စိတ်ဖြင့် ထိန်းချုပ်ပြီး အောက်ပိုင်းသေသူ လမ်းလျှောက်နိုင်စေသောစက် တီထွင်အောင်မြင်
         
        
    
        Gert-Jan Oskam ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ခန့်က စက်ဘီး မတော်တဆမှုကြောင့် လည်ပင်းက ကျောရိုး အာရုံကြောမကြီး ထိခိုက် သွားခဲ့ ရပါတယ်။ ဒီ ထိခိုက်ဒါဏ်ရာကြောင့် သူဟာ အောက်ပိုင်းသေ သွားခဲ့ရသလို လက်တွေဟာလဲ ကောင်းကောင်း လှုပ်ရှားနိုင်စွမ်း မရှိတော့ ပါဘူး။ အဲ့သည်အချိန် ကတဲက လက်တွန်းလှည်းနဲ့ သွားလာ ခဲ့ရတဲ့ အော့စ်ကမ် တယောက် အခုအခါ မှာတော့ နည်းပညာ အကူအညီကြောင့် ပြန်လည် လမ်းလျှောက်နိုင်ပြီ ဖြစ်ပါတယ်။သူ့ကို လမ်းလျှောက် စေနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့…
        
June 1, 2023
        
            Read more
        
     
    
        
        ဂျိမ်းစ်ဝက်ဘ် က ရှာဖွေပေးတဲ့ ရှေးဟောင်း သမုဒ္ဒရာ ဂြိုဟ်
         
        
    
        ကမ္ဘာနဲ့ အလင်းနှစ် ၄၀ လောက် ဝေးတဲ့နေရာမှာ ဂြိုဟ်တစ်စင်း ရှိပါတယ်။ GJ 1214b လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ဟာ ထူထပ်တဲ့ တိမ်တွေနဲ့ အမြဲ ဖုံးလွှမ်းနေပါတယ်။ ဒါ့ကြောင့် ဒီ တိမ်တွေရဲ့ အောက်မှာ ဘာရှိမလဲ ဆိုတာ ပညာရှင်တွေ မသိနိုင် ခဲ့ကြပါဘူး။ဒီဂြိုဟ်ဟာ mini-neptune ဂြိုဟ် အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီ မီနီနက်ပ်ကျွန်း (နက်ပ်ကျွန်း အသေးစား) လေးတွေဟာ နက်ပ်ကျွန်းဂြိုဟ် လိုပဲ ထူထပ်တဲ့ ဟိုက်ဒြိုဂျင် နဲ့…
        
May 30, 2023
        
            Read more
        
     
    
        
        နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ
         
        
    
        ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ နှစ်ပေါင်း ၅,၄၀၀ သက်တမ်းရှိ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုကို စပိန် နိုင်ငံ တောင်ပိုင်းက တောင်တွေအကြားမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ သင်္ချိုင်းရဲ့ ထူးခြားချက် ကတော့ သင်္ချိုင်းဂ ဝင်ပေါက်ဟာ နွေရာသီ နွေယဉ်စွန်းချိန် ထွက်ပေါ်လာတဲ့ နေရဲ့ အလင်းတန်းတွေကို ဂူအတွင်းပိုင်းကို ဝင်အောင် တည့်တည့် ဖမ်းယူပေးနိုင်အောင် တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။ယဉ်စွန်းချိန် (Solstice) ဆိုတာက နေရဲ့ အလင်းရောင် ရရှိချိန်၊ တနည်းအားဖြင့် နေ့တာ…
        
May 25, 2023
        
            Read more
        
     
    
        
        သက်ရှိထင်ရှား ရှိနေသေးတဲ့ ကမ္ဘာ့ရှေးအကျဆုံး သတ္တဝါ ရှာတွေ့
         
        
    
        အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင် တွေဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ် သွားခြင်း မရှိပဲ ယခုတိုင် အသက်ရှင်သန် နေသေးတဲ့ ရှေးအကျဆုံး သက်ရှိ သတ္တဝါ မျိုးစိတ်ကို ဖေါ်ထုတ် နိုင်ခဲ့ ကြပါတယ်။သိပ္ပံ ပညာရှင် တွေရဲ့ အဆိုအရ Jelly fish နဲ့ ဆင်ဆင်တူတဲ့ သတ္တဝါဟာ ဒိုင်နိုဆောတွေ ထက်တောင် ပိုပြီး ရှေးကျသေးတယ်လို့ ဆိုပါတယ်။သိပ္ပံ အမည်နဲ့ ctenophore အရပ်အခေါ် comb jelly လို့ အမည်ပေးထားတဲ့ ဒီ…
        
May 23, 2023
        
            Read more
        
     
    
        
        မီးတောင်တွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တစ်ခုရှာတွေ့
         
        
    
        ကမ္ဘာနဲ့ အရွယ်တူလောက် ရှိပြီး ဂြိုဟ်ကြီးတစ်ခုလုံး မီးတောင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်ကြီး တစ်စင်းကို နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားကြပါတယ်။LP-791-18 d လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်မှာ ပူနွေးတဲ့ လေထု ရှိမှာမို့ ရေငွေ့တွေနဲ့ အရည်ပျော် နေတဲ့ ရေတွေ ရှိနေနိုင်တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီဂြိုဟ်ဟာ ကြယ်နီပု (red dwarf) လေး တစ်လုံးကို ပတ်နေတာ ဖြစ်ပါတယ်။ ဒီ ကြယ်နီပု လေးဟာ ကမ္ဘာကဆို အလင်းနှစ်…
        
May 22, 2023
        
            Read more
        
     
    
        
        သိပ္ပံ ပညာရှင်တွေ အဖြေရှာမရတဲ့ ကမ္ဘာ့လေထုထဲက ထူးဆန်းတဲ့ အသံများ
         
        
    
        ကမ္ဘာ့လေထု အထက်လွှာ ဖြစ်တဲ့ စထရာတိုစဖီးယား (stratosphere) အလွှာထဲကို လွှတ်တင်ထားတဲ့ နေစွမ်းအင်သုံး သုတေသန မိုးပျံပူပေါင်း တွေကနေပြီး ထူးဆန်းတဲ့ အသံတွေကို ဖမ်းယူ ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသံတွေဟာ ဘယ်က ထွက်လာပြီး ဘာ့ကြောင့် ထွက်ပေါ်လာရသလဲ ဆိုတာကိုတော့ ယခုအထိ ပညာရှင်တွေ ရှာဖွေနိုင်စွမ်း မရှိကြ သေးပါဘူး။ဒီ အသံတွေကို ကမ္ဘာမြေပြင် အထက် အမြင့်ပေ ၇၀,၀၀၀ ခန့်မှာ လွှတ်တင်ထားတဲ့ သုတေသန မိုးပျံပူပေါင်း တွေမှာ တပ်ဆင်ထားတဲ့ အထူး…
        
May 17, 2023
        
            Read more
        
     
    
        
        အင်္ဂါဂြိုဟ် ပေါ်က စာအုပ် ကျောက်ဖြစ်ရုပ်ကြွင်းလား
         
        
    
        နာဆာ ရဲ့ Curiosity rover လေ့လာရေး သုတေသန ယာဉ်က ရိုက်ကူး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေ ထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတဲ့ စာအုပ် တစ်အုပ်နဲ့ တူတဲ့ ဓါတ်ပုံ တပုံကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ ဒီပုံမှာ တွေ့ရတဲ့ မားစ် ကျောက်တုံးလေး တစ်တုံးရဲ့ ပုံဟာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတဲ့ စာအုပ် တစ်အုပ်နဲ့ ချွတ်ဆွတ် တူနေပါတယ်။ ဒီပုံကို Curiosity Rover က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ရိုက်ယူပေးပို့…
        
May 16, 2023
        
            Read more
        
     
    
        
        အကယ်လို့သာ ကမ္ဘာလည်နှုန်း ပိုမြန်လာရင် ဘာတွေဖြစ်လာ နိုင်သလဲ
         
        
    
        ခရီးသည်တင် လေယာဉ် တစ်စင်းဟာ တစ်နာရီကို ၅၅၀ မိုင်ခန့်နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး လေယာဉ်တွေထဲက တစ်စင်းဖြစ်တဲ့ လော့ခ်ဟိမာတင်ရဲ့ Lockheed SR-71 Blackbird သူလျှိုလေယာဉ်ဟာ တစ်နာရီ ၂၁၀၀ မိုင်နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။ ဒါဆို ကမ္ဘာကရော။အီကွေတာ အရပ်မှာ နေတဲ့ သူတစ်ယောက်ရဲ့ အမြန်နှုန်းဟာ တကယ်တော့ တစ်နာရီ မိုင် ၁,၀၀၀ ခန့် ရှိပါတယ်။ ပြီခဲ့တဲ့နှစ်ဆန်းမှာ သိပ္ပံ ပညာရှင် တွေဟာ ကမ္ဘာရဲ့ လည်ပတ်နှုန်း အနည်းငယ်…
        
May 15, 2023
        
            Read more
        
     
    
        
        အင်္ဂါဂြိုဟ် ပေါ်တွင် ဧရာမ ရှေးဟောင်းမြစ်ကြီး ရှာတွေ့
         
        
    
        မားစ် (Mars) ခေါ် အင်္ဂါဂြိုဟ် ဟာ ရှေးတချိန်က ပူနွေးပြီး မြစ်ချောင်း အင်းအိုင် တွေနဲ့ ပြည့်နေတဲ့ ဂြိုဟ်တစ်စင်း ဖြစ်ခဲ့မယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒီလို ယုံကြည်ဖို့လဲ ခိုင်မာတဲ့ အထောက်အထား အများအပြား ရှာဖွေ တွေ့ရှိ ထားပါတယ်။နာဆာရဲ့ Perseverance Rover အင်္ဂါဂြိုဟ် လေ့လာရေး သုတေသန ယာဉ်ကနေ အခု နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေမှာ ယခင် တချိန်က ရေတွေ တသွင်သွင် စီးဆင်းနေ…
        
May 15, 2023
        
            Read more
        
     
    
        
        ဆိုက်ကလုန် မုန်တိုင်းတွေ ဘယ်လို ဖြစ်လာသလဲ
         
        
    
        မြန်မာနိုင်ငံကို ဝင်ရောက်လာတတ်ကြတဲ့ ဆိုက်ကလုန်း မုန်တိုင်းတွေဟာ အပူပိုင်း ဆိုက်ကလုန်း မုန်တိုင်း (Tropical cyclones) တွေ ဖြစ်ကြပါတယ်။ ဒီ အပူပိုင်း ဆိုက်ကလုန်း မုန်တိုင်းတွေဟာ ပူနွေးတဲ့ ပင်လယ် သမုဒ္ဒရာ ရေပြင် အထက်မှာ ဖြစ်ပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းတွေ ဖြစ်ကြပါတယ်။ဒီ အပူပိုင်း မုန်တိုင်းတွေဟာ ပင်လယ် ရေမျက်နှာပြင်ရဲ့ အပူချိန် ၂၆.၅ ဒီဂရီ စင်တီဂရိတ် ကျော်လွန်တဲ့ အခြေအနေတွေမှာ အများအားဖြင့် ဖြစ်ပေါ်လေ့ ရှိကြပါတယ်။ အပူပိုင်း မုန်တိုင်းတွေရဲ့ သက်တမ်းဟာ…
        
May 13, 2023
        
            Read more
        
     
    
        
        နေနှစ်စင်း ထွက်တဲ့ ဂြိုဟ်တွေပေါ်မှာလဲ သက်ရှိတွေ ရှိနိုင်တယ်
         
        
    
        Star Wars ထဲက Luke Skywalker ရဲ့ မူရင်းနေရပ် ဂြိုဟ်ကို မှတ်မိကြ မှာပါ။ တက်တူးအင်း လို့ အမည်ရတဲ့ ဒီဂြိုဟ်ဟာ နေနှစ်စင်း ထွက်တဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာသာ ရှိမယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ နေနှစ်စင်း ထွက်တဲ့၊ တနည်းအားဖြင့် ကြယ်နှစ်စင်း ပူးနေတဲ့ ကြယ်အဖွဲ့အစည်း အရေအတွက်ဟာ စကြာဝဠာ ထဲမှာ အရေအတွက် အများအပြား ရှိနေပါတယ်။စကြာဝဠာ ထဲမှာ ရှိတဲ့ ကြယ်နှစ်လုံးပူး အရေအတွက်ဟာ မနည်းပါဘူး။ ဒီ…
        
May 12, 2023
        
            Read more
        
     
    
        
        ကွမ်တမ်မိတ်ဆက် – ကွာဇီအမှုန်ဆိုတာ ဘာလဲ
         
        
    
        Quasi အမှုန်တွေဟာ ကွမ်တမ်မက္ကင်းနစ်လောကရဲ့ ထူးဆန်းအံ့ဖွယ် အရာတခု ဖြစ်ပါတယ်။ ဒီ အမှုန်တွေဟာ အီလက်ထရွန် သို့မဟုတ် ပရိုတွန်ကဲ့သို့သော တကယ့်အမှုန်တွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကွာဇီအမှုန် တွေဟာ ဒီ အီလက်ထရွန်၊ ပရိုတွန် တွေလို အမှုန်တွေကဲ့သို့ ပြုမူကြပါတယ်။ပထမဆုံး quasiparticles တွေဟာ ဘာလဲ မပြောခင် အမှုန်ဆိုတာ ဘာလဲ ဆိုတာကို ဦးစွာ နားလည် ရန် လိုအပ်ပါတယ်။ အရင်ဆုံး အမှုန် ဆိုတာကို ကြည့်လိုက်ရအောင်။ အမှုန်တွေမှာ  တိကျစွာသတ်မှတ်ထားတဲ့ အနေအထား (position)…
        
May 12, 2023
        
            Read more