ရှည်မျောမျောနဲ့ ထူးထူးဆန်းဆန်း ဂြိုဟ် ရှာဖွေတွေ့ရှိ

ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ အပြင်ဖက် ဝေးကွာတဲ့ အာကာသ ကြီးထဲမှာ အတော်လေး ထူးဆန်းတဲ့ ဂြိုဟ်အမျိုးအစား တစ်မျိုး ရှိပါတယ်။ နက္ခတ် ပညာရှင် တွေကတော့ သူတို့ကို ကြာသပတေး ဂြိုဟ်ပူကြီး (Hot Jupiters) တွေလို့ အမည်ပေးထား ကြပါတယ်။ဒီ ဂြိုဟ်တွေဟာ သူတို့ရဲ့ မိခင် ကြယ်ကို ပတ်နေရာမှာ အရမ်းကို နီးကပ်လွန်းစွာ ပတ်နေကြတဲ့ ဂြိုဟ်တွေ ဖြစ်ပါတယ်။ နက္ခတ် ပညာရှင် တွေက ဒီ ဂြိုဟ်တွေဟာ အလွန် အင်မတန် ပူပြင်းရုံ…
January 27, 2022
Read more
James Webb တယ်လီစကုပ်ကြီး ပတ်လမ်းပေါ် ရောက်ပြီ

နာဆာရဲ့ James Webb တယ်လီ စကုပ်ကြီးဟာ အားလုံး ရင်တမမ ကြည့်နေရင်းကပဲ သူ့ရဲ့ နေပတ်လမ်းကြောင်း ပေါ်ကို ရောက်ရှိ သွားပြီလို့ နာဆာရဲ့ သတင်းထုတ်ပြန်ချက် အရ သိရှိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ သူ့ရဲ့ လမ်းကြောင်းထိန်း ဒုံးစက်တွေကို တတိယ အကြိမ်မြောက် နှိုးပြီး လမ်းကြောင်း တည့်မတ် အပြီးမှာတော့ နေပါတ် လမ်းကြောင်း ပေါ်က လာဂရန် အမှတ် ၂ (Lagrange Point…
January 26, 2022
Read more
မဲဆောက် အဝင်က ကုန်းတက်ကို ကားတွေ လိမ့်တက်တဲ့ သံလိုက်တောင်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘန်ကောက်ကနေ မဲဆောက်ကို မော်တော်ကားနဲ့ သွားခဲ့စဉ်က ဖြစ်ပါတယ်။ မောင်းပို့ ပေးတာက မဲဆောက် ဇာတိ ကရင် လူမျိုး ထိုင်းနိုင်ငံသားပါ။ သူက မဲဆောက် ရောက်ခါနီး တောင်တက်နေတုန်း တနေရာ ကျတော့ ကားကို ဗြုန်းဆို ရပ်လိုက်ပါတယ်။ ပြီးတော့ ဒီတောင်က “မှော်ဝင်တောင်” (Magic Hill) ဗျ၊ ဆရာ ကြည့် ဆိုပြီး ကားကို စက်သတ် ဂီယာ ဖရီးရိုက် ဘရိတ် ဖြုတ်လိုက်ပါရော။ ကျွန်တော်က ဂုံးတက်ကြီး ဆိုတော့…
January 25, 2022
Read more
ကြာသပတေးဂြိုဟ်ဟာ ကမ္ဘာကို စောင့်ရှောက်နေသလား

ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်နေကြတဲ့ သက်ရှိတွေ အာကာသက ကျရောက်လာတဲ့ ဥက္ကာပျံ တွေရဲ့ ဘေးရန်ကြောင့် မျိုးတုန်း ပျောက်ကွယ် မသွားရအောင် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) က အကာအကွယ် ပေးထားတယ်လို့ အချို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို နက္ခတ် ပညာရှင် အားလုံးက တညီတညွတ်ထဲ လက်ခံ ထားကြတာတော့ မဟုတ်ပါဘူး။ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ဟာ နေအဖွဲ့ အစည်းထဲက ဂြိုဟ်တွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ သူ့ရဲ့…
January 24, 2022
Read more
လထွက်စမှာ ဘာလို့ အရွယ်ပိုကြီးရတာလဲ

လပြည့်ည တွေဆို လ ထွက်စ မိုးကုတ်စက်ဝိုင်း အထက်နားကို တက်လာချိန်မှာ လဟာ ပုံမှန်ထက် ပိုပြီး ကြီးနေတာကို သတိထားမိ ကြမယ် ထင်ပါတယ်။ ဒီလို မိုးကုတ်စက်ဝိုင်းနားက ထွက်ပြူလာစ လရဲ့ အရွယ် ကြီးနေတာကို ရှေးခေတ် ကာလ ကတဲက နက္ခတ် ပညာရှင်တွေ သတိပြုမိ ခဲ့ကြပါတယ်။ဘာ့ကြောင့် ဒီလို မိုးကုတ်စက်ဝိုင်းနားက ထွက်ပြူစ လ က အရွယ်ပို ကြီးနေရတာလဲ ဆိုတာကို ရှေးခေတ် ကတဲက နက္ခတ် ပညာရှင်တွေ ဖြေရှင်းဖို့…
January 22, 2022
Read more
ဒိုင်နိုဆောများ မျိုးတုန်း ပျောက်ကွယ် ခဲ့စဉ်က

ကမ္ဘာဖျက် ဥက္ကာပျံကြီး ဝင်ဆောင့်ပြီးတဲ့နောက် နေ့ရက်တွေဟာ ဒိုင်နိုဆော တွေအတွက်တော့ တကယ့် အိပ်မက်ဆိုး ကြီးတွေပဲ ဖြစ်ပါတယ်။ ဥက္ကာပျံကြီး ဝင်တိုက်မိပြီး ဖြစ်လာတဲ့ တောမီး လောင်ကျွမ်း မှုတွေက ထွက်လာတဲ့ မီးခိုးတွေ၊ ပြာမှုန်တွေဟာ ကမ္ဘာအနှံ့က ကောင်းကင်ပြင်ကို ထူထပ်စွာ ဖုံးအုပ်သွားပါတယ်။ ထူထပ်တဲ့ မီးခိုးတွေ၊ ပြာမှုန်တွေကြောင့် နေရောင်တောင် မမြင်ရတော့ တဲ့အထိ မှောင်အတိ ကျသွားရ ပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာပေါ်က များပြားလှစွာသော အပင်တွေ သတ္တဝါတွေ သန်းချီ သေကြေ ပျက်သုန်း ကြရတာပဲ…
January 21, 2022
Read more
ကမ္ဘာ့ ဗဟိုချက် အေးခဲသွားရင် ဘာဖြစ်လာမလဲ

ကမ္ဘာ့ အတွင်းပိုင်း အလယ်ဗဟိုက အူတိုင်ဟာ အလွန်ကို ပူပြင်းတဲ့ နေရာ ဖြစ်ပါတယ်။ကမ္ဘာ့မြေပြင်မှာ နှင်းကျပြီး အေးစက်နေတဲ့ နေရာတွေ ရှိနေပေမယ့် ကမ္ဘာ့ အတွင်းပိုင်း ကတော့ အနက်ပိုင်း ရောက်လေလေ အပူချိန် မြင့်တက်လာ လေလေပဲ ဖြစ်ပါတယ်။ကမ္ဘာ့မြေလွှာဖွဲ့စည်းပုံကမ္ဘာ့ မြေထုကို အလွှာလွှာ အထပ်ထပ်နဲ့ ဖွဲ့စည်း ထားပါတယ်။ အတွင်းဆုံး ဗဟို အူတိုင်ကနေ မြေမျက်နှာ ပြင်ထိ အလွှာတွေကို ကြည့်မယ်ဆို ကြက်ဥ တစ်လုံးနဲ့ ခပ်ဆင်ဆင် တူတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။အခဲ ဖြစ်နေတဲ့…
January 20, 2022
Read more
ကမ္ဘာ့ဗဟိုအူတိုင် အပူချိန် ပိုမိုလျှင်မြန်စွာ အေးလာနေ

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄,၅၀၀ ခန့်က ကမ္ဘာ့ မြေမျက်နှာပြင်ဟာ အခုလို ကုန်းမြေ မဟုတ်သေးပါဘူး။ ကမ္ဘာမြေကို ပူပြင်းလှတဲ့ ချော်ရည်ပူ များနဲ့ ဖုံးလွှမ်း ထားတာပါ။ အခုလို ကုန်းမြေရယ်လို့ မရှိသေး သလို ပင်လယ် သမုဒ္ဒရာ တွေ ဆိုတာလဲ မရှိကြ သေးပါဘူး။နောက် နှစ်သန်း အနည်းငယ် အကြာမှာတော့ ကမ္ဘာ့ မျက်နှာပြင် ပေါ်က ချော်ရည်ပူတွေဟာ တဖြည်းဖြည်း အေးလာကြပါတယ်။ ဒီလို အေးလာတာနဲ့ အမျှ ချော်ရည်တွေ အေးခဲပြီး ကမ္ဘာ့…
January 17, 2022
Read more
စကြာဝဠာရဲ့ ပဟေဠိ အမှောင်ဒြပ် Dark Matter

စကြာဝဠာကို လွှမ်းခြုံထားတဲ့ မမြင်ရတဲ့ အမှောင်ဒြပ် ဆိုတာ ဘာလဲ ဆိုတာ တကယ်တမ်းတော့ သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင်လဲ ရေရေရာရာတော့ သိကြတာ မဟုတ်ပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက အမှောင်ဒြပ် ဆိုတာ ရှိမှ ရှိရဲ့လား ဆိုတာကို သံသယ ရှိကြပါတယ်။Dark Matter လို့ ခေါ်တဲ့ အမှောင်ဒြပ် (ဝါ) ကိုယ်ပျောက်ဒြပ် ဟာ အရောင်အဆင်း အလင်းရောင် မရှိတဲ့ ဆန်းပြားတဲ့ ဒြပ်တစ်မျိုး ဖြစ်ပါတယ်။ စကြာဝဠာကြီး တစ်ခုလုံးရဲ့ ဒြပ်ထုပမာဏ အများစုဟာ…
January 15, 2022
Read more
ကြာသပတေးဂြိုဟ်ထက် ၁၀ ဆကြီးတဲ့ ဂြိုဟ်ကြီးတစ်စင်း ရှာတွေ့

စကြာဝဠာထဲမှာ ရှာတွေ့ခဲ့ သမျှထဲမှာ အကြီးဆုံး ဖြစ်တဲ့ ဂြိုဟ်ကြီး တစ်စင်းကို ရှာတွေ့ခဲ့ပါတယ်။ဒီဂြိုဟ်ပတ်နေတဲ့ ကြယ်ကလဲ ရှာဖွေတွေ့ရှိ ခဲ့ဖူးသမျှ အရန်ဂြိုဟ် ရှိတဲ့ ကြယ်တွေ အထဲမှာ ဒြပ်ထု အကြီးဆုံးကြယ် ဖြစ်ပါတယ်။ဒီ ပုံကို ချီလီ နိုင်ငံမှာ တည်ဆောက်ထားတဲ့ ဥရောပတောင်ခြမ်း နက္ခတ်မျှော်စင်ရဲ့ ဧရာမ နက္ခတ်မှန်ပြောင်းကြီး (Very Large Telescope) ကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီပုံရဲ့ ဘယ်ဖက်ခြမ်းမှာ တွေ့ရတဲ့ ကြယ်ကတော့ ဘီ စန်တော်ရီ (b Centauri) ကြယ်ပဲ…
January 13, 2022
Read more
အမျိုးအမည်မသိ ယာဉ်များစုံစမ်းရေးဌာန ပင်တဂွန် ဖွဲ့စည်း

အမျိုးအမည် မသိ ယာဉ်ပျံ (UFO) တွေ တွေ့တယ်ဆိုတဲ့ သတင်းပို့ချက် တွေနဲ့ ပါတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ့် ဌာန အသစ် တစ်ခုကို အမေရိကန် ပြည်ထောင်စု ပင်တဂွန်စစ်ဌာနချုပ်က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ဒီ ဖွင့်လှစ်လိုက်ကြောင်း ကြေငြာချက်မှာ အမျိုးအမည် မသိ ယာဉ်တွေကို အများခေါ်ဝေါ်တဲ့ UFO (Unidentified Flying Object) “အမျိုးအမည် မခွဲခြား နိုင်သော ပျံသန်းနေသည့် အရာဝတ္ထုများ” လို့ မသုံးနှုန်းပဲ “Unidentified Aerial Phenomena”…
January 13, 2022
Read more
အာကာသထဲမှာ လျှပ်စစ်ထုတ်ပြီး ကမ္ဘာကို ပြန်ပို့နိုင်ဖို့ သုတေသနပြု

အာကာသထဲ လွှတ်တင်ထားတဲ့ နေရောင်ခြည် ဆိုလာပြားတွေကနေ လျှပ်စစ်ထုတ်ပြီး ကမ္ဘာကို ပြန်ပို့တာဟာ အခုအချိန်မှာ စိတ်ကူးယဉ် ဆန်နေပေမယ့် တနေ့တချိန်မှာ လက်တွေ့ ဖြစ်လာလိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက ဟောကိန်း ထုတ်လိုက်ပါတယ်။ ၂၀၂၀ ခုနှစ်က အမေရိကန် နိုင်ငံ ပင်တဂွန် ကနေ သုတေသန ဂြိုဟ်တု သေးသေးလေး တစ်လုံးကို အာကာသထဲကို လွှတ်တင်ခဲ့ပါတယ်။ဒီဂြိုဟ်တု လေးဟာ ဘယ်လောက်တောင် သေးလဲ ဆိုရင် ပီဇာ ဘူးခွံ သာသာ (၁ ပေခွဲ ပတ်လည်) လောက်ပဲ…
January 13, 2022
Read more