လူတိုင်းအတွက် စကြဝဠာ အပိုင်း (၁) မှ စဖတ်ရန် – လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tyson
ရှေ့အပိုင်း (၄) ဖတ်ရန် – လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၄)
စကြာဝဠာရဲ့ သက်တမ်း ပထမ နှစ်သန်း ၁၀၀၀ အတွင်းမှာ စကြာဝဠာဟာ ဆက်လက်ပြီး ပြန့်ကား နေခဲ့ပါတယ်။ ဒီလိုပဲ အပူချိန် ဟာလဲ ဆက်တိုက် ဆိုသလို ကျဆင်း လာခဲ့ပါတယ်။
ဒီကာလမှာ ဒြပ်ပစ္စည်း တွေဟာ အချင်းချင်း ဆွဲငင်အားကြောင့် စုမိပြီး ဂလက်ဆီ တွေ စတင် ဖြစ်ပေါ် လာခဲ့ပါတယ်။ ကနဦး အနေနဲ့ ဂလက်ဆီ ၁၀၀ ဘီလီယံလောက် (သန်း ၁၀၀,၀၀၀ ခန့်) မွေးဖွား ခဲ့ပါတယ်။
ဒီ ဂလက်ဆီ တစ်လုံးစီ တိုင်းမှာ ကနဦး ကြယ် အလုံး ဘီလီယံ ရာချီ ပါဝင် ခဲ့ပါတယ်။ ဒီ ကြယ်တွေရဲ့ ဗဟိုမှာ နျူကလိယ ဖျူးရှင်း (thermonuclear fusion) ခေါ်တဲ့ အဏုမြူ ဓါတ်ပြုမှု ဖြစ်ပေါ် လာခဲ့ပါတယ်
ကျွန်တော်တို့ နေရဲ့ ဒြပ်ထုရဲ့ ၁၀ ဆထက် ပိုကြီးတဲ့ ကြယ်ကြီးတွေရဲ့ ဗဟိုမှာ ဖိအားနဲ့ အပူချိန်ဟာ အလွန်ပဲ ပြင်းထန် ခဲ့ပါတယ်။ ဒီလို ပြင်ထန်တဲ့ အပူချိန်နဲ့ ဖိအားတွေကြောင့် ဒီ ကြယ်ကြီး တွေရဲ့ အတွင်းမှာ ဟိုက်ဒြိုဂျင်ထက် လေးလံတဲ့ ဒြပ်စင်တွေ မွေးဖွား လာခဲ့ ကြပါတယ်။
ဒီ လေးလံတဲ့ ဒြပ်စင် အသစ်တွေဟာ နောင် ဂြိုဟ်တွေ နဲ့ သူတို့ အပေါ်မှာ မှီတင်း နေထိုင် ကြမယ့် သက်ရှိတွေ ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ ဒြပ်စင်တွေပဲ ဖြစ်ကြပါတယ်။
ဒီ အသစ် ဖြစ်ပေါ်လာတဲ့ ဒြပ်စင်တွေဟာ သူတို့ကို မွေးဖွား ပေးခဲ့တဲ့ ကြယ်တွေရဲ့ အတွင်းထဲ မှာပဲ ဆက်ရှိနေမယ် ဆိုရင် ဘာမှ အသုံးကျ ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို မွေးဖွားပေးတဲ့ ဒြပ်ထု ကြီးမားတဲ့ ကြယ်ကြီးတွေဟာ သက်တမ်းအားဖြင့် သိပ်ကြာကြာ ခံလေ့ မရှိကြပါဘူး။ (ကြယ်တွေဟာ ဒြပ်ထု ကြီးလေလေ သက်တမ်း တိုလေလေ ဖြစ်ပါတယ်။)
ဒီ ကြယ်ကြီးတွေ ပေါက်ကွဲ သွားပြီးတဲ့နောက် ဒီ ဒြပ်စင် မျိုးစုံဟာ ဂလက်ဆီ အနှံ့ကို ပျံ့နှံ့ သွားကြပါတယ်။ ဒီ ဒြပ်စင် တွေ ပေါင်းစုပြီး နောက်ထပ် ကြယ် အသစ်တွေ ထပ်မံ မွေးဖွားလို့ လာကြပါတယ်။ ဒီ ကြယ်တွေ ထဲမှာလဲ နောက်ထပ် ဒြပ်စင်တွေ ထပ်မံ မွေးဖွား လာကြ ပြန်ပါတယ်။
ဒီလို ဒြပ်စင် အသစ်တွေ အထပ်ထပ် မွေးဖွား ပေါ်ပေါက် လာခဲ့တာ နှစ် သန်း ၉၀၀၀ လောက် အကြာမှာတော့ စကြာဝဠာရဲ့ မထင်မရှား အရပ် တခုက မထင်မရှား ဂလက်ဆီလေး တစ်ခုရဲ့ မထင်မရှား ဒေသ တနေရာမှာ မထင်မရှား ကြယ်တစင်းဟာ မွေးဖွားလို့ လာခဲ့ပါတယ်။
ဒီ မထင်မရှား ဂလက်ဆီဟာ မစ်ကီးဝေး (Milky Way Galaxy) ဂလက်ဆီ ဖြစ်ပါတယ်။ သူ့ထဲက မထင်မရှား ဒေသကတော့ အိုရိုင်ယွန် (Orion arm) လက်တံ ဖြစ်ပြီး မထင်မရှား ကြယ်ကတော့ ကျွန်တော်တို့ရဲ့ နေ ပဲ ဖြစ်ပါတယ်။
— ဆက်လက်ဖော်ပြပါမည် —
လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၅)

September 9, 2022
Other Posts
- သက်ရှိတွေ ရှိနေနိုင်တဲ့ Hycean ဂြိုလ်
- နေနဲ့ အနီးဆုံးကြယ်
- ဂလက်ဆီ နှစ်လုံး တိုက်မိတဲ့ ဓါတ်ပုံ
- Black hole တွေ သေဆုံးနိုင်သလား
- ဆီစား သက်သာပြီး ကုန်နှစ်ဆ ပိုတင်နိုင်မယ့် ကုန်တင် လေယာဉ်သစ်
- Dark Star ခေါ် အမှောင်ကြယ်များ
- နေကို တယ်လီစကုပ်အဖြစ် အသုံးပြုပြီး အခြားကမ္ဘာက သက်ရှိတွေ ရှာဖွေဖို့ နာဆာ ပညာရှင်များ အဆိုပြု
- ကြီးမားတဲ့ ဧရာမ ဘက်တီးရီးယား ပိုးမျိုးသစ် ရှာဖွေတွေ့ရှိ
- ကမ္ဘာလုံးကြောင်း ဘယ်လို သိနိုင်မလဲ
- ကြာသပတေး ဂြိုဟ်ကို ပတ််နေတဲ့ လ ၁၂ လုံး ထပ်မံရှာဖွေ တွေ့ရှိ