တောင်ကိုရီးယား တပ်မတော်အတွက် တောင်ကိုးရီးယား ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မျိုးဆက်သစ် မော်တာတွေ စတင်တပ်ဆင်နေပြီ ဖြစ်ပါတယ်။
အခုလက်နက်တွေဟာ ဒုတိယ မျိုးဆက်သစ် ၈၁မမ (စိန်ပြောင်း) မော်တာတွေ ဖြစ်ပြီး ဟွန်ဒိုင်းကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီ ဒုတိယ မျိုးဆက်သစ် မော်တာတွေကို ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။
အခု ဒုတိယ မျိုးဆက်သစ် မော်တာတွေကို ၂၀၁၄ ခုနှစ်ကတဲက စတင်စမ်းသပ် တီထွင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထဲမှာ စတင်ပြီး ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီမော်တာကို 81 mm Mortar-II လို့ အမည်ပေး ထားပါတယ်။
ဒီမော်တာဟာ ပထမ မျိုးဆက် မော်တာတွေထက် ၂၀% ပိုမိုပေါ့ပါးပါတယ်။ ပစ်ခတ်ဖို့လဲ အဖွဲ့သား ၄ ယောက်ပဲ လိုအပ်ပါတယ်။ (သာမန်မော်တာတွေက ၅ ယောက်လိုပါတယ်။)
ဒီအဆင့်မြင့် မျိုးဆက်သစ် မော်တာ စနစ်ရဲ့ ထူးခြားချက်ကတော့ လေဆာ အကွာအဝေးတိုင်း ကိရိယာနဲ့ GPS တွေနဲ့ ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။
ဒီ လေဆာ အကွာအဝေးတိုင်း မှန်ပြောင်းနဲ့ GPS တွေအကူအညီနဲ့ ပစ်မှတ်ရဲ့ တည်နေရာနဲ့ အကွာအဝေးကို အလွယ်တကူ တိကျစွာ ရှာဖွပေးနိုင်မှာ ဖြစ်သလို လိုအပ်တဲ့ ချိန်တွယ်မှုတွေကိုလဲ မြန်ဆန်တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ ပစ်မှတ်တွေကို ပိုမိုမြန်ဆန်စွာ ပစ်ခတ်နိုင်မှာ ဖြစ်သလို ပိုလဲ တိကျစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
မော်တာရဲ့ ကွန်ပြူတာက ရရှိတဲ့ အချက်အလက်တွေအရ မော်တာပြောင်းကို အလိုအလျောက် ချိန်ရွယ်ပေးပါတယ်။ ဒါ့ကြောင့် ပြစ်မှတ်ကို ရှောတွေ့ချိန်ကနေ အချိန်တို အတွင်းမှာ တိကျတဲ့ ပစ်ခတ်မှုတွေကို လုပ်ဆောင်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် မော်တာမှာ တပ်ဆင်တဲ့ ချိန်တွယ်မှန်ပြောင်း နေရာမှာလဲ လေဆာချိန်ခွက်နဲ့ အစားထိုးထားပါတယ်။ ဒါ့ကြောင့် ကွန်ပြူတာ ပျက်သွားခဲ့ရင်တောင် ပစ်မှတ်ကို လျင်မြန်တိကျစွာ ဆက်လက်ပစ်ခတ် သွားနိုင်မှာ ဖြစ်ပါတယ်။
Reference: Janes Defense Weekly
တောင်ကိုရီးယား တပ်မတော်ရဲ့ ၈၁ မမ မော်တာအသစ်
February 24, 2022
Other Posts
- ကျား ဘာကြောင့် အဝါရောင် ဖြစ်နေတာလဲ
- အမျိုးသားသုံး သန္ဓေတားဆေး စမ်းသပ်အောင်မြင်
- မစ်ကီးဝေး ဂလက်ဆီထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကြယ်ကြီး
- Milky Way ခေါ် နဂါးငွေ့တန်း ဂလက်ဆီ
- အိုလံပစ် မီးရှူးတိုင် ဘာလို့မီးမငြိမ်း ရတာလဲ
- ဒိုင်နိုဆောတွေကို မျိုးတုန်းစေခဲ့တဲ့ ဥက္ကာခဲကြီး ဘယ်ကရောက်လာလဲ
- နေဝင်ချိန် ဘာကြောင့် အလင်းတန်းတွေ မြင်ရတာလဲ
- ကမ္ဘာမြေရဲ့ သက်တမ်းကို ဘယ်လို တိုင်းသလဲ
- ဒုံးပျံတွေ ဘယ်လိုပျံလဲ
- အင်္ဂါဂြိုဟ်ပေါ်က မျက်နှာကြီး
