ကြယ် နဲ့ ဂြိုဟ် ဘာကွာသလဲ

ကျွန်တော်တို့ စကြဝဠာ ကြီးထဲမှာ အရာဝတ္ထု ပစ္စည်း တွေ မရေ မတွက်နိုင်အောင် ရှိကြပါတယ်။ ဒီ အရာဝတ္ထု တွေထဲမှာ ကြီးမားတဲ့ ဂလက်ဆီ ကြယ်စု ကြီးတွေ၊ ကြယ်တွေ၊ black hole တွင်းနက်တွေ၊ ဂြိုဟ်တွေ၊ ကြယ်တံခွန်တွေ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ အစရှိသဖြင့် အမျိုးအစား အစုံစုံ ရှိကြပါတယ်။ကျွန်တော့် ဆောင်းပါးတွေ အောက်က ကွန်မန့်တွေမှာ ကြယ်နဲ့ ဂြိုဟ် ဘာကွာလဲ ဆိုပြီး ခနခန လာမေး ကြပါတယ်။ ဒီ လို…
August 30, 2022
Read more
လသို့လွှတ်တင်မည့် ဒုံးပျံခရီးစဉ် အချိန်ကပ်မှ ရွှေ့ဆိုင်းလိုက်ရ

မနေ့က ဩဂုတ်လ ၂၉ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ၈:၃၃ နာရီမှာ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ အာတီးမီးစ် ၁ (Artemis 1) ဒုံးပျံ ခရီးစဉ်ကို နောက်ဆုံး အချိန်ပိုင်းမှ ကပ်ပြီး ရွှေ့ဆိုင်း လိုက်ပါတယ်။ ဒီ ခရီးစဉ်ဟာ လပေါ်ကို လူသားတွေ ပြန်လည် ခြေချနိုင်ဖို့ ပထမဆုံး ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ဒီလို ရွှေ့ဆိုင်း လိုက်ရတာဟာ အာတီးမီးစ် ဒုံးပျံရဲ့ ဒုံးစက်အင်ဂျင် ၄ လုံး အနက်…
August 30, 2022
Read more
ရှားပါး ရေဝက်များ တရုတ်ပြည်တွင် မျိုးတုန်းပျောက်ကွယ် သွားပြီ

Dugong လို့ ခေါ်တဲ့ သတ္တဝါဟာ ပင်လယ်ထဲမှာ နေတဲ့ သွေးနွေး နို့တိုက် သတ္တဝါ ဖြစ်ပါတယ်။ ဝက်နဲ့ တူလို့ မြန်မာလိုတော့ “ရေဝက်” လို့ ခေါ်ကြပါတယ်။ ဒီ ဒူဂေါင် ရေဝက်ဟာ မနားတီးစ် ရေဝက် (manatees) နဲ့ အမျိုးတော်ပြီး ပုံသဏ္ဍာန် ကလဲ ဆင်တူပါတယ်။ဒီ ဒူဂေါင် နဲ့ မနားတီးစ် ရေဝက်တွေကို တချိန်က ပင်လယ်ထဲ ခရီးသွားတဲ့ သင်္ဘောသား တွေက မြင်ပြီး ရေသူမ လို့ အမြင်မှားခဲ့…
August 29, 2022
Read more
ဂျိမ်းစ်ဝက်ဘ် က ပြင်ပဂြိုဟ်ရဲ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ရှာတွေ့

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ ပြင်ပဂြိုဟ် တွေမှာ သက်ရှိတွေ ရှာဖွေနေတဲ့ နက္ခတ် ပညာရှင် တွေအတွက် အားတက်ဖွယ်ရာ တွေ့ရှိချက် တရပ်ကို နာဆာက ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။ အဲ့ဒါကတော့ exoplanet လို့ခေါ်တဲ့ ပြင်ပဂြိုဟ် တစ်စင်းရဲ့ လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ ရှာဖွေ တွေ့ရှိတဲ့ သတင်းပဲ ဖြစ်ပါတယ်။အခု တွေ့ရှိချက်ဟာ နေ အဖွဲ့အစည်း အပြင်ဖက်က ဂြိုဟ်တစင်းမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ကို ပထမဆုံး အကြိမ်…
August 26, 2022
Read more
ထောပတ်သီး နေ့စဉ်စားသုံးခြင်းက ကိုလက်စထရောကို ကျဆင်းစေနိုင်

ထောပတ်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို သုတေသန ပြုထားတဲ့ နောက်ဆုံး သုတေသန ရလဒ်အရ ထောပတ်သီး တစ်နေ့ တစ်လုံး (၆) လ ကြာအောင် နေ့စဉ် စားသုံးခြင်းဟာ အဝလွန် သူတွေကို ကိုယ်အလေးချိန် လျှော့ကျအောင် ပြုလုပ် ပေးနိုင်စွမ်း မရှိပါဘူး တဲ့။ ဒါပေမယ့် ဒီလို စားသုံးတဲ့ သူတွေမှာ သွေးတွင်းက ကိုလက်စထရော အဆီဓါတ် ကိုတော့ အနည်းငယ် ကျဆင်းစေနိုင်တယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ဒီ သုတေသနကို တက္ကသိုလ် ၅…
August 26, 2022
Read more
ဒိုင်နိုဆောတွေ မျိုးတုန်းရတာ တစ်ခုထက် ပိုတဲ့ ဥက္ကာခဲတွေကြောင့် ဖြစ်နိုင်တယ်

ချစ်ဆူလဘ် (Chicxulub) ဥက္ကာခဲကြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်းခန့်က ကမ္ဘာကို ဝင်ဆောင့်ခဲ့ တာကြောင့် ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ် ခဲ့ရတယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒါပေမယ့် ဒီ ဥက္ကာခဲကြီး တစ်လုံးထဲကြောင့်နဲ့ ကမ္ဘာတဝှမ်းက ဒိုင်နိုဆောတွေ အားလုံး မျိုးတုန်း သွားဖို့ လုံလောက်ပါ့ မလား ဆိုတာကို အချို့သော သိပ္ပံ ပညာရှင် တွေက သံသယ ဖြစ်ကြပါတယ်။ သူတို့က ဒီ ဥက္ကာခဲနဲ့ အပြိုင်…
August 25, 2022
Read more
ကြယ်အသစ် တစ်လုံးကနေ မှုတ်ထုတ်လိုက်တဲ့ ဓါတ်ငွေ့တန်းများ

ဒီပုံကတော့ နာဆာရဲ့ ဟတ်ဘယ် တယ်လီစကုပ် (NASA/ESA Hubble Space Telescope) ကြီးကနေ ရိုက်ကူး ပေးပို့လိုက်တဲ့ မွေးကင်းစ ကြယ်သစ် တစ်လုံးရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ ဒီပုံမှာ ကြယ်ပေါက်စ လေးကနေ ဓါတ်ငွေ့တွေကို အရှိန်အဟုန် ပြင်းပြင်း မှုတ်ထုတ်လိုက်တဲ့ ပုံကို ဟတ်ဘယ်က အမိအရ ရိုက်ကူး ထားခြင်း ဖြစ်ပါတယ်။နက္ခတ် ပညာရှင် တွေကတော့ ဒီ ဖြစ်စဉ်ကို “ကြယ်ပေါက်ကလေး ဝုန်းဒိုင်းကျဲခြင်း” ဖြစ်စဉ်လို့ တင်စား ခေါ်ကြပါတယ်။ Tantrum ဆိုတာက…
August 24, 2022
Read more
ဂျိမ်းစ်ဝက်ဘ်က ရိုက်ထားတဲ့ တောက်ပနေတဲ့ ဂျူပီတာ

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးကနေ နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံကတော့ ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။ဒီပုံမှာ ကြာသပတေး ဂြိုဟ်ဟာ ဝင်ရိုးစွန်း အလင်းရောင်တွေ ငွေရောင် တိမ်တိုက်တွေနဲ့ အလွန် လှပလို့ နေပါတယ်။ ဂျူပီတာရဲ့ ဒီလို လှပတဲ့ ဓါတ်ပုံမျိုးကို အရင်တုန်းက ဘယ်တုန်းကမှ ရိုက်ကူး နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။အခုပုံကို နာဆာက ဩဂုတ်လ ၂၂ ရက် တနင်္လာ နေ့က…
August 23, 2022
Read more
ဥက္ကာပျံ ဝင်တိုက်မှုကြောင့် ကမ္ဘာ့ တိုက်ကြီးများ ဖြစ်ပေါ်လာ

အခုထိ ရှာဖွေ တွေ့ရှိ ခဲ့ပြီးသမျှ ဂြိုဟ်တွေထဲမှာ တိုက်ကြီးတွေ ရှိနေတာဟာ ကမ္ဘာ တစ်ခုပဲ ရှိပါသေးတယ်။ ကမ္ဘာ့ တိုက်ကြီးတွေ ဘယ်လို ဖြစ်ပေါ်လာ သလဲ၊ ဘယ်လို ပြောင်းလဲ မှုတွေ ဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပါတ်သက်လို့ သိပ္ပံ ပညာရှင် တွေအနေနဲ့ အခုထိ ရေရေရာရာ မသိကြ သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သေသေချာချာ သိတာ တခုကတော့ လွန်ခဲ့တဲ့ နှစ်သန်း ရာပေါင်း များစွာ တုန်းက ကမ္ဘာ့တိုက်ကြီးတွေ အားလုံးဟာ တနေရာ ထဲမှာ…
August 22, 2022
Read more
ယနေ့ ၄၅ နှစ် ပြည့်တဲ့ ဗွိုင်ယေဂျာ အာကာသယာဉ်

ဗွိုင်ယေဂျာ ၂ (Voyager 2) အာကာသ ယာဉ်ကို ၁၉၇၇ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က လွှတ်တင် ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဟာ ဗွိုင်ယေဂျာ ၂ အာကာသ ယာဉ်ရဲ့ အသက် ၄၅ နှစ် ပြည့်တဲ့ နှစ်ဖြစ်ပါတယ်။ဗွိုင်ယေဂျာ အာကာသ ယာဉ် တွေဟာ တကယ်တော့ အတိတ် တခေတ်ရဲ့ နည်းပညာ မှတ်တမ်းတွေ ဖြစ်ကြပါတယ်။ သူတို့ တစ်စင်းဆီ တိုင်းမှာ အချက်အလက် တွေကို သိမ်းဆည်းဖို့ တိပ်ခွေတွေကို…
August 20, 2022
Read more
ဂျိမ်းစ်ဝက်ဘ် ထက် ၄ ဆ ပိုအားကောင်းမယ့် မက်ဂဲလန် တယ်လီစကုပ်ကြီး (Giant Magellan Telescope)

အလွန် ဝေးကွာတဲ့ အရပ်က သေးငယ်တဲ့ မှိန်ပျပျ အရာဝတ္ထု တစ်ခုကို ထင်ထင်ရှားရှား မြင်နိုင်ဖို့ ဆိုရင် အလွန်ကြီးမားပြီး အားကောင်းတဲ့ တယ်လီစကုပ် အဝေးကြည့် မှန်ပြောင်းကြီး တစ်လက် လိုအပ်မှာ ဖြစ်ပါတယ်။ တယ်လီစကုပ် တစ်လုံး ဘယ်လောက် အားကောာင်းလဲ ဆိုတာဟာ သူ့ရဲ့ မျက်နှာပြင် အကျယ် အဝန်း ပေါ် မူတည်ပါတယ်။ ဒီနေရာမှာ အားကောင်းတယ် ဆိုတာ အဝေးက အရာဝတ္ထု တစ်ခုကို ဘယ်လောက်ထိ ထင်ထင်ရှားရှား ကြည်ကြည် လင်လင် မြင်နိုင်လဲ ဆိုတာကို…
August 19, 2022
Read more
နေအဖွဲ့အစည်း ထဲက အအေးဆုံး ဂြိုဟ်

နေ အဖွဲ့အစည်း ထဲမှာ အပူထုတ်ပေးနိုင်တဲ့ အဓိက ပင်ရင်းဟာ နေပဲ ဖြစ်ပါတယ်။ ဒီတော့ အလွယ်တကူ စဉ်းစား ကြည့်ရင် နေနဲ့ နီးတဲ့ ဂြိုဟ်တွေဟာ ပိုပူပြင်းပြီး နေနဲ့ ဝေးသွားလေလေ အေးလာလေလေ ဖြစ်မယ်လို့ စဉ်းစားစရာ ရှိပါတယ်။ ဒီလိုပဲ နေနဲ့ အဝေးဆုံး နေရာက ဂြိုဟ်ဟာ အအေးဆုံး ဖြစ်လိမ့်မယ် လို့လဲ ယူဆစရာ ရှိပါတယ်။နေအဖွဲ့အစည်း ထဲမှာ နေနဲ့ အဝေးဆုံးမှာ ရှိတဲ့ ဂြိုဟ်ဟာ နက်ပ်ကျွန်း ဂြိုဟ် (Neptune)…
August 17, 2022
Read more