mmpopsci.com

အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအတွက် သက်သေ အသစ်


အိုင်းစတိုင်းရဲ့ အထွေထွေ နှိုင်းရနိယာမ (General Theory of Relativity) ကို တင်ပြခဲ့တာ ၁၉၁၆ ခုနှစ်ကမို့ အခုဆို နှစ် ၁၀၀ တောင် ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ သီအိုရီက တင်ပြခဲ့တဲ့ အချက်တွေ မှန်ကန်ကြောင်း သက်သေတွေက ယခု အချိန်ထိ ထွက်ပေါ်လာဆဲ ဖြစ်ပါတယ်။အခုလဲ သူ့ရဲ့ နှိုင်းရ သီအိုရီ မှန်ကန်ကြောင်း သက်သေ အသစ် ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ ပြန်ပါပြီ။ တနည်း အားဖြင့် နောက်ထပ်…

March 28, 2022

Read more

အင်္ဂါဂြိုဟ် ပေါ်က အသံလှိုင်းရဲ့ အလျင်


အင်္ဂါဂြိုဟ် ပေါ်မှာ အသံရဲ့ အမြန်နှုန်းကို သိပ္ပံ ပညာရှင်တွေ အောင်မြင်စွာ တိုင်းတာ နိုင်ခဲ့ ကြပါတယ်။ အင်္ဂါဂြိုဟ် လေ့လာရေး ယာဉ်ပေါ် တပ်ဆင်ထားတဲ့ မိုက်ကရိုဖုန်း၊ လေဆာ အကွာအဝေးတိုင်း ကိရိယာ တို့ကို အသုံးပြုပြီး သင်္ချာနည်းနဲ့ တိုင်းတာ တွက်ချက် ခဲ့တာလို့ သိရပါတယ်။ ဒါဟာ သိပ္ပံ ပညာရှင် တွေအနေနဲ့ အင်္ဂါဂြိုဟ် (မားစ်) ပေါ်မှာ အသံရဲ့ အလျင်ကို ပထမဆုံး တိုင်းတာနိုင် ခဲ့တာ ဖြစ်ပါတယ်။အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် ပါဆီးဗရင့် (Perseverance)…

March 27, 2022

Read more

စကြာဝဠာ အတွင်း ဂြိုဟ်ပေါင်း ၅,၀၀၀ ကျော် ရှာတွေ့ထားပြီ


နာဆာ အဖွဲ့ကြီးရဲ့ ထုတ်ပြန် ကြေငြာ ချက်အရ လက်ရှိ အချိန်အထိ နေအဖွဲ့အစည်း ပြင်ပ စကြာဝဠာ အတွင်းမှာ ဂြိုဟ်ပေါင်း ၅,၀၀၀ တိတိ ရှာဖွေ တွေ့ရှိ ထားပြီလို့ သိရပါတယ်။ ဒီ အရေအတွက်ဟာ ဂြိုဟ်ဖြစ်ကြောင်း တိတိကျကျ သက်သေ ပြနိုင်တဲ့ အရေအတွက်ပဲ ဖြစ်ပြီး အတိအကျ သက်သေမပြ နိုင်သေးတဲ့ ဂြိုဟ်လို့ ယူဆရတဲ့ အရာတွေ ထည့်သွင်း ရေတွက်ထားခြင်း မရှိပါဘူး။ဒီ ပြင်ပဂြိုဟ် (Exoplanet) တွေရဲ့ စာရင်းကို နာဆာ အဖွဲ့ကြီးက…

March 24, 2022

Read more

ထူးဆန်းတဲ့ အယ်လ်နတ်ဆလာ ကျောက်တုံးကြီးရဲ့ ပဟေဠိ


ဆော်ဒီ သဲကန္တာရ ထဲက အယ်လ် နတ်ဆလာ (Al Naslaa) ကျောက်တုံးကြီးဟာ သဘာဝ အတိုင်း ဖြစ်နေတာပါလို့ ပြောရင် ယုံကြမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီကျောက်တုံးကြီး အလယ်က တိတိရိရိ ထက်ခြမ်း ဖြစ်နေတာဟာ တကယ့် ပဟေဠိ တခု ဖြစ်နေပါတယ်။ဆော်ဒီ အာရေးဗီးယား နိုင်ငံ သဲကန္တာရ ထဲက အယ်လ်နတ်ဆလာ ကျောက်တုံးကြီးဟာ ဘူမိဗေဒ ပညာရှင် တွေအတွက် တကယ့်ကို ပဟေဠိ တစ်ပုဒ် ဖြစ်နေပါတယ်။ဒီကျောက်တုံးကြီးဟာ အလယ်ကနေ တိတိရိရိ ထက်ခြမ်း…

March 23, 2022

Read more

ကမ္ဘာ့ သံလိုက်မြောက်ဝင်ရိုးစွန်း နေရာရွေ့ပြောင်းနေ


ကမ္ဘာ့ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ယခင်က ရှိခဲ့တဲ့ နေရာကနေ အခြား နေရာကို လျင်မြန်စွာ ရွေ့လျား နေတယ်လို့ သိပ္ပံ ပညာရှင် တွေက စာတမ်း တစ်စောင်မှာ တင်ပြ ထားပါတယ်။ကမ္ဘာ့ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာလည်တဲ့ ဝင်ရိုးနဲ့ မတူပါဘူး။ ကမ္ဘာရဲ့ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာ့ လည်တဲ့ ဝင်ရိုးနဲ့ဆို လွဲနေပါတယ်။သံလိုက် မြောက်ဝင်ရိုးစွန်း တည်နေရာကို ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိခဲ့တာ ၁၈၃၁ ခုနှစ်က ဖြစ်ပါတယ်။ ဗြိတိသျှ…

March 21, 2022

Read more

ကမ္ဘာဟာ black hole တခုရဲ့ ဝါးမြိုခြင်း ခံရနိုင်သလား


Black hole တွင်းနက် ဆိုတာက အာကာသထဲမှာ ရှိတဲ့ တွင်းကို ပြောတာ မဟုတ်ပါဘူး။ အလွန် ကြီးမားတဲ့ ဒြပ်ဝတ္ထု တွေ အရမ်းကို သိပ်သည်းသွားပြီးနောက် ကြီးမားတဲ့ ဆွဲငင်အားကြောင့် အရာဝတ္ထု တွေကို မလွတ်တမ်း ဖမ်းဆွဲထား နိုင်တဲ့ ရပ်ဝန်း တစ်ခုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆွဲငင်အားက ပြင်းထန်လွန်း တာမို့ အလင်းတောင်မှ လွတ်ထွက် မသွားအောင် ဆွဲထား နိုင်ပါတယ်။ တွင်းနက်ရဲ့ နှုတ်ခမ်းဝ အရောက်မှာ အချိန်ဟာ ရပ်တန့် သွားပါတယ်။…

March 21, 2022

Read more

သက်တမ်းအရင့်ဆုံး မံမီ ရှာဖွေတွေ့ရှိ


ကမ္ဘာပေါ်မှာ သက်တမ်း အစောဆုံး မံမီ ဟာ အီဂျစ်ပြည်က မဟုတ်ပဲ ဥရောပ တိုက်က ဖြစ်တယ်လို့ ရှေးဟောင်း သုတေသနေ အဖွဲ့တစ်ခုက တင်ပြတဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က ပေါ်တူဂီ နိုင်ငံ တောင်ပိုင်းက နှစ် ၈,၀၀၀ ခန့် သက်တမ်းရှိတဲ့ ရှေးဟောင်း သင်္ချိုင်းဟောင်း တစ်ခုကို ရှေးဟောင်း သုတေသီတွေ တူးဖော်စဉ်က တွေ့ရှိခဲ့ရတဲ့ ရုပ်ကြွင်းတွေကို ဓါတ်ပုံ ရိုက်ယူ ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီ…

March 20, 2022

Read more

နက္ခတ် ပညာရှင် ထိုင်းဘုရင်ကြီး မောင်းကွတ်


ထိုင်းနိုင်ငံက ရှေးဘုရင်တွေနဲ့ ပါတ်သက်ရင် မြန်မာပြည်က သူတွေ (သိတဲ့ သူတွေ) က ချူလာ ဘုရင်ကြီးကို သာ သိကြတဲ့သူ များပါတယ်။ သူ့လက်ထက်မှာ ထိုင်းက ပြုပြင် ပြောင်းလဲ မှုတွေ ပြုလုပ် ခဲ့တာ ကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်း ထိုင်းမှာ ပြုပြင် ပြောင်းလဲမှုကို မျိုးစေ့ချ ပေးခဲ့တာက မောင်းကွတ် ဘုရင်ကြီး ဖြစ်ပါတယ်။မောင်းကွတ် ဘုရင်ကြီး (King Mongkut, Rama IV) ဆိုတာက ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ချူလာလောင်ကောင်း…

March 18, 2022

Read more

James Webb တယ်လီစကုပ်ကြီးရဲ့ ကြည်လင်ပြတ်သားသော ပုံရိပ် နာဆာထုတ်ပြန်


ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီးရဲ့ အလင်းပြန် ကြေးမုံမှန်ချပ် တွေကို အသေးစိတ် နေရာချတဲ့ လုပ်ငန်းစဉ်ဟာ ပြီးစီးလု နီးပါး ရှိနေပြီလို့ နာဆာ အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကြေငြာ ခဲ့ပါတယ်။ဒီ သတင်းစာ ရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ဒီ James Webb တယ်လီစကုပ်ကြီးက ဖမ်းယူရရှိတဲ့ ပုံရိပ်တွေက မျှော်မှန်း ထားခဲ့တာ ထက်တောင် ပိုပြီး ကြည်လင် ပြတ်သားမှု ရှိနေတဲ့ အနေအထား တွေ့ကြရတယ်လို့ ပြောကြား ခဲ့ပါတယ်။ဒီ သတင်းစာ ရှင်းလင်းပွဲ မှာပဲ…

March 17, 2022

Read more

AI ဉာဏ်ရည်တု တိုက်ခိုက်ရေး ဒရုန်းများရဲ့ အန္တရာယ်


အနာဂါတ်မှာ ဖြစ်လာနိင်တဲ့ အဖြစ်အပျက် တစ်ခုကို စဉ်းစား ကြည့်ကြ ရအောင်ပါ။ လာမယ့် နှစ်အနည်းငယ် ကာလမှာ ပိုလန်နိုင်ငံ အရှေ့ဖက် နယ်စပ် တစ်နေရာမှာ အမေရိကန် တပ်မတော် တပ်ဖွဲ့ဝင် တွေနဲ့ မဟာမိတ် ပိုလန် တပ်ဖွဲ့ဝင် တွေဟာ စစ်လေ့ကျင့်ခန်း တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စစ်လေ့ကျင့်ခန်း ပြီးလို့ ခန နားနေ ကြချိန်မှာ ပျားတွေ ပျံနေသလို အသံမျိုး အရှေ့ဖက် အရပ်ဆီက ထွက်ပေါ် လာပါတယ်။ ဒီ အသံနဲ့ မရှေးမနှောင်း မှာပဲ…

March 17, 2022

Read more

မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုက ပေါက်ကွဲမှုများ


ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီးရဲ့ အလယ်ဗဟိုမှာ အလွန် ကြီးမားတဲ့ မဟာ တွင်းနက်ကြီး (Supermassive Black Hole) တစ်ခု ရှိနေပါတယ်။ ဒီ တွင်းနက်ကြီးကို Sagittarius A* ဆက်ဂျစ်တေးရီးယပ်စ် အေ လို့ အမည် ပေးထားပါတယ်။ ဒီ မဟာ တွင်းနက်ကြီးဟာ ကမ္ဘာကနေဆို အလင်းနှစ် ၂၆,၀၀၀ လောက် ကွာဝေးပါတယ်။ ဒီ တွင်းနက်ကြီးရဲ့ ဒြပ်ထုဟာ နေ အလုံးပေါင်း ၄ သန်းလောက် ပမာဏနဲ့ ညီမျှပါတယ်။ဒီ Sagittarius…

March 15, 2022

Read more

ကွေဆာ (သို့) စကြာဝဠာရဲ့ အတောက်ပဆုံး အရာဝတ္ထုများ


ကွေဆာ Quasar ဆိုတာဘာလဲQuasar ဆိုတဲ့ စကားလုံးဟာ quasi-stellar radio source (ကြယ်နှင့် ဆင်ဆင်တူသော ရေဒီယိုလှိုင်း ထုတ်လွှတ်ရာ ပင်ရင်း) ဆိုတဲ့ စကားစုရဲ့ အတိုကောက် ဖြစ်ပါတယ်။ ကွေဆာ တွေဟာ ဒီအမည် ဘာလို့ ရလာတာလဲ ဆိုတော့ သူတို့ကို စတွေ့စက ဒီ အရာဝတ္ထုတွေဟာ ကြယ်တွေနဲ့ ခပ်ဆင်ဆင် တူတယ်လို့ ထင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။သူတို့က ၁၉၅၀ ကျော် နှစ်တွေ အတွင်းမှာ စတင်ပြီး နက္ခတ် ပညာရှင်တွေ သတိပြုမိ…

March 14, 2022

Read more