ဒီ ဒူဂေါင် နဲ့ မနားတီးစ် ရေဝက်တွေကို တချိန်က ပင်လယ်ထဲ ခရီးသွားတဲ့ သင်္ဘောသား တွေက မြင်ပြီး ရေသူမ လို့ အမြင်မှားခဲ့ ကြတာ ဖြစ်မယ်လို့လဲ အချို့သော ပညာရှင် တွေက ယူဆ ကြပါတယ်။
ဒီ ဒူဂေါင် ရေဝက်တွေဟာ တရုတ်ပင်လယ်ပြင် အတွင်းမှာ နှစ် ရာပေါင်းများစွာ ရှင်သန် ပေါက်ဖွား နေထိုင် ခဲ့ကြပါတယ်။ သူတို့ အဓိက စားသုံးတဲ့ အစားအစာ ကတော့ ပင်လယ် ကြမ်းပြင်မှာ ပေါက်နေတဲ့ ပင်လယ်မြက် (seagrass) တွေကို စားသောက်ပြီး အသက်ရှင် နေထိုင် ကြပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ် ပင်လယ်ပြင် အတွင်းမှာ ဒူဂေါင်ရေဝက် တွေ တွေ့ရှိတယ် ဆိုတဲ့ မှတ်တမ်း မရှိတော့ ပါဘူး။ ဒါ့ကြောင့် နိုင်ငံတကာက ပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ဟာ တရုတ်ပင်လယ် အတွင်း ဒူဂေါင် လူဦးရေ စာရင်း ကောက်ယူမှု သုတေသန ပြုလုပ်ခဲ့ ကြပါတယ်။
ဒီ သုတေသန အဖွဲ့ဟာ တရုတ် ပြည် အနှံ့က ငါးဖမ်း ကျေးရွာတွေကို လိုက်လံပြီး ဒူဂေါင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာ စုံစမ်းခဲ့ ကြတာ ဖြစ်ပါတယ်။
ဒူဂေါင် ရေဝက် တွေ့ရှိမှု မှတ်တမ်းတွေဟာ ၁၉၆၀ ဝန်းကျင်မှာ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒီ့နောက် ၁၉၇၅ နောက်ပိုင်းမှာ ဒူဂေါင် တွေ့ရှိတယ် ဆိုတဲ့ သတင်းပို့ချက်တွေဟာ ကျဆင်း သွားခဲ့ပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာတော့ ဒူဂေါင် တွေ့တယ် ဆိုတဲ့ ခိုင်မာတဲ့ သတင်းပို့ချက် မရရှိတော့ ပါဘူး။
Other Posts
- နာဆာရဲ့အာကာသ ယာဉ်ပေါ်သုံး ဘောပင်
- အာကာသ ထဲမှာ အသံ ကြားရလား
- ပိရမစ် တွေကို ဘယ်သူတွေ တည်ဆောက်ခဲ့ သလဲ
- ဥက္ကာပျံကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းမယ့် DART အာကာသယာဉ်လွှတ်တင်
- လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၂)
- စိတ်ဖြင့် ထိန်းချုပ်ပြီး အောက်ပိုင်းသေသူ လမ်းလျှောက်နိုင်စေသောစက် တီထွင်အောင်မြင်
- မျိုးရိုးဗီဇ အခြေခံ ဒြပ်ပေါင်း ဂြိုဟ်သိမ် တစ်ခုပေါ်တွင် ရှာတွေ့
- ပြင်ပကမ္ဘာက သက်ရှိတွေကို လေထုညစ်ညမ်းမှုမှ ရှာဖွေရန် နာဆာ အဆိုပြု
- ဂြိုဟ်သိမ် တစ်ခုပေါ်တွင် အမိုင်နို အက်ဆစ် ဇီဝဒြပ်ပေါင်းများ ရှာတွေ့
- အင်္ဂါဂြိုဟ် ပေါ်မှာ အော်ဂဲနစ် ဒြပ်ပေါင်း အထောက်အထားသစ် ရှာတွေ့
