mmpopsci.com

ကျောင်းနောက်ကျလို့ ဒေါက်တာဘွဲ့ ရသွားသူ


တခါတလေ တကယ့် အဖြစ်အပျက် တွေဟာ ပုံပြင်တွေ ဝတ္ထုတွေထက် ပိုပြီး ဆန်းကျယ်ပါတယ်။ဒီအထဲမှာ ကျောင်းနောက်ကျ မိတဲ့အတွက် PhD ဒေါက်တာဘွဲ့ ရသွားတဲ့ သင်္ချာ ပညာရှင်ကြီး တစ်ယောက်ရဲ့ အကြောင်းက နောင်တချိန် အမေရီးကားက ကျောင်းတွေမှာ ဒဏ္ဍာရီ တစ်ပုဒ်   ဖြစ်လာတဲ့ အထိ ဆန်းကြယ်လှပါတယ်။ဂျော့ဘားနတ် ဒန်းဇစ် (George Bernard Dantzig) ဆိုတဲ့ နာမည်ကို သင်္ချာနယ်ပယ် ပြင်ပက လူတွေ ကြားဖူးကြမှာ မဟုတ်ပါဘူး။သင်္ချာ ပညာရှင် လောကမှာတော့ သူဟာ…

December 30, 2021

Read more

အိုင်းစတိုင်း ဟောကိန်းထုတ်ခဲ့တဲ့ ဆွဲငင်အားလှိုင်း (Gravitational Wave) ဆိုတာဘာလဲ


ဆွဲငင်အားလှိုင်း (Gravitational Wave) ဆိုတာ ဟင်းလင်းပြင်ထဲမှာ ဖြစ်ပေါ်လာတဲ့ လှိုင်းတွေ ဖြစ်ပါတယ်။ ဒီ လှိုင်းတွေကို မမြင်နိုင်ပါဘူး။ ဒီ ဆွဲငင်အား လှိုင်းတွေဟာ အလင်းရဲ့ အလျှင်နှုန်းနဲ့ ပြန့်နှံ့ နိုင်ပြီး သူတို့ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းပေါ်က အာကာသ ဟင်းလင်းပြင်ကြီးကို ကျုံ့လိုက် ကားလိုက် ဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်က အိုင်းစတိုင်းက ရူပဗေဒ နယ်ပယ်က နယူတန်ရဲ့ ဆွဲအား နိယာမကို တော်လှန်ပစ် ခဲ့တဲ့ နှိုင်းရ နိယာမ…

December 29, 2021

Read more

ဘာကြောင့် လရဲ့ မျက်နှာတစ်ဖက်ထဲ အမြဲမြင်နေ ရတာလဲ


လရဲ့ မျက်နှာကို လူတိုင်း တွေ့ဖူး မြင်ဖူး ကြပါတယ်။ မြန်မာတွေကတော့ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို ဆိုပြီး ပြောကြပါတယ်။ လကလဲ ကမ္ဘာလို အလုံးကြီးပါပဲ။ ဒါဆို မေးစရာ ရှိလာတာက ဘာလို့ လက ဘောလုံးလို အလုံးကြီး ဆိုရင် လရဲ့ မျက်နှာ တစ်ခြမ်းကိုပဲ အမြဲ မြင်နေရပြီး နောက်တခြမ်းကို ဘယ်တော့မှ မမြင်ရတာလဲ ဆိုတာပါပဲ။ (စာဖတ်သူတွေ ထဲမှာရော ဒီမေးခွန်း မေးဖူးတဲ့သူ ဘယ်နှစ်ယောက် ရှိလဲဗျ။)တချို့ကလဲ စက…

December 29, 2021

Read more

Big Bang မတိုင်မီက ဘာဖြစ်ခဲ့ သလဲ


ကျွန်တော်တို့ လက်ရှိ စကြာဝဠာ ကြီးရဲ့ အစဟာ Big Bang ခေါ် မဟာပေါက်ကွဲမှုကြီး ဖြစ်တယ်လို့ သိပ္ပံ ပညာရှင် တွေက ယူဆကြပါတယ်။ ဒီ မဟာပေါက်ကွဲမှု ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ နှစ်သန်း ၁၃,၈၀၀ ခန့်က ဖြစ်ခဲ့တာလို့ ယူဆကြပါတယ်။ ဒီ ဖြစ်စဉ် နဲ့အတူ အခု မြင်တွေ့ လေ့လာ နေရတဲ့ စကြာဝဠာကြီး ဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ဒါဆို မေးစရာ တစ်ခု ရှိလာပါတယ်။ ဒီ မဟာ ပေါက်ကွဲမှု ဘစ်ဘန်…

December 27, 2021

Read more

စကြာဝဠာရဲ့ မူလအစကို ရှာဖွေပေးမယ့် James Webb တယ်လီစကုပ်ကြီး


နာဆာ အာကာသ အေဂျင်စီက တည်ဆောက်တဲ့ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ James Webb အာကာသ တယ်လီစကုပ်ကြီးကို ဒီကနေ့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပါတယ်။ ဒါဟာ လွှတ်တင်ခဲ့ ဖူးသမျှ အာကာသ တယ်လီစကုပ် တွေထဲမှာ အကြီးဆုံး တယ်လီစကုပ်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ်ကြီးနဲ့ စကြာဝဠာရဲ့ အစပိုင်းက ဖြစ်ထွန်းခဲ့တဲ့ ဂလက်ဆီ တွေကိုတောင် တွေ့မြင် လေ့လာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ဒီ James Webb အာကာသ…

December 26, 2021

Read more

အိုင်းစတိုင်းနှင့် သူ၏ အချစ်ဇာတ်လမ်းများ


အဲလ်ဘတ် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်။ သူဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး သိပ္ပံ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။ အခြား သိပ္ပံ ပညာရှင်တွေကိုသာ မသိရင် နေမယ်။ သူ့နာမည် ကိုတော့ မကြားဖူး တဲ့သူ မသိသလောက် နာမည် ကျော်ကြား သူ ဖြစ်ပါတယ်။ နောက်ပြီး သူ့ရဲ့ နှိုင်းရ သီအိုရီနဲ့ ဒီ သီအိုရီကြောင့် ဖြစ်လာတဲ့ E = mc^2 အီကွေးရှင်း ကလဲ…

December 24, 2021

Read more

မစ်ကီးဝေးထဲ ပုန်းနေတဲ့ Wormhole ကို ဘယ်လိုရှာမလဲ


အကယ်လို့ ကျွန်တော်တို့ နေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီကြီးရဲ့ တစ်နေရာမှာသာ Wormhole တစ်ခု ရှိနေမယ် ဆိုရင် အဲ့သည် wormhole ကို ဘယ်လို ရှာတွေ့နိုင်မလဲ။ လက်ရှိ တင်ပြထားတဲ့ သုတေသန စာတမ်း တစ်စောင် အရတော့ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုမှာ ရှိတဲ့ မဟာ တွင်းနက်ကြီး (Supermassive Black Hole) ကို နီးကပ်စွာ ပတ်နေတဲ့ ကြယ်တစင်းရဲ့ လှုပ်ရှားပုံတွေကို အနီးကပ် သေခြာ စောင့်ကြည့် လေ့လာခြင်းအားဖြင့်…

December 23, 2021

Read more

အင်္ဂါစုံ ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်း ရှာတွေ့


ဒိုင်နိုဆော သားလောင်းလေးရဲ့ အင်္ဂါတွေ အစုံအလင် ပြည့်စုံဲတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသီ တွေက သုတေသန စာတမ်း တစ်စောင်မှာ တင်ပြ ထားပါတယ်။အခု ရှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်း ၆၆ သန်းနဲ့ ၇၂ သန်းကြားက ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီ ဒိုင်နိုဆော ဥ ရဲ့ အတွင်းက အကောင်းပကတိ ရှိတဲ့ သန္ဓေသား ကျောက်ဖြစ်ရုပ်ကြွင်းဟာ ရှေးခေတ် ဒိုင်နိုဆော တွေနဲ့…

December 22, 2021

Read more

အထီးတခြမ်း အမတခြမ်း သတ္တဝါများ


သက်ရှိ သတ္တဝါ တွေမှာ ကျားနဲ့ မ၊ အဖို အမ၊ အထီး အမ ဆိုပြီး ကွဲပြားကြပါတယ်။ ဒီလို ကွဲပြားသလိုပဲ ပြင်ပ သွင်ပြင် လက္ခဏာ တွေလဲ ကွဲပြားကြပါတယ်။ လူတယောက်ကို ပြင်ပက ကြည့်ရင် အထီးအမ သိနိုင် သလို တိရိစ္ဆာန် တွေရဲ့ ပြင်ပ လက္ခဏာ တွေဟာလဲ အထီး အမ ကွဲပြားကြပါတယ်။ ခွေး၊ ကြောင် တို့လို နို့တိုက် သတ္တဝါ တွေတင်မက ငှက်တွေ၊ ငါးတွေ၊…

December 22, 2021

Read more

လေယာဉ်အင်ဂျင်သံကို ၈၀% ထိလျှော့ချပေးမယ့် ဂရပ်ဖင်း အသံလုံပစ္စည်း


ဂျက်လေယာဉ် တွေရဲ့ အင်ဂျင်သံဟာ နားမခံ သာအောင် ဆူညံတာ အားလုံးအသိ ဖြစ်ပါတယ်။ ကောင်းကင်က ဂျက်လေယာဉ် တစင်း ပျံသွားရင် သူ့အင်ဂျင်သံကို အဝေးကြီးကနေ ကျယ်လောင်စွာ ကြားကြရတာပါ။ ဒီ အင်ဂျင်သံကြောင့် ခရီးသည်တွေ အတွက် သက်တောင့်သက်သာ သိပ်မရှိ လှသလို အနီးပတ်ဝန်းကျင်က လူနဲ့ တိရစ္ဆာန် တွေအတွက်လဲ​ကျန်းမာရေးကို ထိခိုက် နိုင်စေပါတယ်။ဒီလို အသံကျယ်လောင်တာကြောင့် အင်ဂျင်သံကို လျှော့ချ ပေးနိုင်ဖို့ အသံလုံ (Sound Insulator) ပစ္စည်းတွေနဲ့ ကာဖို့ ကြံစည်ခဲ့ကြပေမယ့် ဒီလို…

December 21, 2021

Read more

အလင်း ဖိုတွန်ကို ထက်ခြမ်းခြမ်းနိုင်မယ်


လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်က နာမည်ကျော် အီတလီ သိပ္ပံ ပညာရှင် တစ်ဦးဖြစ်တဲ့ အက်တွား မာဟိုရာနာ (Ettore Majorana) က အီလက်ထရွန်ကို နှစ်ခြမ်းခြမ်းလို့ ရနိုင်မယ် ဆိုတာက ပထမဆုံး ဟောကိန်း ထုတ်ခဲ့ပါတယ်။ အခု တဖန် အလင်း ဖိုတွန် ကိုလဲ နှစ်ခြမ်းခြမ်းလို့ ရနိုင်မယ်လို့ ပညာရှင် တွေက ဟောကိန်း ထုတ်လိုက် ပြန်ပါတယ်။ယခု တွေ့ရှိမှုက လက်ရှိ အချိန်အထိတော့ သင်္ချာနည်းနဲ့ တွက်ချက်ရရှိတဲ့ သီအိုရီ အဆင့်ပဲ…

December 21, 2021

Read more

လူ့မျိုးရိုးဗီဇ ကိုသုံးပြီး မျောက်ဦးဏှောက် ကြီးထွားအောင် စမ်းသပ်အောင်မြင်


မျောက်ဝံများ၏ဂြိုဟ် (Planet of the Apes) ရုပ်ရှင်ကား ကြည့်ဖူးကြ သလားဗျာ။ မျောက်တွေက အသိဉာဏ် တိုးတက်ပြီး လူသားတွေကို ပြန်ကျွန်ပြုတဲ့ ရုပ်ရှင်လေ။ အခုလဲ သိပ္ပံ ပညာရှင် တွေဟာ လူသားတွေရဲ့ မျိုးရိုးဗီဇ Gene ကို အသုံးပြုပြီး မျောက်တွေရဲ့ ဦးဏှောက်တွေ အရွယ်အစား ကြီးထွားအောင် စမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ဒီ သုတေသန စမ်းသပ်မှုမှာ မျောက် သန္ဓေသားလောင်းထဲကို လူရဲ့ မျိုးရိုးဗီဇ အစိတ်အပိုင်း တစ်ခုကို ဖြတ်တောက်ပြီး ထည့်သွင်း…

December 20, 2021

Read more