အာကာသတွင်း ရေဒီယိုလှိုင်းများ အဆက်မပြတ် ထုတ်လွှင့်ရာ ရပ်ဝန်းသစ်တစ်ခု ရှာဖွေတွေ့ရှိ

အပြည်ပြည် ဆိုင်ရာက နက္ခတ် ပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ တစ်ဖွဲ့ဟာ အာကာသ တွင်းက ရေဒီယို အချက်ပြ လှိုင်းတွေ အဆက်မပြတ် ထုတ်လွှင့်နေတဲ့ ရပ်ဝန်း အသစ် တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါဟာ ဒီလို ရပ်ဝန်းမျိုး ဒုတိယ အကြိမ် ရှာဖွေ တွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။Fast radio bursts (FRBs) တွေလို့ ခေါ်တဲ့ ရပ်ဝန်းတွေဟာ အင်အား ပြင်းထန်တဲ့ ရေဒီယို အချက်ပြ…
June 13, 2022
Read more
နာဆာရဲ့ UFO ရှာဖွေရေး သုတေသန

အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့ကြီးက အမျိုးအမည် မသိ အာကာသယာဉ် (UFO) တွေ ရှာဖွေမယ့် စီမံကိန်းကို တရားဝင် ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။နာဆာ အဖွဲ့ကြီးက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ဒီ သုတေသန စီမံကိန်းကို တရားဝင် ထုတ်ပြန် ကြေငြာလိုက်တာ ဖြစ်ပါတယ်။ဒီ သုတေသန အရ နာဆာဟာ ထိပ်တန်း သိပ္ပံ ပညာရှင်တွေကို ငှားရမ်းပြီး “အမျိုးအမည် မသိ လေကြောင်း ပျံသန်းမှု ဖြစ်စဉ် (unidentified aerial phenomena) …
June 13, 2022
Read more
တစ်ရက် ဥက္ကာပျံ ဘယ်နှစ်စင်း ကမ္ဘာကို လာမှန်သလဲ

ကျွှန်တော်တို့ ငယ်ငယ် တုန်းကဆို အဖွားက ကြယ်ကြွေတာ မြင်ရင် ဆုတောင်းရတယ် ဆိုပြီး သင်ပေးခဲ့ ဖူးပါတယ်။ မြန်မာ အယူမှာ ကြယ်ကြွေရင် ဘာဖြစ်တတ်တယ် ဆိုလဲ သေချာ မသိပေမယ့် အဖွားက အရင် ခေတ်ကောင်းစဉ်က အင်္ဂလိပ် ကျောင်းထွက်မို့ ကြယ်ကြွေရင် ဆုတောင်းရတယ်၊ ဆုတောင်း ပြည့်တယ် ဆိုတဲ့ အနောက်တိုင်း အယူ ဆွဲနေတာလဲ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ငယ်ငယ်ကတော့ ဟုတ်နေတာပဲပေါ့။ ကြယ်ကြွေတယ် ဆိုတာကလဲ မြင်ရဖို့ ဆိုတာက လွယ်တာမှ မဟုတ်တာ။ အတော့်ကို…
June 11, 2022
Read more
ဂျိမ်စ်းဝက်ဘ် တယ်လီစကုပ်ကြီး ဥက္ကာခဲ အသေးလေး ထိမှန်

မကြာလေး မီကမှာ လွှတ်တင် ထားခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီ စကုပ်ကြီးဟာ လာမယ့် ဇူလိုင်လက စလို့ အပြည့်အဝ စတင် တာဝန် ထမ်းဆောင်နိုင် တော့မှာ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ဒီ တယ်လီစကုပ် ကြီးရဲ့ အလင်းပြန် ကြေးမုံ မှန်ဘီလူး တစ်ချပ်ကို ဥက္ကာခဲ့ သေးသေးလေး တစ်ခု လာရောက် ထိမှန် ခဲ့တာကို စစ်ဆေး တွေ့ရှိ ခဲ့ရတယ်လို့ နာဆာက သတင်း ထုတ်ပြန် ခဲ့ပါတယ်။ဒီ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့…
June 10, 2022
Read more
အာကာသယာဉ် မသုံးပဲ ကြယ်တွေဆီ ခရီးသွားမယ်

နောက် နှစ် သန်း ၅,၀၀၀ လောက် ကြာတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ နေဟာ လောင်စာ ကုန်ခမ်း လာမှာ ဖြစ်ပါတယ်။ ဒီ အချိန် ရောက်ရင် နေဟာ အဆမတန် အရွယ် ကြီးလာပြီး ကြယ်နီကြီး (red giant) တစ်ခု အဖြစ် အသွင် ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ အပါအဝင် အတွင်းပိုင်းက ဂြိုဟ်တွေဟာ ဒီ ကြယ်နီကြီးရဲ့ ဝါးမြိုခြင်းကို ခံရပြီး ပျက်စီး သွားကြမှာ ဖြစ်ပါတယ်။ဒီလို…
June 10, 2022
Read more
ငှက်ပျောခွံမှ ဟိုက်ဒြိုဂျင် လောင်စာထုတ်နည်းသစ်

ကမ္ဘာ့ စွမ်းအင် လိုအပ်ချက်ဟာ တစ်နေ့ထက် တစ်နေ့ မြင့်မားလို့ လာနေပါတယ်။ ဒီ စွမ်းအင် လိုအပ်ချက် ကို ဖြည့်ဆည်းဖို့ အတွက် ရေနံ နဲ့ ကျောက်မီးသွေးလို ရုပ်ကြွင်း လောင်စာ အမြောက်အများကို အသုံးပြု နေရပါတယ်။ ရလဒ် ကတော့ ကမ္ဘာ့ လေထုရဲ့ အပူချိန်ကို မြင့်တက် စေတဲ့ ဖန်လုံးအိမ် ဓါတ်ငွေ့တွေ တနေ့တခြား ပိုပို များလာတာပဲ ဖြစ်ပါတယ်။ ဒီ ပြဿနာကို အဖြေရှာ နိုင်ဖို့ သိပ္ပံ ပညာရှင် တွေဟာ…
June 9, 2022
Read more
မစ်ကီးဝေး နောက်မှာ ပုန်းနေတဲ့ ဂလက်ဆီ

ဟတ်ဘယ် တယ်လီစကုပ်ကြီးကို လွှတ်တင် ခဲ့တဲ့ အချိန်က စလို့ နက္ခတ် ပညာရှင် တွေဟာ အရင်က မတွေ့မြင် ဖူးခဲ့တဲ့ ရှာဖွေ တွေ့ရှိမှု အသစ် တွေကို တောက်လျောက် ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။အခုလဲ ဟတ်ဘယ် တယ်လီ စကုပ် ကြီးကနေ မစ်ကီးဝေး ဂလက်ဆီရဲ့ အနောက်ဖက်မှာ ပုန်းခိုနေတဲ့ ဂလက်ဆီ တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ဂလက်ဆီဟာ ကမ္ဘာကနေဆို အလင်းနှစ် ၁၁ သန်း အကွာမှာ ရှိပါတယ်။…
June 8, 2022
Read more
Black hole တွေ သေဆုံးနိုင်သလား

စကြာဝဠာ အကြောင်း ပြောရင် black hole တွေအကြောင်းဟာ မပါမပြီးပါ။ လူစိတ်ဝင်စား ခံရမှု အများဆုံး အကြောင်းအရာ တစ်ခု ဖြစ်သလို သိပ္ပံ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ မှာလဲ အမြဲလိုလို တွေ့နေရတဲ့ အရာဝတ္ထု တစ်ခု ဖြစ်ပါတယ်။ဘလက်ဟိုး တွေနဲ့ ပါတ်သက်လို့ သိပ္ပံ ပညာရှင် တွေအနေနဲ့ သိသင့်သလောက် သိထားပြီး ဖြစ်ပေမယ့် မသိသေးတာတွေ အများကြီး ရှိပါသေးတယ်။ ဒီ ဘလက်ဟိုးတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာ၊ သူတို့ရဲ့ သွင်ပြင် လက္ခဏာ…
June 8, 2022
Read more
သမုဒ္ဒရာ ကြမ်းပြင်က ပင်လယ်ရေအောက် ရေတံခွန်ကြီး

သမုဒ္ဒရာ အောက်က ကြမ်းပြင်မှာ ရေတံခွန်ကြီး တစ်ခု ဖြစ်နေတယ် ဆိုရင် သင် ယုံပါ့မလား။ ဒီ သမုဒ္ဒရာ အောက်က ရေတံခွန်ကြီးမှာ ရေတံခွန် ထိပ် အမြင့်ကနေ တကယ်ပဲ ရေတံခွန်ရဲ့ အောက်ပိုင်းကို စီးဆင်း နေပါတယ်။ ဒါပေမယ့် ဒီလို အမြင့်က အနိုမ့်ကို စီးဆင်းနေတာ ရေတွေလား။ ဒီလို ဖြစ်ရပ်ကို သိပ္ပံ ပညာရှင် တွေက ဘယ်လို ရှင်းပြ ထားသလဲ။အခု သမုဒ္ဒရာ ကြမ်းပြင် ပင်လယ် ရေအောက် ရေတံခွန်…
June 6, 2022
Read more
ကားတာယာ အဟောင်းများနဲ့ ခင်းတဲ့လမ်းက ကြာရှည်ပိုခံ

အိမ်ပြင်ပ အဆောက် အဦတွေမှာ အများအားဖြင့် နေရဲ့ ဒါဏ်၊ ရာသီဥတု ဒါဏ်တွေ ခံနိုင်အောင် အကာအကွယ် သုတ်ဆေး သုတ်ထား တတ်ကြပါတယ်။ အဆောက်အဦ နံရံတွေကို ဆေးသုတ်တာ အလှ အပ သက်သက် အတွက်တင် မကပါဘူး၊ နေဒါဏ်၊ မိုးဒါဏ်၊ ရာသီဥတု ဒါဏ်တွေ ခံနိုင်အောင်လဲ ပါပါတယ်။အဆောက် အဦ တွေနဲ့ မတူတာက မော်တော်ကား လမ်းတွေရဲ့ မျက်နှာပြင်မှာ ဘာမှ နေဒါဏ်၊ မိုးဒါဏ် ခံနိုင်အောင် အကာအကွယ် ပြုလုပ်ထားတာ မရှိပါဘူး။…
June 5, 2022
Read more
ချင်ပန်ဇီ မျောက်တွေရဲ့ ဘာသာစကား ရှာဖွေတွေ့ရှိ

ပညာရှင် တွေဟာ ဘာသာစကား ဆိုတာ လူသားတွေ မှာပဲ ရှိတယ်လို့ ယူဆခဲ့ ကြပါတယ်။ လူသားနဲ့ တိရစ္ဆာန် တွေကို အဓိက ခွဲခြားထားတဲ့ အရာဟာ ဘာသာစကား ဖြစ်တယ်၊ ဘာသာ စကားဟာ အသိဉာဏ်ရည် မြင့်မားမှုရဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ် လို့ ရာစုနှစ်ပေါင်း များစွာ ကတဲက ယူဆခဲ့ ကြပါတယ်။ဒါပေမယ့် အခု နောက်ဆုံး တင်ပြလာတဲ့ ချင်ပန်ဇီ မျောက်တွေ အပေါ် လေ့လာ သုတေသန ပြုထားတဲ့ သုတေသန…
June 4, 2022
Read more
အီဂျစ် မံမီ ရုပ်ကြွင်း ၂၅၀ ရှာဖွေတွေ့ရှိ

အီဂျစ်ပြည်က ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုကနေ မံမီ ရုပ်ကြွင်း ၂၅၀ ကို တူးဖော် နိုင်ခဲ့ ကြပါတယ်။ ဒီ မံမီ ရုပ်ကြွင်း တွေကို အီဂျစ် ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်တဲ့ ဆက်ကရာ (Saqqara) မြို့ဟောင်းရဲ့ သင်္ချိုင်းကနေ ရှာဖွေ တူးဖော် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ဒီ မံမီ တွေကို သစ်သား ခေါင်းတလား တွေထဲမှာ ထည့်သွင်း မြုပ်နှံ ထားကြတာ ဖြစ်ပါတယ်။…
June 3, 2022
Read more