ကြောင်တွေဟာ အချိုအရသာကို ခံစားနိုင်ခြင်း မရှိပါဘူး။
ကြောင်တွေဟာ တကယ်တော့ လူတွေလိုပဲ အချို၊ အချဉ်၊ အငန် နဲ့ အခါး အရသာ ခံစားနိုင်တဲ့ အရသာ အာရုံခံ (Taste Buds) တွေ ၄ မျိုးလုံး ရှိကြပါတယ်။
ဒါပေမယ့် လူ့လျှာမှာ အရသာခံ taste buds ၉,၀၀၀ ကျော် ရှိပေမယ့် ကြောင်တွေရဲ့ လျှာပေါ်မှာတော့ အရသာခံ taste buds အရေအတွက် စုစုပေါင်း ၄၇၃ ခုပဲ ပါရှိပါတယ်။
အသားပဲ စားတဲ့ သတ္တဝါတွေမို့ ကြောင်တွေရဲ့ အချို အရသာ အာရုံခံနိုင်မှုက လုံးဝ မရှိသလောက် နီးပါး ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိုအာရုံခံ taste buds အနည်းအကျဉ်း ရှိပေမယ့် အချိုအရသာကို မခံစားနိုင်တာပဲ ဖြစ်ပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး ပြောရရင် ကြောင်တွေရဲ့ လျှာမှာ အရသာခံ taste buds အရေအတွက် နည်းလွန်းတဲ့ အတွက် ကြောင်တွေဟာ အစားအစာရဲ့ အရသာကို သိပ်ပြီး ခံစားနိုင်ခြင်း မရှိပါဘူးတဲ့။
ဒါပေမယ့် ကြောင်တွေမှာ အရမ်းကောင်းမွန်တဲ့ အနံ့ခံ အာရုံကို ပိုင်ဆိုင်ထားကြပါတယ်။
ဒါ့ကြောင့် အစာစားတဲ့ အခါ အရသာ သိပ်မသိပေမယ့် အစာရဲ့ အနံခံပြီး အရသာခံ စားတာ ဖြစ်ပါတယ်လို့ ကြောင်အကြောင်း လေ့လာနေတဲ့ သူတေသီတွေက ပြောပါတယ်။
အချိုအရသာ မခံနိုင်တဲ့ ကြောင်လေးတွေ
July 1, 2021
Other Posts
- အလင်းအလျှင်ထက် မြန်အောင်သွားမယ့် Warp Drive
- ကျားနဲ့ခြင်္သေ့ ဘယ်သူနိုင်မလဲ
- James Webb က ရိုက်ကူးထားသော စကြာဝဠာ၏ အနက်ရှိုင်းဆုံး ရပ်ဝန်းဓါတ်ပုံ နာဆာထုတ်ပြန်မည်
- ဇီဝနည်းနဲ့ လေထဲက လျှပ်စစ်ထုတ်မယ်
- အင်ဆက်ပိုးမွှားရဲ့ ဦးဏှောက် အာရုံကြော ကွန်ယက်မြေပုံ ဖော်ထုတ်ပြသ
- သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
- ကြီးမားတဲ့ ဧရာမ ဘက်တီးရီးယား ပိုးမျိုးသစ် ရှာဖွေတွေ့ရှိ
- စကြာဝဠာရဲ့ မူလအစကို ရှာဖွေပေးမယ့် James Webb တယ်လီစကုပ်ကြီး
- နေအဖွဲ့အစည်းရဲ့ နယ်နိမိတ်ကို ရှာဖွေခြင်း
- အမျိုးသားသုံး သန္ဓေတားဆေး စမ်းသပ်အောင်မြင်
