယ် တွေကိုတောင်မှာ သိမ်းထားတာ မဟုတ်ပါဘူး။
ဘက်ဆို ကတော့ သူနဲ့ အိုင်းစတိုင်း အတူ ပူးတွဲ ရေးခဲ့တဲ့ လက်ရေး မူကြမ်းကို တရိုတသေ သိမ်းဆည်း ထားခဲ့ပါတယ်။ ဒီ မူကြမ်း အပါအဝင်ဆို အိုင်းစတိုင်းရဲ့ ရီလေတီ ဗတီ သီအိုရီ နဲ့ ပါတ်သက်လို့ ရေးခြစ်ထားတဲ့ မူကြမ်း စုစုပေါင်းမှ နှစ်ခုထဲ ရှိပါတယ်။
ဒီ လက်ရေးမူကြမ်းရဲ့ တန်ဖိုးဟာ အိုင်းစတိုင်းရဲ့ လက်ရေးဖြစ်တာတောင်မှ ရောင်းရတဲ့ ဈေးက အတော်လေးကို များတာပါ။
ပြိးခဲ့တဲ့ မေလတုန်းက အိုင်းစတိုင်းရဲ့ သူ့ ပြိုင်ဖက် ရူပဗေဒ ပညာရှင် တစ်ယောက်ဆီ ရေးတဲ့ စာတစ်စောင်ကို လေလံပစ်တော့ ဒေါ်လာ ၁.၂ သန်း ရခဲ့ပါသေးတယ်။
၂၀၁၇ ခုနှစ်ကလဲ အိုင်းစတိုင်းက တိုကျိုမြို့က ဟိုတယ် တစ်ခုက တံခါးစောင့်ဆီ ရေးတဲ့ မှတ်ချက်တိုလေး နှစ်ခုကို လေလံတင်တာ ဒေါ်လာ ၁.၅ သန်းတောင် ရခဲ့ပါတယ် ခင်ဗျာ။
Reference: Rare Einstein manuscript sells for record-smashing $13 million at auction | Live Science
အိုင်းစတိုင်း၏ လက်ရေးစာတမ်း ဒေါ်လာ ၁၃ သန်းနှင့် ရောင်းချ

November 26, 2021
Other Posts
- မိခင်အတွက် Stem Cells လှူတဲ့ သန္ဓေသားငယ်
- နာဆာ အာကာသခရီးစဉ်များ SpaceX နှင့် Northrop Grumman ကိုတာဝန်ပေး
- ကောင်းကင်က ကြယ်တွေအားလုံး မစ်ကီးဝေး ဂလက်ဆီ ထဲကလား
- အမြင်အာရုံလှည့်စားတဲ့ ဓါတ်ပုံရဲ့ လှို့ဝှက်ချက်
- Hubble တယ်လီစကုပ်ကြီး၏ “စိတ်လှုပ်ရှားဖွယ် တွေ့ရှိချက်” ၃၀ ရက်နေ့တွင် တင်ပြမည်ဟု နာဆာကြေငြာ
- ခူကောင်ကို Zombie အဖြစ် ပြောင်းပစ်တဲ့ ဗိုင်းရပ်စ်
- မစ်ကီးဝေး ဂလက်ဆီ ထဲမှာ သက်ရှိတွေ ရှိနေနိုင်တဲ့ ဂြိုလ်ဘယ်လောက်များလဲ
- အင်္ဂါဂြိုလ်ပေါ်မှာ မြစ်ချောင်းတွေရှိခဲ့တဲ့ အထောက်အထား
- စကြာဝဠာ အတွင်း အကြီးဆုံး ဂလက်ဆီကြီး ရှာတွေ့
- အာကာသ အမှိုက်များကြောင့် အာကာသစခန်းယာဉ်မှူးများ ကမ္ဘာပြန်မယ့် ယာဉ်ပေါ် ခိုလှုံနေ ခဲ့ရ