Tag: child development

  • ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

    ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

    အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။ ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် […]

  • ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

    ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

    ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ […]

  • ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

    ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

    သင့်ကလေးရဲ့ အတွေ့အကြုံတွေ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေဟာ သူ့ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ သင့်ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှုကို အားကောင်းအောင် အောက်ပါနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ သင့်ကလေး ငယ်စဉ်က ကစားခဲ့တဲ့ အကြိုက်ဆုံး အရုပ်ကလေးတွေ၊ မိသားစုနဲ့ အတူထွက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အမှတ်တရ အဖြစ်အပျက်တွေ အားလုံးကို ကလေးကြီးလာသည်အထိ အကုန်လုံးတော့ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ဒီအမှတ်ရစရာ အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လို့ပါ။ ဒီလို အမှတ်တရ အဖြစ်အပျက် တွေကနေ တဆင့် ကလေးတွေဟာ သူတို့ရဲ့ ပါတ်ဝန်းကျင် […]

  • ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ

    ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ

    ကလေးတစ်ယောက် သူ့ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူ့ကို ထိန်းကျောင်းတဲ့ မိခင် (သို့) ကလေးထိန်းရဲ့ လက်ပါ်မှာ အစပြုပြီး တဖြည်းဖြည်း ဖွံ့ဖြိုး လာတာပါ။ သူတို့လေးတွေ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူတို့ရဲ့ အရှေ့မှာ ဘာတွေမြင်ရ တွေ့ရလဲ ဆိုတာက အများကြီး လွမ်းမိုးနေပါတယ်။ သူတို့တွေ မိခင်ရဲ့ ဝမ်းထဲမှာ ရှိနေချိန်ကစလို့ ဆယ်ကျော်သက် အရွယ် ဝင်သည့်အချိန်အထိ သူတို့ဟာ ရေမြှုပ်လိုပါပဲ။ သူတို့ပါတ်ဝန်းကျင်က မြင်သမျှ၊ ကြားသမျှကို စုပ်ယူပြီး ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့ အမြင်ကို ပုံဖော်ကြတာပါ။ ဒီအချက်ဟာ အခြေအနေပေါ်မူတည်ပြီး ကောင်းကျိုးရော၊ ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကို အကြိုးရှိစွာ အသုံးချ တတ်မယ် […]

  • ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

    ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

    “အန်တီနု သားလေးက တော်လိုက်တာ” “သူများသားသမီးတွေ တော်လိုက်ကြတာ၊ ငါ့သမီးကျတော့ …” “သမီးသူငယ်ချင်း မွန်မွန်က ဆုရပြီး ဘာလို့ သမီးက မရရတာလဲ” “ဘာလို့ ငါ့သားက အောင်အောင့်လို မတော်ရတာလဲ” သင်ဟာ ကလေးမိဘ တစ်ယောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ကလေးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုး ပြုလုပ်ဖူးပါသလား။ ကလေးမိဘတိုင်းလိုလို အနည်းနဲ့ အများတော့ ဒီလိုမျိုး ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်ဖူးကြမှာပါ။ အနည်းဆုံးတော့ စိတ်ထဲက နှိုင်းယှဉ်မိတာမျိုးတော့ ဖြစ်ဖူးမှာပါ။ ဒါပေမယ့် ဒီလို ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ အဓိက ကတော့ ကိုယ့်သားသမီးကို သူများသားသမီးတွေလို တော်စေချင်၊ တတ်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုး ဖြစ်တတ်ပါတယ်။​ […]

  • ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

    ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

    ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ် ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ […]

  • ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

    ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် […]

  • ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ

    ၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ စတင်းဖို့ တက္ကသိုလ်က စိတ်ပညာပါမေက္ခ ဝေါ်လ်တာမစ်ချဲ (Walter Mischel) ဟာ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီစမ်းသပ်မှုကို ဘယ်သူမှ အရေးတယူ မရှိကြပါဘူး။ ဒါပေမယ့် နောက်နှစ် ၄၀ လောက်အကြာမှာတော့ ဒီစမ်းသပ်မှုရဲ့ ရလာဒ်တွေဟာ ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်လို့သွားပါတော့တယ်။ Marshmallow Experiment ဆိုတာဘာလဲ ဒီစမ်းသပ်မှုက တကယ့်ကို ရိုးရိုးလေးပါ။ အခန်းတစ်ခန်းထဲမှာ စားပွဲတစ်လုံးနဲ့ ကုလားထိုင် တစ်လုံးရှိတယ်။ စားပွဲပေါ်မှာ ပန်းကန်တစ်ချပ်နဲ့ marshmallow တစ်ခုထည့်ထားတယ်။ Marshmallow ဆိုတာ အနောက်တိုင်းက ကလေးတိုင်းကြိုက်တဲ့ အချိုမုန့် တစ်မျိုးပါ။ (အောက်ကပုံမှာ ကြည့်ပါ)။ စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးကို သုတေသန […]

  • သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

    မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ် ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ […]

  • လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

    ကလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင် သူတို့တွေဟာ လူတဖက်သားရဲ့ အရိပ်သုံးပါးကို နားလည်တဲ့ ကလေးတွေ ဖြစ်ဖို့လိုပါတယ်။ တဖက်သားက ကိုယ်ပြောတဲ့ စကားကို စိတ်ဝင်စားမှု ရှိတယ် မရှိဘူး၊ တဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်၊ ကိုယ်ပြောတာကို သူလက်ခံတယ် အစရှိတာတွေကို သိဖို့ဆိုတာ တဖက်သူရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာ စကားပြောတဲ့ လေယူလေသိမ်း အစရှိတာတွေကနေ အတွေ့အကြုံအရ မှန်းဆယူရတာ တွေပါ။ ကလေးတွေကို လူကြီးမိဘတွေက ဒီအတွေ့အကြုံတွေကို သင်ကြားပို့ချ ပေးမယ်ဆိုရင် သူတို့တွေဟာ အရွယ်နဲ့ မလိုက်အောင် လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ လူအချင်းချင်း ဆက်ဆံရေးမှာ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို ခွဲခြားသိခြင်းဟာ ဆက်ဆံရေး […]