အီဂျစ်ဂူသင်္ချိုင်း တစ်ခုအတွင်း ဂရိ မံမီရုပ်ကြွင်းများ ရှာတွေ့
Berenice ဒေသဟာ အီဂျစ် နိုင်ငံရဲ့ ပင်လယ်နီ အနောက်ဖက် ကမ်းမှာရှိတဲ့ ရှေးဟောင်း ပင်လယ်ဆိပ်ကမ်းမြို့တမြို့ ဖြစ်ပါတယ်။ ဒီမြို့ကို ဘီစီ ၂၈၅ ကနေ ၂၄၆ ခုနှစ်အတွင်း စိုးစံခဲ့တဲ့ ဒုတိယမြောက် တိုလမီ ဘုရင် ဖီလစ်ဒဲလ်ဖတ်စ်(Ptolemy II Philadelphus, 285–246 BC) က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မြို့နာမည်ကို သူ့ရဲ့မိခင် Berenice I of Egypt ကိုဂုဏ်ပြုပြီး အမည်ပေးခဲ့တာပါ။
အီဂျစ်ပြည်ကို ရောမတွေ သိမ်းပိုက်ထားခဲ့တဲ့ အေဒီ ၁-၂ ရာစု နှစ်တွေ အတွင်းက ဒီမြို့ဟာ အရှေ့တိုင်း အာရှတောင်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ। သီရိလင်္ကာ। အာရေးဗီးယား ဒေသတွေနဲ့ အီဂျစ်အထက်ပိုင်း တို့အကြား ဆက်သွယ်ပေးတဲ့ အရေးပါတဲ့ ကုန်သွယ်ရေး ဗဟိုချက်တခု အဖြစ် ရောက်ရှိလာခဲ့ပါတယ်။
ဒီဆိပ်ကမ်းဟာ တိုက်ဆင်တွေ တင်သွင်းရာ အဓိက ဆိပ်ကမ်း ဖြစ်ခဲ့သလို ငြုပ်। ကျောက်မျက်। အဝတ်အထည် တွေနဲ့ ဆင်စွယ်တွေ ရောင်းဝယ်ဖေါက်ကားရာ ကုန်သွယ်ရေး ဗဟိုချက် တခုလဲ ဖြစ်ခဲ့ပါတယ်။
ယခု တူးဖေါ်တွေ့ရှိမှုကို အမေရိကန်နဲ့ ပိုလန်နိုင်ငံက ရှေးဟောင်း သုတေသန ပညာရှင်တွေ ပူးပေါင်း ပါဝင်တဲ့ အဖွဲ့ကနေ ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ရှေးဟောင်း ဘုရားကျောင်းကြီး တခုကို တူးဖော်ရာမှ အမြင့် ၇၁ စင်တီမီတာ(၂၈ လက်မခန့်) အမြင့်ရှိ ရပ်တော်မူရုပ်ပွားတဆူကို တူးဖော် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဆင်းတုတော်ရဲ့ ဦးခေါင်းမှာ ဗုဒ္ဓရဲ့ ရောင်ခြည်တော် ကွန့်မြူးရာ ရောင်ခြည်စက်ဝန်းကိုလဲ ထွင်းထု ထားပါတယ်။
ဒီအဖွဲ့မှာ ပါဝင်တဲ့ ရှေးဟောင်း သုတေသန ပညာရှင် Dr. Marius Goyazda ရဲ့ အဆိုအရ အခုဆင်းတာ ထုလုပ်ထားတဲ့ ကျောက်ဟာ ယခုခေတ် တူရကီ နိုင်ငံ အီစတန်ဘူ မြို့ရဲ့ တောင်ဖက်မှာရှိတဲ့ ဒေသက ကျောက်တွင်းတွေက ထွက်တယဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရှေးအကျဆုံး အီဂျစ်မံမီ ရှာတွေ့
ဒါဟာ ဘာကို ပြနေလဲ ဆိုတော့ အိန္ဒိယက ကုန်သည်နဲ့ သင်္ဘောသား တွေဟာ ဒီဗုဒ္ဓဆင်းတုကို အိန္ဒိယက သယ်ဆောင်လာ ခဲ့တာ မဟုတ်ပဲ ဒီဒေသက ကျောက်ဆစ် ပညာရှင် တွေဆီ အပ်နှံထုလုပ်ခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ့နောက် ဒီဆင်းတာကို Berenice မြို့က ဘုရားကျောင်း တခုမှာ လှူဒါန်း ပူဇော်ခဲ့ ကြဟန် တူပါတယ်။
အခု ဘုရားကျောင်း တူးဖေါ်မှုမှာ ဗုဒ္ဓ ဆင်းတုတော်နဲ့အတူ သက္ကတ ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာတွေလဲ ရှာဖွေတွေ့ရှိ ခဲ့ပါသေးတယ်။ ဒီကျောက်စာကို အေဒီ ၂၄၄-၂၄၉ အတွင်း အုပ်စိုးခဲ့တဲ့ရောမဧကရဇ် ဖိလစ်(Philip the Arab) လက်ထက်မှာ ရေးထွင်းခဲ့တာ ဖြစ်ပါတယ်။
ရှေးဟောင်း သုတေသီတွေဟာ အိန္ဒိယ အလယ်ပိုင်းက နိုင်ငံတခုဖြစ်တဲ့ Satavahana တိုင်းက ဒင်္ဂါးပြား နှစ်ပြားကိုလဲ ရှာဖွေတွေ့ရှိ ခဲ့ပါသေးတယ်။ ဒီဒင်္ဂါးတွေဟာ အေဒီ နှစ်ရာစု ခန့်က ဖြစ်မယ်လို့ ယူဆရပါတယ်။
Ref:
STATUE DEPICTING BUDDHA FOUND IN ANCIENT EGYPTIAN CITY | Heritage Daily
April 29, 2023