လာမယ့် အပတ် ဇူလိုင်လ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ ညဖက်မှာ ပြည့်မယ့် လပြည့်လဟာ ဒီနှစ် ၂၀၂၂ အတွက် ကမ္ဘာကနေ အကြီးဆုံး မြင်ရမယ့် ဆူပါမွန်း (Supermoon) ဖြစ်မယ်လို့ BBC ရဲ့ Sky at Night မဂ္ဂဇင်းမှာ ရေးသား ဖော်ပြ ထားပါတယ်။
ဒီလို ဆူပါမွန်း မျိုးကို ကမ္ဘာနဲ့ လ အနီးကပ်ဆုံး ဖြစ်တဲ့ အချိန်အခါ မျိုးနဲ့ လပြည့်ညနဲ့ ကြုံတဲ့ အခါမျိုးမှာ တွေ့ရ တတ်ပါတယ်။
ဒီလို ကမ္ဘာနဲ့ လ အနီးဆုံး ဖြစ်တဲ့ ဖြစ်စဉ်ကို lunar perigee လို့ ခေါ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာနဲ့ လ အနီးဆုံး ရောက်မယ့် ကာလနဲ့ လပြည့်ည တိုက်ဆိုင်မှုဟာ အခုလာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။
အချိန် အတိအကျ ပြောရရင် ကမ္ဘာနဲ့ လ အနီးဆုံး ဖြစ်မယ့် အချိန်ဟာ မြန်မာ စံတော်ချိန် အားဖြင့် ဇူလိုင် ၁၃ နေ့လယ် ၃:၃၉ အချိန်မှာ ကျရောက်မှာ ဖြစ်ပါတယ်။ (GMT 09:09)
လပြည့်မယ့် အချိန်ကတော့ ဇူလိုင် ၁၄ ရက်နေ့ မနက် ၁:၀၈ အချိန် ဖြစ်ပါတယ်။ (လ အတိအကျ ပြည့်မယ့် အချိန်က မနက် ၁ နာရီ ၈ မိနစ် အချိန်ပါ။ (GMT 18:38, 13 July)
ဒါ့ကြောင့် ဒီ လာမယ့် အပတ် လပြည့်ချိန်ဟာ ကမ္ဘာနဲ့ လ အနီးကပ်ဆုံး ရောက်ပြီးတဲ့ အချိန်ကနေ တွက်ရင် ၉ နာရီ နဲ့ ၂၉ မိနစ်ပဲ ကွာမှာ ဖြစ်ပါတယ်။
ဒီ အချိန် ကွာခြားမှုဟာ ၂၀၂၂ ခုနှစ်အတွက် ကွာခြားချက် အကျဉ်းမြောင်းဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ဒီ လာမယ့် လပြည်ညဟာ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဆူပါမွန်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ဘာလို့ ဆူပါမွန်း ဖြစ်ရတာလဲ။ လရဲ့ ပတ်လမ်းဟာ စက်ဝိုင်းပုံ တိတိကျကျမဟုတ်ပဲ ဘဲဥပုံလို ခပ်ရှည်ရှည်လေး ဖြစ်နေပါတယ်။ ဒါ့ကြောင့် လဟာ အချို့ အချိန်တွေမှာ ကမ္ဘာနဲ့ နည်းနည်း ပိုဝေးသွားပြီး အချို့ အချိန်တွေ မှာတော့ ကမ္ဘာနဲ့ နီးကပ် လာပါတယ်။
အကယ်လို့ ကမ္ဘာ့နဲ့ နီးကပ်တဲ့ အချိန်နဲ့ လပြည့်ညနဲ့ တိုးမယ်ဆိုရင် လကို အခြား အချိန်တွေထွက် ပိုပြီး အရွယ်ကြီးကြီး မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါကိုပဲဆူပါမွန်း လို့ ခေါ်တာ ဖြစ်ပါတယ်။
နက္ခတ် ပညာရှင် တွေကတော့ ဆူပါမွန်း ဆိုတဲ့ အသုံးကို သုံးလေ့ မရှိကြပါဘူး။ နက္ခတ် ပညာရှင်တွေ ဆူပါမွန်းကို ခေါ်တဲ့ အမည်ကတော့ perigee syzygy Moon ဖြစ်ပါတယ်တဲ့။ (အဲ့တာကို ဘယ်လို့ အသံထွက်လဲ လာမမေး ကြပါနဲ့။ ကျွန်တော်လဲ သေချာ မသိပါဘူး။)
Ref: See the next supermoon on 13 July 2022 | BBC Sky at Night
ဇူလိုင် ၁၃ ည မြင်ရမယ့် Supermoon
July 7, 2022
Other Posts
- အင်္ဂါဂြိုလ်ပေါ်မှာ မြစ်ချောင်းတွေရှိခဲ့တဲ့ အထောက်အထား
- ဆေးကြောင်နေတဲ့ ပင့်ကူများ
- နေရောင်ခြည်ရဲ့ အရောင်က ဘာအရောင်လဲ
- အလင်းထက် မြန်အောင် သွားနိုင်မယ့် Tachyons
- DIY ရေသန့် ရေစစ် ကိုယ်တိုင် အလွယ် လုပ်နည်း
- ကမ္ဘာ့ ဗဟိုချက် အေးခဲသွားရင် ဘာဖြစ်လာမလဲ
- အဒြကြယ်ကြီး ပေါက်ကွဲလုပြီလား
- သက်ရှိထင်ရှား ရှိနေသေးတဲ့ ကမ္ဘာ့ရှေးအကျဆုံး သတ္တဝါ ရှာတွေ့
- အလင်း ဖိုတွန်ကို ထက်ခြမ်းခြမ်းနိုင်မယ်
- ကြယ်ကြွေတယ် ဆိုတာဘာလဲ
