Category: Learning and Education

  • ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

    ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

    ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ […]

  • Tips for Reading together with kids

    Tips for Reading together with kids

    ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ ကလေးက […]

  • ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု […]

  • ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

    ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

    ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ – ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ – ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ […]