ရန်လိုတဲ့ နယ်ချဲ့ ဂြိုဟ်သားကမ္ဘာ ၄ ခု မစ်ကီးဝေးထဲ ရှိနေနိုင်

ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ ကြယ် အလုံးပေါင်း သန်း တစ်သိန်း (၁၀၀,၀၀၀,၀၀၀,၀၀၀) ခန့် ရှိနိုင်တယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ ဒီ အထဲကမှ ကြယ်အလုံးရေ သန်း ၃၀၀ ခန့်မှာ သက်ရှိတွေ အသက်ရှင် နေထိုင်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေ တွေ ရှိနေနိုင်တယ်လို့ သိပ္ပံ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ဂြိုဟ် အလုံးရေ ၁၅,၀၀၀ ကျော်မှာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ သက်ရှိတွေ…
June 2, 2022
Read more
အခြား ကမ္ဘာတွေကို ရှာဖွေပေးမယ့် ဂျိမ်းစ်ဝက်ဘ်

မကြာသေးမီ ကမှ အောင်မြင်စွာ လွှတ်တင်လိုက်တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီ စကုပ်ကြီနဲ့ ပါတ်သက်ရင် စကြာဝဠာရဲ အစဦးကို လေ့လာဖို့ ဆိုတဲ့ ကိစ္စ က လူသိ များပါတယ်။ ဒါပေမယ့် နေ အဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေကို အသေးစိတ် စူးစမ်း လေ့လာဖို့ ဆိုတဲ့ သုတေသန ရည်မှန်းချက် ကလဲဂျိမ်းစ်ဝက်ဘ် ရဲ့ ပင်မ ရည်မှန်းချက် တစ်ခု ဖြစ်နေပါတယ်။ဒီတော့ ဂျိမ်းစ်ဝက်ဘ် ဟာ အခြား ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေကို ဘယ်လို…
May 31, 2022
Read more
ဆေးကြောင်နေတဲ့ ပင့်ကူများ

၁၉၉၅ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့ကြီးရဲ့ သုတေသန ဓါတ်ခွဲခန်း တစ်ခုမှာ မူးယစ်ဆေးဝါး တွေရဲ့ အာနိသင်နဲ့ ပါတ်သက်လို့ သုတေသန တစ်ခု ပြုလုပ် ခဲ့ပါတယ်။ဒီ သုတေသနမှာ စမ်းသပ်ခံ သတ္တဝါ တွေကတော့ ပင့်ကူ တွေပဲ ဖြစ်ကြပါတယ်။နာဆာ သုတေသီ တွေဟာ ပင့်ကူ တွေကို မူယစ်ဆေးဝါး အမျိုးမျိုး တိုက်ကျွေးပြီး စမ်းသပ် ခဲ့ ကြပါတယ်။ မူးယစ် ဆေးဝါးတွေကို ဆေးကြောင် သွားလောက်တဲ့ ပမာဏ အထိ…
May 28, 2022
Read more
ကမ္ဘာနားက ဒီနေ့ ဖြတ်သွားမယ့် ဥက္ကာခဲကြီး

ဘောလုံးကွင်း ၁၀ ကွင်းစာခန့် အရွယ်အစား အကျယ် ရှိတဲ့ ဧရာမ ဥက္ကာခဲကြီး တစ်လုံးဟာ ကမ္ဘာနဲ့ အနီးကနေ ဖြတ်ပြီး ဒီနေ့ (မေလ ၂၇ ရက်နေ့) မှာ ပျံသန်းသွားမှာ ဖြစ်တယ်လို့ နာဆာရဲ့ NASA’s Center for Near Earth Object Studies က ထုတ်ပြန် ကြေငြာချက် အရ သိရပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ ဥက္ကာခဲ ကြီးဟာ ကမ္ဘာကနေ…
May 27, 2022
Read more
မေ ၃၁ မှာ မြင်တွေ့ရ နိုင်တဲ့ ကြယ်မိုး

အခု လာမယ့် မေလ ၃၁ ရက် ညမှာ ကြယ်မိုးရွာတာကို မြင်တွေ့ ရနိုင်တယ်လို့ နက္ခတ် ပညာရှင် တွေက ခန့်မှန်းချက် ထုတ်ပြန် လိုက်ပါတယ်။တော် ဟာကျူးလစ် (tau Herculids) လို့ အမည် ပေးထားတဲ့ ဒီ ကြယ်မိုးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ အကြီးဆုံး ကြယ်မိုး ရွာမှု ကြီး ဖြစ်လာနိုင်တယ် လို့လဲ အချို့ နက္ခတ် ပညာရှင် တွေက ခန့်မှန်း နေကြပါတယ်။ကြယ်မိုး ရွာတယ်…
May 26, 2022
Read more
တိရစ္ဆာန်တွေ အရောင် မြင်နိုင်သလား

လူတွေပဲ အရောင် မြင်ရတယ် တိရစ္ဆာန် တွေဟာ အရောင် မမြင်ရဘူး။ သူတို့ဟာ အဖြူ အမဲ ပုံရိပ်တွေပဲ မြင်ရတယ်လို့ ရေးထားတာ ဖတ်ဖူး ကြမှာပါ။ ဒါပေမယ့် ဒါဟာ တကယ် အမှန် ပဲလား။ တိရစ္ဆာန် တွေဟာ အရောင် မမြင် ရဘူးလား။ သိပ္ပံ ပညာရှင် တွေက ဘာပြောသလဲ။တိရစ္ဆာန် လောကက သန်းပေါင်း များစွာသော သတ္တဝါ တွေ အားလုံးရဲ့ မျက်လုံးတွင်းက မြင်လွှာ (Retina) တိုင်းကိုတော့ သိပ္ပံ…
May 26, 2022
Read more
စကြာဝဠာ အတွင်းက ကိုယ်ပျောက် တံတိုင်းများ

နက္ခတ် ပညာရှင်များ လက်ရှိ လက်ခံ ထားတဲ့ သီအိုရီ တွေအရဆို ဂလက်ဆီ ကြီးတွေရဲ့ အနားမှာ ရှိတဲ့ ဂလက်ဆီ ကြယ်စု အသေးလေး တွေဟာ ပင်မ ဂလက်ဆီ ကြီးရဲ့ ပတ်လည်မှာ အစီအစဉ် မရှိပဲ ကြုံရာကြပမ်း (random) ပြန့်ကျဲနေ ကြမှာ ဖြစ်ပါတယ်။ဒါပေမယ့်တကယ့် လက်တွေ့ သုတေသန တွေ့ရှိချက် တွေအရတော့ ဒီ သီအိုရီ တွေရဲ့ ခန့်မှန်းချက်ဟာ မှန်ကန်မှု မရှိဘူး ဖြစ်နေပါတယ်။ အခုထိ တွေ့ရှိ ချက်တွေ…
May 25, 2022
Read more
ဘာ့ကြောင့် ရေခဲမှာ လျှာ ကပ်ရတာလဲ

တခါတလေ ရေခဲတုံးကို လျှာနဲ့ တို့ကြည့်ရင်း ကပ်နေတဲ့ အဖြစ်မျိုး ကြုံဖူး ကြမှာပါ။ ဒါမှ မဟုတ်လဲ ရုပ်ရှင် တွေထဲ မြင်ဖူး ကြမှာပါ။ မမြင်ဖူး မကြုံဖူးဘူး ဆိုရင်လဲ အိမ်က ရေခဲ သေတ္တာ ထဲက ရေခဲခန်းကို ဖွင့်ပြီး အထဲက ရေခဲတုံးကို လျှာလေးနဲ့ တို့ကြည့်ပေါ့။ (ကပ်နေပြီး ခွာမရရင် တာဝန် မယူဘူးနော်၊ ကြိုပြောထားတာ။)ဒီလို ကပ်တာ ရေခဲမှ မဟုတ်ပါဘူး။ အေးခဲ နေတဲ့ သတ္တု မျက်နှာပြင်တွေ (ဥပမာ သတ္တု…
May 25, 2022
Read more
စကြာဝဠာရဲ့ အဆုံးသတ် နိဂုံး

စကြာဝဠာရဲ့ သက်တမ်းဟာ အခုဆို နှစ်သန်းပေါင်း ၁၃,၈၀၀ (၁၃.၈ ဘီလီယံ) ရှိပါပြီ။ ဒီတော့ မေးစရာ ရှိတာက ကျွန်တော်တို့ရဲ့ စကြာဝဠာဟာ သေဆုံး သွားနိုင် သလား ဆိုတာပဲ ဖြစ်ပါတယ်။စကြာဝဠာ အကြောင်း လေ့လာနေတဲ့ ပညာရှင် တွေကတော့ ကျွန်တော်တို့ရဲ့ စကြာဝဠာ ကြီးဟာ တနေ့မှာ သက်တမ်း ကုန်ဆုံးပြီး သေဆုံး သွားလိမ့်မယ်လို့ ဆိုပါတယ်။ သိပ္ပံ ပညာရှင် တွေရဲ့ အဆိုအရ ကျွန်တော်တို့ စကြာဝဠာ ကြီးဟာ တဖြည်းဖြည်း အေးခဲပြီး…
May 24, 2022
Read more
ဖိုင်းမန်း ပြောတဲ့ သိပ္ပံနည်းစနစ် ဆိုတာ

အောက်ပါ စာတမ်းမှာ နာမည်ကျော် ရူပဗေဒ ပညာရှင် ရစ်ချတ် ဖိုင်းမင်း ပို့ချခဲ့သော စာသင်ခန်းစာ များထဲမှ သိပ္ပံ သီအိုရီ နှင့် သက်ဆိုင်သော အပိုင်းကို ပြန်လည် ဘာသာ ပြန်ဆို ရေးသားထားခြင်း ဖြစ်ပါတယ်။ တတ်နိုင်သမျှ မူရင်း မပျက်အောင် ကြိုးစားပြန်ဆို ပေးထားပါတယ်။ သိပ်ပြီး အရေးမပါတဲ့ အချို့အပိုင်း လေတွေကိုတော့ ဖြတ်ထား ခဲ့ပါတယ်။ဒီ လက်ချာ ကို ဖိုင်းမန်းက ၁၉၆၄ ခုနှစ်မှာ ကော်နဲလ် တက္ကသိုလ် မှာ ပို့ချခဲ့တာ…
May 18, 2022
Read more
တရုတ်ရဲ့ ရှင်းတျန်း တယ်လီစကုပ်ဟာ အမေရိကန်ရဲ့ ဂျိမ်းစ်ဝက်ဘ် ကို ယှဉ်နိုင်မလား

တရုတ် အာကာသ အေဂျင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ် ထဲမှာ ဧရာမ အာကာသ မှန်ပြောင်းပြီး တစ်ခုကို အာကာသထဲ လွှတ်တင်နိုင်ဖို့ စီစဉ် နေပါတယ်။ ဒီ တယ်လီ စကုပ် ကြီးဟာ စကြာဝဠာ ရဲ့ ဆင့်ကဲ ဖြစ်စဉ် နဲ့ ပါတ်သက်တဲ့ အထောက် အထားတွေ ရှာဖွေနိုင်ဖို့ ရည်ရွယ်သလို အမှောင်ဒြပ် (Dark Matter) နဲ့ အမှောင် စွမ်းအင် (Dark Energy) တို့ကိုလဲ ရှာဖွေဖို့ ရည်ရွယ် ထားတယ်လို့…
May 18, 2022
Read more
မစ်ကီးဝေး ဗဟိုက ထူးဆန်းတဲ့ ကြိုးမျှင်များ

နက္ခတ် ပညာရှင် တွေဟာ မစ်ကီဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုကို ဖြတ်သန်း နေတဲ့ ထောင်ပေါင်းများစွာသော ကြိုးမျှင်တွေကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ သိပ္ပံ ပညာရှင် တွေအကြားမှာ ပဟေဠိ ဖြစ်နေတဲ့ ဒီ ကြိုးမျှင်တွေ အနက်က အချို့ ကြိုးမျှင်တွေဟာ ဆိုရင် အရှည် အားဖြင့် အလင်းနှစ် ၁၅၀ လောက်တောင် ရှည်လျားတယ်လို့ ဆိုပါတယ်။ မကြာခန ဆိုသလိုပဲ ဒီကြိုးမျှင် တွေဟာ အချင်းချင်း ပူးပြီး အသွင်သဏ္ဍာန် ပုံစံ အမျိုးမျိုးကို…
May 17, 2022
Read more