Valentine Day ရယ်လို့ ဖြစ်လာစေတဲ့ Saint Valentine (သူတော်စင်ဗယ်လင်တိုင်း) ရဲ့ မျက်နှာကို ပညာရှင်တွေက 3D နဲ့ပြန်ပုံဖေါ်ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ ဦးခေါင်းခွံရိုးကနေ ပြန်ပြီး 3D ကွန်ပြူတာ ပရိုဂရမ်နဲ့ ပုံဖေါ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၆၉ AD (လွန်ခဲ့တဲ့ ၁၇၄၉ နှစ်အလွန်) က အသတ်ခံခဲ့ရတယ်လို့ ယုံကြည်ကြပါတယ်။ ဒီ 3D ရုပ်ကြွကို ဘရာဇီးက 3D ပညာရှင် စစ်စီရိုမိုရေးစ်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ကြွင်းလို့ ယူဆရတဲ့ အရိုးတွေကို အီတလီနိုင်ငံ မွန်ဆဲလစ်မြို့က စိန့်ဂျော့ချ် ဘုရာကျောင်းမှာ သိမ်းစည်းထားပါတယ်။ ဒီ 3D ဖန်တီးပြုလုပ်မှုကို ရိုမန်ကက်သလစ် ကျောင်းတော်က ခွင့်ပြုခဲ့တာဖြစ်ပြီး ဖန်းတီးမှုကိုလဲ ကျောင်းတော်က တာဝန်ရှိသူတွေက ကြီကြပ်ခဲ့ပါတယ်။ အခုရရှိတဲ့ ရုပ်ပုံအရ စိန့်ဗယ်လင်တိုင်းဟာ အရင်ရုပ်ပုံနဲ့ ပန်းချီတွေမှာ ဖေါ်ပြခဲ့တာထက် အများကြီး အသက်ငယ်နေတာ အောက်က ဗီဒီယိုမှာ တွေ့ရှိရပါတယ်။
စိန့်ဗယ်လင်တိုင်းရဲ့ မျက်နှာကို ပညာရှင်များက 3D ဖြင့်ပြန်ပုံဖေါ်
February 15, 2018
Other Posts
- မြေအောက်ခန်း တူးရာက ပေါ်လာတဲ့ ဧရာမ ရှေးဟောင်း မြေအောက်မြို့တော်ကြီး
- နေကို တို့ထိခဲ့တဲ့ အာကာသယာဉ်မှ ရိုက်ကူးထားသော ဗီဒီယို
- ပိုးစားသောသွားများကို အသစ်ပြန်ပေါက်အောင် လုပ်နိုင်တော့မည်
- အာကာသကို အလည်သွားမယ်
- သုက်ပိုးကို ရေကူးနိုင်အောင်ကူမယ့် နာနိုစက်ရုပ်
- ကမ္ဘာနဲ့ အဖေါ်လိုက်နေတဲ့ ဂြိုဟ်သိမ်တစ်စင်း ရှာတွေ့
- James Webb တယ်လီစကုပ် ကြီးရဲ့ အနက်ရှိုင်းဆုံး အကြိုဓါတ်ပုံ
- နက္ခတ် ပညာရှင် ထိုင်းဘုရင်ကြီး မောင်းကွတ်
- အသားစား အပင်မျိုးသစ်တွေ့ရှိ
- Milky Way ဂလက်ဆီ ထဲက သက်တမ်းအရင့်ဆုံး ဂြိုဟ်
