Essential Life Skills for Pre-School Children

ကျောင်းမနေမီမှာ ကလေးငယ်တွေကို သူတို့ရဲ့ ဘဝအတွက် အရေးပါတဲ့ Life Skills တွေ တတ်ကျွမ်းအောင် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးဟာ အရာအားလုံးကို မိဘကိုချည်း မှီခိုနေတာမျိုး မဖြစ်စေပဲ သူတို့တတ်နိုင်တဲ့ အရာတွေကို သူတို့ဟာ သူတို့ လုပ်နိုင်အောင် ငယ်ငယ်ကတဲက လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အောက်မှာ ကျောင်းမနေမီ ကလေးငယ်တွေ တတ်ကျွမ်းသင့်တဲ့ Life Skill ၁၆ မျိုးကို တစ်ခုချင်း ရှင်းပြပေးထားပါတယ်။ ကလေး ကျောင်းမသွားမီ ဒါတွေအားလုံး တတ်ကျွမ်းအောင် သင်ကြားပေးထားခြင်းဖြင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ တန်ဖိုးထားစိတ်လဲ မြင့်တက်လာ စေမှာပါ။

၁။ ကလေးအသက် ၈ လ လောက်ဆို ပိုက်နဲ့ စုပ်ပြီး သောက်တတ်အောင် သင်ပေးလို့ ရပါပြီ. အသက် ၁ နှစ်ခွဲ လောက်မှာ ခွက်ကနေ သောက်တတ် အောင် သင်ပေးပါ။

၂။ ကလေး အသက် ၁ နှစ်ခွဲလောက်ဆို ဇွန်းနဲ့ ကိုယ့်ဟာကိုယ် စားတတ်အောင် သင်ပေးပါ။

အသက် ၁ နှစ်ခွဲလောက်ကစပြီး ကလေးကို ဇွန်းနဲ့ စားတတ်အောင် လေ့ကျင့်ပေးပါ။

၃။ ကလေးအသက် ၁ နှစ်ခွဲလောက်ဆို စာအုပ်တွေ မဆုတ်ပြဲစေပဲ စာမျက်နှာတွေ တစ်ရွက်ချင်း လှန်တတ်အောင် သင်ပေးပါ။

၄။ လက်ကို သေချာဆေးတတ်အောင် အသက် ၁ နှစ်လောက်က စပြီး သင်ပေးပါ။ အသက် ၅ နှစ် ကျောင်းစနေချိန်ဆို လက်ကို ဆပ်ပြာနဲ့ သေချာ စင်ကျယ်အောင် ဆေးတတ်အောင် သင်ပေးဖို့ လိုပါတယ်။

၅။ အသက် ၁ နှစ်ခွဲနဲ့ ၂ နှစ် ကြားလောက်ကစလို့ သူတို့ကစားလို့ ဖိတ်စင်ကျတောတွေကို သူတို့ဖာသူတို့ အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းတတ်အောင် စသင်ပေးပါ။

၆။ အသက် ၁ နှစ်ခွဲလောက်က စလို့ သွားတိုက်တတ်အောင် စသင်ပေးပါ။ ကျောင်းစနေတဲ့ အချိန်မှာ ကိုယ့်သွားကို ကိုယ်ကိုယ်တိုင် စင်ကျယ်အောင် တိုက်တတ်သင့်ပါပြီ။

အသက် ၁ နှစ်ခွဲလောက်ကစပြီး သွားတိုက်တတ်အောင် စသင်ပေးပါ။

၇။ အသက် ၂ နှစ်လောက်ကစလို့ ကိုယ်ဝတ်ပြီးသား အဝတ်ဟောင်းတွေကို အဝတ်ဟောင်းခြင်းထဲ ထည့်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။

၈။ အသက် ၂ နှစ်လောက်ကစလို့ ဖိနပ်ချွတ်တတ်အောင်၊ ပြီးတော့ ချွတ်ပြီးတဲ့ ဖိနပ်ကို ဖိနပ်စင်မှာ ထားတတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ အသက် ၃ နှစ်လောက်မှာ ကိုယ့်ဖိနပ် ကိုယ့်ဟာကိုယ် စီးတတ်အောင် လေ့ကျင့်ပေးပါ။

၉။ အသက် ၂ နှစ်ကစလို့ ကလေးကို ကိုယ့်ဆံပင် ကိုယ်ဖြီးတတ်အောင် သင်ပေးပါ။

၁၀။ အသက် ၂ နှစ်မှာ မိဘအကူအညီနဲ့ အင်္ကျီ ဝတ်တတ်အောင် စသင်ပေးပါ။ ကျောင်းစနေတဲ့ အသက် ၅ နှစ်လောက်ဆို မိဘအကူအညီ မပါပဲ အင်္ကျီဝတ်တတ် သင့်ပါပြီ။

၁၁။ အသက် ၃ နှစ်ကစလို့ မိုးကာ၊ အနွေးထည် စတဲ့ အင်္ကျီတွေကို အင်္ကျီချိတ်မှာ ချိတ်တတ်အောင် စသင်ပေးပါ။ အစတော့ မိဘက ချိတ်မှာ အင်္ကျီကို ချိတ်ပေးဖို့ လိုပါလိမ့်မယ်။ နောက်ပိုင်း ကလေးက ကိုယ့်ဟာကို လုပ်တတ်သွားပါလိမ့်မယ်။

၁၂။ အသက် ၃ နှစ်က စလို့ ကလေးကို ခဲတံနဲ့ စာရေးတတ်အောင် စပြီး လေ့ကျင့်ပေးပါ။ အစမှာ ရောင်စုံခဲတံတွေနဲ့ ပုံလေးတွေကို အရောင်ချယ်တတ်အောင် စပြီး လေ့ကျင့်ပေးပါ။ ကလေးကျောင်းစနေတဲ့ အချိန်မှာ ခဲတံကို ကောင်းကောင်းကိုင်နိုင် အောင် အသက် ၃ နှစ်လောက်ကစလို့ သင်ပေးပါ။ စာရေးတတ်စရာ မလိုသေးပါဘူး။ ဒါပေမယ့် ခဲတံကို ကောင်းကောင်းကိုင်ပြီး ပုံဆွဲတာ ဆေးရောင်ခြယ်တာတွေ ကောင်းကောင်း လုပ်တတ်အောင် လေ့ကျင့်ပေးပါ။

ခဲတံကို ကောင်းကောင်းကိုင်တတ်အောင် အသက် ၃ နှစ်လောက်ကစပြီး သင်ပေးပါ။

၁၃။ ကလေးအသက် ၄ နှစ်လောက်ကစပြီး သူတို့ကစားတဲ့ ကစားစရာ အရုပ်တွေကို စနစ်တကျ သိမ်းဆည်းတတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ အမျိုးတူရာအရုပ်တွေကို အတူတကွ သိမ်းဆည်းတတ်အောင်လဲ လေ့ကျင့်ပေးပါ။

၁၄။ လက်ကိုင်ပဝါလို ခေါက်ရ လွယ်ကူတဲ့ အဝတ်တွေကို ကိုယ်တိုင်ခေါက်တတ်အောင် အသက် ၃ နှစ်လောက်ကစလို့ သင်ပေးပါ။

၁၅။ အသက် ၂ နှစ်ခွဲ လောက်ကစပြီး သူတို့စားပြီးတဲ့ ပန်းကန်ဟောင်းတွေကို ပန်းကန်ဆေးဇလုံထဲ ထည့်တတ်တဲ့ အလေ့အကျင့်ရအောင် သင်ပေးပါ။ အသက် ၄ နှစ်လောက်ဆို ထမင်းကျန်၊ ဟင်းကျန်တွေကို အမှိုက်ပုံးထဲ သွန်ပြီးမှ ပန်းကန်ကို ပန်းကန်ဆေး ဇလုံထဲ ထည့်တဲ့အကျင့်ရအောင် သင်ပေးပါ။

၁၆။ အသက် ၃ နှစ်လောက်မှာ အင်္ကျီဇစ် တပ်တာ၊ ဖြုတ်တာနဲ့ အင်္ကျီကြယ်သီး တတ်တာ ဖြုတ်တာ ကိုယ်တိုင်လုပ်တတ်အောင် သင်ပေးပါ။


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *