မိုဘိုင်းဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Vodafone နဲ့ Nokia တို့ဟာ လပေါ်မှာ 4G မိုဘိုင်းအင်တာနက် တပ်ဆင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီ 4G မိုင်ဘိုင်းအင်တာနက်ကို ၂၀၁၉ မှာ လပေါ်မှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။
ဒီမိုဘိုင်း အင်တာနက်စနစ်ကို ၁ ကီလိုဂရမ် (၂.၂ ပေါင်) လေးတဲ့ မိုဘိုင်းဖုန်း ထပ်ဆင့်လွှင့်စက်ကနေ တဆင့် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို Ultra Compact Network လို့ အမည်ပေးထားပြီး လပေါ်မှာ ပထမဆုံး တပ်ဆင်မယ့် မိုဘိုင်းဖုန်း စနစ်လဲ ဖြစ်ပါတယ်။ ဒီစနစ်ကနေပြီးတော့ HD ကွာလတီ ဗီဒီယိုတွေကို လနဲ့ ကမ္ဘာကြားမှာ ထုတ်လွှင့်ပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောင်တချိန် ပုဂ္ဂလိက အာကာသ ခရီးသွားလာရေး ကုမ္ပဏီတွေက လပေါ်ကို ခရီးသည်တွေ ပို့ဆောင်တဲ့ အချိန်မှာ အင်တာနက် ရရှိဖို့ အကြိုစမ်းသပ်မှု အနေနဲ့ လုပ်ဆောင်တာလဲ ဖြစ်ပါတယ်။
ဒီ 4G စနစ်ကိုတော့ ၂၀၁၉ မှာ Space X အာကသယာဉ်ကို သုံးပြီး လွှတ်တင်မှာ ဖြစ်ပါတယ်။ တီထွင်တဲ့ သိပ္ပံပညာရှင်တွေဟာ နောက်ဆုံးပေါ် 5G စနစ်ကို မသုံးပဲ 4G စနစ်ကို ရွေးချယ်အသုံးပြုရတဲ့ အကြောင်းရင်းကတော့ 5G စနစ်ဟာ အခုမှ စမ်းသပ်ဆဲ စနစ်ဖြစ်တဲ့အတွက် အာကသထဲက အခြေအနေတွေကို ခံနိုင်ရည်ရှိမရှိ မသေချာလို့ပဲ့ ဖြစ်ပါတယ်။
Source:
BBC | Moon to get 4G mobile network
Live Science | Moon set to get its own mobile phone network
လကမ္ဘာပေါ်တွင် 4G မိုဘိုင်းအင်တာနက် တပ်ဆင်တော့မည်

February 28, 2018
Other Posts
- ဂျိမ်းစ်ဝက်ဘ် က ရိုက်ကူးပေးပို့လိုက်တဲ့ တစ္ဆေ ဂလက်ဆီ၏ ဓါတ်ပုံ
- နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်များ
- နာဆာရဲ့ UFO ရှာဖွေရေး သုတေသန
- Telegram ကို ပိုမိုလုံခြုံစိတ်ချရအောင် Privacy Setting ပြောင်းဖို့
- ကမ္ဘာလည်တာ ရပ်သွားခဲ့ရင်
- လေယာဉ်တွေ ဘယ်လောက်မြင့်မြင့် ပျံနိုင်သလဲ
- နာဆာက လွှတ်တင်မယ့် နေစွမ်းအားသုံး ဒုံးစက်တပ် အာကာသယာဉ်
- Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ
- နာဆာက Black Hole ၂၂ ခုရဲ့ ဗီဒီယို ထုတ်ပြန်
- မကြာမီ တိုက်မိကြမယ့် ဧရာမ Black Hole စုံတွဲ ရှာတွေ့