Tag: tantrum

  • ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ

    ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ

    မှတ်ချက်။ အင်္ဂလိပ်စကားလုံး Temper Tantrum ကိုဒီဆောင်းပါးမှာ “ဝုန်းဒိုင်းကြဲ” တယ်လို့ ဘာသာပြန်ထားတာပါ။ အကယ်လို့ ဒီ့ထက်ကောင်းတဲ့ စကားလုံး ရှိမယ်ဆိုရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။ ဘာ့ကြောင့်ကလေးတွေ ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာလဲ ဝုန်းဒိုင်းကြဲ ပေါက်ကွဲတယ်ဆိုတာ လေဆင်နှာမောင်း တိုက်သလိုပါပဲ။ အခုနကအကောင်း၊ ခနနေတော့ ထပြီး ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲတော့ တာပါပဲ။ အခုနလေးတင်ပင် သင်နဲ့ သင့်ကလေးနဲ့ စားသောက်ဆိုင်မှာ ထိုင်စားနေတာ၊ အကောင်းကြီး။ ခဏနေတော့ သူ့သောက်ရခွက်က စုပ်တံလေး ကောက်သွားလို့ဆိုပြီး ထဝုန်းဒိုင်းကြဲတော့ တာပါပဲ။ ဒါမျိုးကြုံဖူးကြတယ် မဟုတ်လား။ အထူးသဖြင့် ကလေးအသက် ၁ နှစ်နဲ့ ၃ နှစ်ကြားတွေဟာ ပိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲတတ်ကြပါတယ်။ ဒါမျိုးတွေ မကြာခန ကြုံရရင် ငါ့ကလေးတော့ ကြီးလာရင် […]

  • သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ

    သင့်ကလေး တီဗွီကြည့်နေတုန်း ထမင်းစားဖို့ ခေါ်ရင် မလာပဲ ပေကပ်နေသလား။ ကျောင်းပို့တဲ့ အခါ မသွားပဲ ငိုယိုနေ သလား။ အရုပ်မဝယ်ပေးလို့ ဆိုပြီး လူကြားသူကြားထဲမှာ အောက်ဟစ်ငိုယို နေသလား။ ဒီလိုအခါမျိုးဟာ ကလေးတိုင်းလိုလို အနဲနဲ့ အများ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုး မကြာခဏ ပုံမှန်ဆိုသလို ဖြစ်နေတဲ့ အခါမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ “ကလေးတွေဟာ ပစ္စုပ္ပန်ကာလမှာပဲ အာရုံရှိကြတာပါ။ အတိတ်နဲ့ အနာဂါတ်ဆိုတာ သူတို့အာရုံမှာ မရှိပါဘူး။ သူတို့ ဘယ်အချိန်ထမင်းစားရမယ်၊ ဘယ်အချိန် ညအိပ်ယာဝင်ရမယ် လို့ ကြိုတင်တွေးတောတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ သူတို့ လက်ရှိ အာရုံဝင်စားနေတဲ့ အရာ တစ်ခုခုကနေ နောက်တစ်ခုကို ပြောင်းဖို့ကြိုးစားရင် သူတို့တွေ မကြိုက်ပဲ အတိုက်အခံ […]