ဘာမြူဒါ တြိဂံ တကယ် ရှိသလား

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရဲ့ အရှေ့ဖက် ကမ်းလွန်မှာ နာမည်ကျော် ဘာမြူဒါ တြိဂံ (Bermuda Triangle) ရှိပါတယ်။ ဒီ ဘာမြူဒါ တြိဂံဟာ သင်္ဘောတွေ၊ လေယာဉ်တွေ ထူးဆန်းစွာ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်တယ် ဆိုပြီး နာမည် ကျော် အရပ်ဒေသ တစ်ခု ဖြစ်ပါတယ်။ ဒီ ဘာမြူဒါ တြိဂံကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေဟာ ဘာအကြောင်းမှ မရှိပဲ ရုတ်တရက် ပျောက်ဆုံး သွားကြတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ဒီ တြိဂံကို ဖြတ်ပျံတဲ့…
August 15, 2022
Read more
စကြာဝဠာ အစဦးမှ တောက်ပသော ဂလက်ဆီ အများအပြား ဂျိမ်းစ်ဝက်ဘ် ရှာတွေ့

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး အပြည့်အဝ စတင် တာဝန်ထမ်းဆောင်တာ အခုဆို သီတင်းပတ် အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီ ကာလတိုလေး အတွင်းမှာ ထင်မှတ် မထား ခဲ့ကြတဲ့ ရှာဖွေ တွေ့ရှိမှု အသစ်တွေ ဆက်တိုက် ဆိုသလိုပဲ ရှာဖွေ ဖော်ထုတ် ပေးနိုင် ခဲ့ပါတယ်။အခု နောက်ဆုံး ရှာဖွေ တွေ့ရှိ မှုကလဲ နက္ခတ် ပညာရှင် တွေကို အံ့အားသင့် သွားစေတဲ့ တွေ့ရှိမှုပဲ ဖြစ်ပါတယ်။ ဒါကတော့ စကြာဝဠာ အစဦး ကာလက…
August 13, 2022
Read more
စကြဝဠာ အနှံ့မှာ လူသားတွေ ပြန်နှံ့နေတယ်လို့ သိပ္ပံ ပညာရှင် အချို့ကယူဆ

တစ်ခုလောက် စိတ်ကူး ကြည့်ပါဗျာ။ အနာဂတ် ကာလမှာ ကျွန်တော်တို့ လူသားတွေဟာ ကြယ်တွေ တစ်ခုနဲ့ တစ်ခုအကြား အချိန်တို အတွင်း အလွယ်တကူ ခရီးသွား နိုင်ပြီ ဆိုပါစို့။ ဒါနဲ့ အခြား ကမ္ဘာ တစ်ခုကို အခြေချဖို့ ခရီး ထွက်သွားရာက အဲ့သည် ဂြိုဟ်မှာ လူသားတွေ အခြေချ နေထိုင် နေနှင့်ပြီး ဖြစ်နေတာကို တွေ့ကြရမယ် ဆိုရင် …..အင်္ဂလန် နိုင်ငံက နာမည်ကျော် ကိန်းဗရစ် တက္ကသိုလ် (University of Cambridge)…
August 13, 2022
Read more
လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၄)

လူတိုင်းအတွက် စကြဝဠာ အပိုင်း (၁) မှ စဖတ်ရန် – လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tysonရှေ့ဆောင်းပါး (အပိုင်း ၃) ဖတ်ရန် – လူတိုင်းအတွက် စကြဝဠာ – အပိုင်း (၃)အခုဆို စကြာဝဠာရဲ့ သက်တမ်းဟာ တစ်စက္ကန့်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ဒီအချိန်မှာ စကြာဝဠာရဲ့ အကျယ်အဝန်း ဟာလဲ…
August 12, 2022
Read more
Black hole က နျူထရွန် ကြယ် တစ်စင်းကို ဝါးမြိုဖို့ အချိန် ၂ စက္ကန့်ပဲ ကြာမယ်

လွန်ခဲ့တဲ့ ၇ နှစ်ခန့် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၄ ရက် နေ့မှာ လေဆာဖြင့် ဒြပ်ဆွဲငင်အားလှိုင်း တိုင်တာရေး သုတေသန ဓါတ်ခွဲခန်း (Laser Interferometer Gravitational-wave Observatory, LIGO) က သုတေသီ တွေဟာ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဆွဲငင်အားလှိုင်းတွေကို ဖမ်းယူ နိုင်ခဲ့ ကြပါတယ်။နောက် ၆ လ အကြာမှာတော့ ဒီ ပညာရှင် တွေဟာ သူတို့ရဲ့ တွေ့ရှိချက်ကို ကမ္ဘာကို ကြေငြာ ခဲ့ကြပါတယ်။…
August 10, 2022
Read more
အချိန် ဒိုင်မင်းရှင်း နှစ်ခုရှိတဲ့ ဒြပ်အခြေနေသစ် ရှာတွေ့

ကျွန်တော်တို့ ငယ်ငယ်က သိပ္ပံ ဘာသာရပ်မှာ ဖြစ်စေ၊ ရူပဗေဒ ဘာသာရပ်မှာ ဖြစ်စေ ဒြပ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သင်ခဲ့ ကြရတာ မှတ်မိပါ လိမ့်အုံးမယ်။ အစိုင်အခဲ အခြေအနေ (solid state)၊ အရည် (liquid state)၊ အငွေ့ (gaseous state) ဆိုပြီး သင်ခဲ့ ကြရတာလေ။နောက်ပိုင်းကျတော့ plasma state ဆိုပြီး ပလတ်စမာ အခြေအနေ ကိုလဲ သိပ္ပံ ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ပလတ်စမာ…
August 10, 2022
Read more
ဂျိမ်းစ်ဝက်ဘ် က ရိုက်ပို့လိုက်တဲ့ လှည်းဘီးပုံ ဂလက်ဆီကြီး

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေ ထဲမှာ လှပတဲ့ လှည်းဘီးပုံ ဂလက်ဆီ ကြီး တစ်ခုရဲ့ ဓါတ်ပုံလဲပါဝင်ပါတယ်။ ဒီ ဂလက်ဆီ ကြီးရဲ့ ဓါတ်ပုံကို ထူထပ်တဲ့ ဓါတ်ငွေ့နဲ့ ဖုန်မှုန့် တိမ်တိုက်ကြီးကို ဖြတ်ပြီး ရိုက်ကူး ထားခဲ့တာ ဖြစ်ပါတယ်။ အဝေးက ဖုန်မှုန့် တိမ်တိုက်ကြီးရဲ့ နောက်ဖက်က ဂလက်ဆီ တစ်ခုရဲ့ ဓါတ်ပုံကို ကြည်လင်ပြတ်သားစွာ ရိုက်ယူ နိုင်ခဲ့တာဟာ ဂျိမ်းစ်ဝက်ဘ် ရဲ့ စွမ်းဆောင်ရည် ကို ပြသ နေတာပဲ…
August 9, 2022
Read more
ကမ္ဘာ့အမြန်ဆုံး ဆူပါကွန်ပြူတာ အမေရိကန် တီထွင်

ကမ္ဘာ့ အမြန်ဆုံး ဆူပါကွန်ပြူတာ နံပတ် (၁) နေရာကို အမေရိကန် ပြည်ထောင်စုက ပြန်လည် ရရှိသွားပြီး ဖြစ်ပါတယ်။အမေရိကန် ပြည်ထောင်စု တင်နက်စီ ပြည်နယ်က Oak Ridge National Laboratory မှာ တပ်ဆင်လိုက်တဲ့ exascale Frontier system ဆူပါ ကွန်ပြူတာ ကြီးဟာ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း 1.102 exaflop ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကို အလွယ် ပြောရရင် တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း 1,000,000,000,000,000,000 ကျော် ပြုလုပ်နိုင်…
August 8, 2022
Read more
ကြောက်စရာ သံလိုက်ကြယ်များ

အကယ်လို့ သင်ဟာ Black Hole တွေဟာ စကြာဝဠာ အတွင်းမှာ ကြောက်စရာ အကောင်းဆုံး အရာတွေ ဖြစ်တယ်လို့ ထင်ခဲ့မယ် ဆိုရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ အခု ကျွန်တော် ပြောမယ့် အရာတွေဟာ အရွယ်အစား အားဖြင့် မြို့ကြီး တစ်မြို့စာ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ဆီ ကနေပြီး ထွက်လာတဲ့ X-ray ဓါတ်ရောင်ခြည် တွေဟာ နေက ထွက်တဲ့ စုစုပေါင်း စွမ်းအင် ပမာဏထက် အဆ ရာပေါင်းများစွာ ပိုပြီး ပြင်းထန်ပါတယ်။သူတို့ရဲ့…
August 8, 2022
Read more
သူ့အဖော်ကြယ်ကို ဝါးမြိုပြီး အဆမတန် ကြီးထွားလာတဲ့ နျူထရွန် ကြယ်ကြီး

Black Widow (အနက်ရောင် မုဆိုးမ) ဆိုတဲ့ အမည်ကို ကြားဖူး ကြလားဗျ။ ဒီနာမည်က အဆိပ်ပြင်းတဲ့ ပင့်ကူ တစ်မျိုးကို ခေါ်တဲ့ အမည် ဖြစ်ပါတယ်။ ဒီ ပင့်ကူရဲ့ သဘာဝက ပင့်ကူ အမ နဲ့ အထီး မိတ်လိုက်ပြီးရင် အမက အထီးကို သတ်ပြီး စားပစ်တတ်တဲ့ အလေ့ ရှိလို့ ဒီနာမည် ပေးထားတာ ဖြစ်ပါတယ်။ဒီ ပင့်ကူ လိုပဲ စကြာဝဠာ ထဲက အချို့သော အရာဝတ္ထု တွေဟာလဲ သူတို့ရဲ့…
August 6, 2022
Read more
အီဂျစ်မံမီ တွေကို ဘယ်လို ဆေးစိမ်ခဲ့သလဲ

ရှေးဟောင်း အီဂျစ်ခေတ်က ငွေကြေး ချမ်းသာတဲ့ သူတွေ အတွက် သူတို့ ကွယ်လွန်သွားတဲ့ အခါမှာ အများသူငါ လူသာမန် တွေလို မြေကြီးထဲ တွင်းတူး မြှုပ်နှံဖို့ ဆိုတာ စိတ်တောင် မကူးဝံ့တဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ “ခါ” ခေါ်တဲ့ ဝိညဉ်ကို ယုံကြည် ကြပါတယ်။ သူတို့ရဲ့ အယူအဆ အရ လူတစ်ယောက် သေဆုံး သွားတဲ့ အခါ သူ့ရဲ့ ဝိညဉ်ဟာ နောက်ဘဝကို ကူးပြောင်းလို့ သွားပါတယ်။…
August 5, 2022
Read more
မစ်ကီးဝေး ဗဟိုနားမှာ အရက်ပြန် ရှာတွေ့

မစ်ကီးဝေး ဂလက်ဆီ ရဲ့ ဗဟိုနားမှာ ပိုးသတ်ဆေးရည် အဖြစ် အသုံးပြုတဲ့ အရက်ပျံ မော်လီကျူးတွေ ရှာဖွေ တွေ့ရှိ ထားတယ်လို့ သိပ္ပံ ပညာရှင် များက တင်ပြ ထားကြပါတယ်။ အခု ရှာတွေ့ခဲ့တဲ့ အရက်ပြန်ဟာ iso-propanol (isopropyl alcohol) လို့ ခေါ်တဲ့ အရက်ပြန် အမျိုးအစား ဖြစ်ပါတယ်။ ကမ္ဘာမြေ ပေါ်မှာတော့ သူ့ကို လက်ဆေး အရက်ပြန် ဆေးရည်တွေမှာ အဓိက ထည့်သွင်း အသုံးပြု ကြပါတယ်။အခု ရှာဖွေ တွေ့ရှိမှုကို ဂျာမနီ…
August 5, 2022
Read more