သူဟာ စက်ဘီးစီးလာရင်း ရေကန်ဘေး ကားလမ်း တနေရာမှာ ရပ်ထားတဲ့ ပစ်ကပ် ထရပ်ကား တစ်စင်းကို တွေ့မိပါတယ်။ ဒီ ပစ်ကပ် ကားထဲမှာတော့ အသက် ကင်းမဲ့ နေပြီဖြစ်တဲ့ ဘုန်းကြီး လူးဝစ် ကူရီယပ် (Louis Kureayap) ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။
နကန်ဂျူအွန်ဟာ အနီးအနားမှာ အကူအညီ ရလိုရညား ရှာဖွေ ခဲ့ပါတယ်။ ဒီအခါ ဒီ ပစ်ကပ်ကား ရပ်ထားရာ နေရာနဲ့ မနီးမဝေးမှာ နောက်ထပ် အလောင်း တစ်ခုကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ ပြန်ပါတယ်။
ကြောက်ရွှံ့ ထိတ်လန့်သွားတဲ့ နကန်ဂျူအွန် ဟာ သူ့စက်ဘီးကို ထားခဲ့ပြီး ခြေကျင် ထွက်ပေး လာခဲ့ပါတယ်။ လမ်းမှာ ရေကန်ဘေး သေဆုံး နေတဲ့ သိုးတွေ အများအပြား တွေ့ခဲ့ ရပါတယ်။
နောက်ထပ် အကွေ့လေး အရောက်မှာတော့ ရေကန်ဘေး ရပ်ထားတဲ့ ကား အများအပြား ပေါ်မှာ သေဆုံးနေ ကြတဲ့ သူ အမြောက်အများကို တွေ့ရှိ ခဲ့ပါတယ်။
ဒီ သေဆုံးမှုနဲ့ ပါတ်သက်လို့ စုံစမ်း စစ်ဆေးရတဲ့ ရဲအရာ ရှိတွေက ပထမတော့ ဒီ လူသတ်မှု တွေဟာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေ ကြတဲ့ အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် ဖြစ်မယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် ကင်မရွန်း နိုင်ငံကို အကူအညီ ပေးနေတဲ့ အမေရိကန် အစိုးရက ဒီ ကိစ္စဟာ လူသား မဟုတ်တဲ့ အခြား အကြောင်းတရား တခုခုကြောင့် ဖြစ်မယ်လို့ သံသယ ရှိတာမို့ မီးတောင် ပညာရှင် တစ်ဦးဖြစ်တဲ့ ဟာရယ်လ်ဒါ ဆီဂတ်ဆန် (Haraldur Sigurdsson) ကို စုံစမ်း စစ်ဆေးဖို့ စေလွှတ် လိုက်ပါတယ်။
ဆစ်ဂတ်ဆန် ဟာ ဒီ သေဆုံးမှု ဖြစ်စဉ်မှာ လူသတ်မှုလို့ သံသယ ဖြစ်ဖွယ် အချက် တစုံတရာမှ မတွေ့ရှိ ခဲ့ပါဘူး။ ဒါပေမယ့် ထူးဆန်းတာက မီးတောင် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အထောက်အထားလဲ တစုံတရာ မတွေ့ရှိ ခဲ့ပါဘူး။ မီးတောင် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ ဆာလ်ဖာ ခေါ် ကန့်ဓါတ်ကိုလဲ ကန်ရေ ထဲမှာ ရှာမတွေ့ ခဲ့ပါဘူး။ ရေကန်ရဲ့ ရေအပူချိန်ကလဲ မြင့်တက်ခြင်း မရှိသလို ရေကန် ကြမ်းပြင်မှာလဲ ဘာမှ လှုပ်ရှား ပြောင်းလဲမှု မတွေ့ ရပါဘူး။
ဒါပေမယ့် ဒီ စုံစမ်းမှု ကနေ ဘာတွေ့ခဲ့လဲ ဆိုတော့ ဒီ ရေကန်ရဲ့ အောက်ခြေမှာ အလွန် များပြားတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ အမြောက်အများ ပျော်ဝင် နေတာကို တွေ့ရှိ ခဲ့ရပါတယ်။
ဒီ အချက်ကနေ ကောက်ချက် ဆွဲလိုက်တဲ့ အခါမှာ ဒီ လူတွေ သေဆုံးရ မှုဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေကို ရှူမိတာကြောင့် အောက်ဆီဂျင် ငတ်ပြီး သေဆုံး ကုန်တယ် ဆိုတာကို တွေ့ရှိ လာရပါတယ်။
ကင်မရွန်း အာဏာပိုင် တွေကတော့ သေဆုံးမှုရဲ့ အဖြေရလို့ ကြေနပ် သွားကြပါတယ်။ သူတို့က ဒီလို ဖြစ်ရပ်မျိုး နောက်တကြိမ် ထပ်ဖြစ် လိမ့်မယ်လို့ မထင်ကြ ပါဘူး။
ဒါပေမယ့် ကင်မရွန်း အာဏာပိုင် တွေရဲ့ အထင်ဟာ တက်တက်စင်အောင် လွဲခဲ့ပါတယ်။ နောက်ထပ် ၂ နှစ် အကြာ ၁၉၈၆ ခုနှစ်မှာ မိုနိုအန် ရေကန်ကြီးရဲ့ မြောက်ဖက် မိုင် ၆၀ လောက် အကွာမှာ ရှိတဲ့ နီအော့စ် ရေကန် (Lake Nyos) မှာ ပိုမို ပြင်းထန်ပြီး လူအသေအပျောက် ပိုများတဲ့ ပေါက်ကွဲမှုကြီး တစ်ခု ထပ်ဖြစ် ခဲ့ပါတယ်။
Other Posts
- ပြင်မရအောင် ပျက်နေပြီ ဆိုတဲ့ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းကြီး
- အီဂျစ် မရဏကျမ်း ပုရပိုက် အပြည့်အစုံ ရှာဖွေတွေ့ရှိ
- ဂျိမ်းစ်ဝက်ဘ် က ရှာဖွေပေးတဲ့ ရှေးဟောင်း သမုဒ္ဒရာ ဂြိုဟ်
- Black Hole တွေကနေ တောက်ပတဲ့ အလင်းရောင် ဘယ်လို ထွက်လာလဲ
- Black hole တွေ တိုက်မိရာက ထွက်လာတဲ့ ဆွဲငင်အားလှိုင်း အမြောက်အများ ဖမ်းမိ
- နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ
- အလင်း ဘယ်လောက်ဝေးဝေးထိ ရောက်နိုင်လဲ
- အမြှီးပါသော ရှေးဟောင်း ပင့်ကူမျိုးစု မြန်မာပြည်တွင် ရှာဖွေတွေ့ရှိ
- Graphene နဲ့ စမ်းသပ် လမ်းခင်း
- ကြာသပတေးဂြိုဟ်ပေါ် လူသားတွေ ဆင်းနိုင်မလား