နာဆာရဲ့ လူမဲ့ အာကာသ စူးစမ်း လေ့လာရေး ယာဉ်တစင်းဟာ နေရဲ့ လေထု အစပ်နား အထိ ဝင်ရောက် ဝင်ရောက် ပျံသန်း ခဲ့တယ်လို့ နာဆာ အဖွဲ့ကြီးကနေ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြေငြာခဲ့တာကို သတင်းတွေ ထဲမှာ တွေ့မိကြမယ်လို့ ထင်ပါတယ်။ ဒီ နာဆာရဲ့ ပါကာ ဆိုလာ လေ့လာရေးယာဉ် (Parker Solar Probe) ဟာ နေရဲ့ ပြင်ပ လေထုလွှာ ဖြစ်တဲ့ ‘ကိုရိုနာ (Corona)’ အလွှာထဲကို ဝင်ရောက် သွားခဲ့တာပါ။
ဒီ ဆိုလာလေ့လာရေးယာဉ် ဝင်ရောက်ခဲ့တာက ပြီးခဲ့တဲ့ ဧပြီလ ကတဲက ဖြစ်ပါတယ်။ ဒါပေမယ့် ပညာရှင်တွေ အနေနဲ့ ကောက်ယူခဲ့တဲ့ အချက်အလက်တွေကို သေချာ အသေးစိတ် သုတေသန ပြုနေခဲ့ရတာမို့ အခုမှ ကြေငြာနိုင်တာ ဖြစ်ပါတယ်။ နာဆာ အဖွဲ့ကြီးကတော့ “နေကို တို့ထိနိုင်ခဲ့တယ် (touched the Sun)” လို့ ဂုဏ်ယူဝင့်ကြွားစွာ ကြေငြာခဲ့ပါတယ်။
အခုတဖန် အဲ့သည် နေရဲ့ ပြင်ပ လေထုလွှာထဲကို ဖြတ်ပျံသန်းခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ဗီဒီယို ဖိုင်တွေကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ ဖြတ်ပြန်စဉ်က ဆက်တိုက် ရိုက်ကူးထား ခဲ့တဲ့ ဓါတ်ပုံတွေကို စုစည်းပြီး လှုပ်ရှား ဗီဒီယို ဖြစ်အောင် နာဆာက အင်ဂျင်နီယာ တွေက ပြုလုပ်ထားတာပါ။
ဒီ ဆိုလာလေ့လာရေးယာဉ် နေရဲ့ ကိုရိုနာ လေထုလွှာ ထဲကို ဖြတ်ပျံသွားတဲ့ အခါ ဒီ လေထုလွှာထဲက corona streamers လို့ ခေါ်တဲ့ ကိုရိုနာ ရောင်ခြည် စက်ကွင်းတန်း တွေရဲ့ ကြားကနေ ဖြတ်ပျံသွားတာမို့ ဒီ ရောင်ခြည်တန်း တွေကိုလဲ ဗီဒီယို ထဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ (ဗီဒီယိုရဲ့ အစပိုင်းလောက်မှာ နေကနေ အတန်းလိုက် ထွက်နေတဲ့ ရောင်ခြည်တန်းလို အတန်းတွေက ဒီ ကိုရိုနာ ရောင်ခြည်စက်ကွင်းတန်းတွေ ဖြစ်ကြပါတယ်။
ဒီလို ရောင်ခြည်တန်းတွေ မြင်တွေ့ရတာ ဘာကြောင့်လဲဆို ဆိုလာ လေ့လာရေးယာဉ်က corona streamers တွေရဲ့ အပေါ် နဲ့ အောက်ဖက် တွေကနေ ဖြတ်ပျံခဲ့လို့ ဖြစ်ပါတယ်။
အခု ဗီဒီယို မတိုင်မီက ဒီ ကိုရိုနာ ရောင်ခြည်တန်း တွေကို အဝေးကပဲ မြင်ဖူးခဲ့ ကြတာပါ။ အခုလို အနီးကပ် မြင်ကြရတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
အခု နေကို ‘တို့ထိ ခဲ့တဲ့’ ပါကာ ဆိုလာ လေ့လာရေးယာဉ်ဟာ နောက်ထပ် ၄ နှစ် သက်တမ်း ကျန်နေပါသေးတယ်။ ပညာရှင်တွေကတော့ အခုလိုမျိုး စိတ်လှုပ်ရှားစရာ သတင်း အချက်အလက် တွေကို ကမ္ဘာကို ဆက်ပြီး ပို့ပေးနေ အုံးမယ်လို့ ယုံကြည်ကြပါတယ်။
Reference: The NASA Probe That ‘Touched’ the Sun Just Sent Incredible New Footage
နေကို တို့ထိခဲ့တဲ့ အာကာသယာဉ်မှ ရိုက်ကူးထားသော ဗီဒီယို
December 19, 2021
Other Posts
- အီဂျစ် မရဏကျမ်း ပုရပိုက် အပြည့်အစုံ ရှာဖွေတွေ့ရှိ
- မစ်ကီးဝေးရဲ့ ဗဟိုက ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများ
- ကလုန်းမျောက်များဖြင့် ကင်ဆာရောဂါကို ကုသနိုင်တော့မည်
- မစ်ချလင်တာယာကုမ္ပဏီက လေမဲ့တာယာ ထုတ်ဖော်ပြသ
- ရှေးဂရိမြို့ဟောင်းအား တူးဖေါ်စရာ မလိုပဲ အာကာသရောင်ခြည် နည်းပညာဖြင့်ရှာဖွေ
- Milky Way ခေါ် နဂါးငွေ့တန်း ဂလက်ဆီ
- James Webb ရဲ့ ကြည်လင် ပြတ်သားသော ပုံရိပ် နာဆာထုတ်ပြန်
- James Webb ရဲ့ ပထမဆုံး ဓါတ်ပုံတွေဟာ ဘာတွေ ဖြစ်မလဲ
- ကမ္ဘာအနီးက ဖြတ်သွားမယ့် ဥက္ကာပျံကြီးတွေ
- မြွေထီးတွေမှာ လိင်အင်္ဂါ နှစ်ခုပါတယ်ဆိုတာ သင်သိသလား
