Tag: reading

  • Tips for Reading together with kids

    Tips for Reading together with kids

    ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ ကလေးက […]

  • ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

    ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

    ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ – ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ – ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ […]

  • ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

    ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး […]

  • သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ

    ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။ တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက […]

  • သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ

    စာဖတ်ခြင်းဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒါပေမယ့် အခုခေတ်မှာ ကလေးတွေဟာ စာဖတ်ဖို့ထက် တီဗီကြည့်ဖို့နဲ့ ဗီဒီယိုဂိမ်း ကစားဖို့ကို ပိုပြီး စိတ်အားသန် ကြပါတယ်။ ကလေးတစ်ယောက်ကို စာဖတ်ခြင်စိတ် ပေါ်လာအောင် လုပ်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ကလေးစာအုပ်ကောင်းတွေလဲ ရှိမယ်၊ မိဘကလဲ လိုအပ်တဲ့ အားပေးမှုလုပ်မယ်ဆိုရင်တော့ ကလေးကို စာဖတ်ချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဖို့ မခက်ခဲလှပါဘူး။ အောက်ပါနည်းလမ်းများနဲ့ ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ကို အဆင့်ဆင့် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ (၁) ကလေးငယ်ငယ် ကတဲကစပြီး သူ့ကို စာဖတ်ပြပါ လူတော်တော်များများဟာ ငယ်ငယ်တုန်းက သူတို့မိဘတွေ သူတို့ကို ယုယုယယ ထွေးပွေ့ပြီး စာဖတ်ပြခဲ့တာကို အသက်ကြီးသည်အထိ မှတ်မိနေကြပါတယ်။ သင့်ကလေးကို ငယ်ရွယ်တုန်းမှာ စာဖတ်ပြတာဟာ […]