အသက် ၁၇ နှစ်သာ ရှိသေးတဲ့ အထက်တန်း ကျောင်းသားလေး တစ်ယောက် သူ့ကျောင်းက သိပ္ပံ လက်တွေ့ သင်ခန်းစာ ပရောဂျက် အတွက် တည်ဆောက်ထားတဲ့ ကာလေးဖြစ်ပါတယ်။ ကားတစ်စင်း လုံးကို သစ်သားနဲ့ တည်ဆောက် ထားတာပါ။
ဒီကားကို အချိန် နာရီ ၃၀၀ လောက် အချိန်ယူ တည်ဆောက် ခဲ့ရပြီး စုစုပေါင်း တည်ဆောက်ချိန် ၆ လ ကြာမြင့် ခဲ့ပါတယ်။ ဒီကားရဲ့ စုစုပေါင်း တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာ (မြန်မာငွေ ကျပ် ၆၀,၀၀၀ ကျော်) ဖြစ်ပါတယ်တဲ့။
ဒီ ကားမှာ ပါတဲ့ ပစ္စည်း အားလုံး နီးပါးကို သစ်သားနဲ့ပဲ ပြုလုပ်ထားတာပါ။ ဘီးတွေ၊ ခွေးသွားစိတ်တွေ တင်မက စတီယာတိုင် နဲ့ ဂီယာ တွေကိုလဲ သစ်သားနဲ့ပဲ ပြုလုပ် ထားပါတယ်။ အင်ဂျင်ကတော့ ပစ်စတင် ၈ ခု ပါတဲ့ V8 အင်ဂျင် ပါတဲ့ဗျာ။
အခု သစ်သားကား အလုပ်လုပ် ပုံကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။ ဒီ ဗီဒီယိုမှာ ရှေ့ဂီယာ၊ နောက်ဂီယာ တွေ ပြောင်းတာ အပြင်၊ ဂီယာ အနိမ့်အမြင့် ပြောင်းတာလဲ မြင်ရမှာပါ။ အင်ဂျင်ထဲက ပစ်စတင်တွေ တက်လိုက် ကျလိုက် အလုပ်လုပ်နေ တာကိုလဲ မြင်ကြရမှာ ဖြစ်ပါတယ်။
ဒီ ကားလေး တည်ဆောက်ဖြစ်တာနဲ့ ပါတ်သက်လို့ ပြောပြရာမှာ သူက စက်မှုနဲ့ ပါတ်သက်ရင် စိတ်ဝင်စားတယ်၊ အထူးသဖြင့် စက်ပစ္စည်းတွေ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို သိချင် စူးစမ်းချင်တယ် လို့ ပြောပြပါတယ်။
သူဟာ အရင်က စက်ဘီး တွေကိုလဲ ဖြုတ်လိုက် တပ်လိုက်နဲ့ ကလိတာ၊ ပြုပြင်တာတွေ လုပ်ခဲ့ ဖူးပါတယ်။ ဒီ အတွေ့အကြုံကလဲ အခုကားလေး တည်ဆောက်ရာမှာ အများကြီး အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။
အခု ကားလေး တည်ဆောက်ရာမှာ သူ့ဖခင် ဆီကတော့ အကူအညီ နည်းနည်း ယူခဲ့ရတယ်လို့ ဆိုပါတယ်။ အဓိက ကတော့ သစ်သားတုံး ကြီးကို ထွင်းပြီး အင်ဂျင် တည်ဆောက်ရာမှာ ဖခင်က ဘယ်လို လုပ်ရမယ် ဆိုတာကို ပြပေးပါတယ်။ နောက်ပြီး သစ်သား ဘီးတွေ ဘယ်လို လုပ်ရမလဲဆိုတာလဲ သင်ပေးပါတယ်။
ဒီ အကူအညီ နည်းနည်းက လွဲလို့ ကျန်တာအားလုံးကို ဒီကလေး ကိုယ်တိုင် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဒီ ကား တည်ဆောက်ရာမှာ ဘာက အခက်ခဲဆုံးလဲ ဆိုတဲ့ မေးခွန်းနဲ့ ပါတ်သက်လို့ သူက တယောက်ထဲ အဖေါ်မပါပဲ အလုပ်လုပ်ရတာ အခက်ဆုံးပါပဲလို့ ပြောပါတယ်။
နောက်ပြီး ဒီလို ကားမျိုးအတွက် ဒီဇိုင်းတွေ ကလဲ အင်တာနက် ပေါ်မှာ မရှိတဲ့ အတွက် ကိုယ်ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ ရပါတယ်။
တည်ဆောက်တဲ့ အစိတ်အပိုင်းတွေ ထဲမှာ အခက်ဆုံး အပိုင်းကတော့ ဂီယာဘောက်စ် ပဲလို့ ဆိုပါတယ်။ ဒီ ဂီယာဘောက်စ် ဒီဇိုးင်းကို ရဖို့ ရက်ပေါင်းများစွာ ကြိုးစား ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။ လီဗာ တွေ ကလပ် တွေ ဂီယောက်ဘောက် နဲ့ အတူ သေချာ အလုပ်လုပ် ဖို့ကလဲ ခက်ခက် ခဲခဲ တည်ဆောက်ပြီး ချိန်ယူ ခဲ့ရပါတယ်။ အထူး သဖြင့် လီဗာကို ဟိုက်ဒရောလစ် နဲ့ အလုပ်လုပ်အောင် တည်ဆောက် ထားတာမို့ အတော်လေး ခက်ခက်ခဲခဲ အလုပ်ဖြစ်အောင် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့ကို ဒီ မော်တော်ကား ရောင်းဖို့ ရည်ရွယ်ချက် ရှိလားလို့ မေးတော့ ရောင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
သူက သူတစ်ယောက်ပဲ ဒီကား ဘယ်လို အလုပ်လုပ် လဲ ဆိုတာ အသေးစိတ် သိတာပါတဲ့။ ဒီကားက ပုံမှန် အလုပ်လုပ်ဖို့ဆို အမြဲတမ်း ပြုပြင်ထိန်းသိမ်း နေဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်လို ပြုပြင်ထိန်းသိမ်း ရမှန်း မသိတဲ့ သူတစ်ယောက်ကို မရောင်းချင်ဘူးလို့ ဆိုပါတယ်။
နောက်ပြီး နောင်တချိန် အလုပ်ရှာဖွေ ရာမှာလဲ ဒီကား တည်ဆောက်ခဲ့တဲ့ မှတ်တမ်းက အလုပ်အကိုင် အတွက် အထောက်အကူ ပြုမယ်လို့ သူက ယုံကြည်ကြောင်း ပြောပြပါတယ်။
Reference: High Schooler Builds Fully Functional Wooden Car Model in 300 Hours for Physics Project | Interesting Engineering
အထက်တန်း ကျောင်းသားလေး သစ်သားနဲ့ ဆောက်ထားတဲ့ ကား
February 7, 2022
Other Posts
- ကလုန်းမျောက်များဖြင့် ကင်ဆာရောဂါကို ကုသနိုင်တော့မည်
- နေအဖွဲ့အစည်းအတွင်း သက်ရှိတွေ ရှိနေနိုင်တဲ့ လ ၆ စင်း
- သမိုင်းဝင် ကမ္ဘာ့အကြီးဆုံး ဒုံးပျံ Falcon Heavy ယနေ့လွှတ်တင်မည်
- အမြှီးပါသော ရှေးဟောင်း ပင့်ကူမျိုးစု မြန်မာပြည်တွင် ရှာဖွေတွေ့ရှိ
- James Webb တယ်လီစကုပ်ရဲ့ အလင်းပြန် ကြေးမုံမှန် တစ်ချပ် ထိခိုက်သွားကြောင်း နာဆာထုတ်ပြန်
- အခြားဂြိုဟ်တွေပေါ် လူသားတွေခြေချနိုင်မယ့်အချိန်ကို နာဆာပညာရှင်တွေ ခန့်မှန်း
- မျိုးရိုးဗီဇ အခြေခံ ဒြပ်ပေါင်း ဂြိုဟ်သိမ် တစ်ခုပေါ်တွင် ရှာတွေ့
- Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်
- အင်္ဂါဂြိုလ်ပေါ်မှာ မြစ်ချောင်းတွေရှိခဲ့တဲ့ အထောက်အထား
- အာကာသထဲမှာ အာကာသဝတ်စုံ ပေါက်သွားရင် ဘာဖြစ်လာမလဲ
