မကြာမီ တိုက်မိကြမယ့် ဧရာမ Black Hole စုံတွဲ ရှာတွေ့

နက္ခတ် ပညာရှင် တွေဟာ တစ်ခုနဲ့ တစ်ခု တိုက်မိခါနီး မဟာ ဧရာမ တွင်းနက်ကြီး (Supermassive Black Hole) နှစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီတွင်းနက်ကြီး နှစ်ခု တိုက်မိတဲ့ အခါမှာ ပြင်းထန်တဲ့ ဆွဲငင်အား လှိုင်းတွေ ထွက်ပေါ်လာပြီး အချိန် နဲ့ ဟင်းလင်းပြင် (Space time) ကို ပြင်းထန်စွာ ခါယမ်း သွားစေလိမ့်မယ် လို့ ဆိုပါတယ်။အခု တွေ့ရတဲ့ black hole တွင်းနက်ကြီး နှစ်ခုဟာ…
March 12, 2022
Read more
ပိရမစ် တွေကို ဘယ်သူတွေ တည်ဆောက်ခဲ့ သလဲ

အီဂျစ်ပြည်က ပိရမစ် ကြီးတွေဟာ ရှေးဟောင်းခေတ်ရဲ့ ကမ္ဘာ့အံ့ဖွယ် တစ်ပါး ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အလွန် ကြီးမားတဲ့ ပိရမစ်ကြီး တွေကို တည်ဆောက်ဖို့ ဆိုတာ အတော်လေးတော့ မလွယ်တဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။ ဒီလောက် ကြီးမားတဲ့ ပိရမစ် ကြီးတွေကို ဘယ်သူတွေက တည်ဆောက်ခဲ့ ကြတာလဲ။အီဂျစ် ပိရမစ် ကြီးတွေကို ဘယ်သူတွေ တည်ဆောက်ခဲ့လဲ ဆိုတာနဲ့ ပါတ်သက်တဲ့ သီအိုရီတွေ အများအပြား ရှိပါတယ်။အချို့ ပညာရှင် တွေက သမ္မာ ကျမ်းစာပါ…
March 10, 2022
Read more
ကမ္ဘာ့ အားအကောင်းဆုံး သံလိုက်စက်ကွင်း ဖန်တီးအပြီး ဓါတ်ခွဲခန်း ပေါက်ကွဲသွား

ကမ္ဘာ့ အားအကောင်းဆုံး သံလိုက်စက်ကွင်းကို ဂျပန်နိုင်ငံက သိပ္ပံ ပညာရှင်တွေက ၂၀၁၈ ခုနှစ်မှာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ သံလိုက် စက်ကွင်း ဖန်တီး အပြီးမှာပဲ သံလိုက်စက်ကွင်း ဖန်တီးတဲ့ စက်ဟာ ပြင်းထန်တဲ့ လျှပ်စစ်သံလိုက်ဒါဏ်ကို မခံနိုင်ပဲ ပေါက်ကွဲ ထွက်သွား ခဲ့ပါတယ်။ဒီ ကမ္ဘာ့ အားအကောင်းဆုံး သံလိုက်စက်ကွင်းကို တိုကျို တက္ကသိုလ် ရူပဗေဒ ဌာနက ပညာရှင် တွေက ဖန်တီးခဲ့ ကြတာ ဖြစ်ပါတယ်။“သံလိုက်စက်ကွင်း ပြင်းအား တက်စလာ…
March 9, 2022
Read more
အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းက ရုရှားထွက်မယ်ဆို SpaceX ကကူမယ်

ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ယူကရိန်း ကျူးကျော်စစ်ဟာ ကမ္ဘာမြေပြင် ပေါ်မှာ တင်မက အာကာသ ထဲအထိပါ ရိုက်ခတ်လို့ လာပါတယ်။ အထူးသဖြင့် အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (International Space Station, ISS) ပေါ်မှာပေါ့။အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (ISS) ပေါ်မှာ အမေရိကန်နဲ့ အနောက် အုပ်စု အာကာသ ယာဉ်မှူးတွေ နဲ့အတူ ရုရှား ယာဉ်မှူး တွေလဲ အတူတကွ ပူးတွဲ တာဝန် ထမ်းဆောင် နေကြပါတယ်။…
March 7, 2022
Read more
ဂလက်ဆီ တွေကြား တွယ်ရာမဲ့ လွင့်မြောနေတဲ့ ကြယ်များ

ဂလက်ဆီ တစ်ခုခုထဲ မပါဝင်ပဲ အာကာသ ဟင်းလင်းပြင်ထဲ လွင့်မြောနေတဲ့ သင်းကွဲ ကြယ်တွေ ရှိနိုင်သလား။ ကြယ်တစ်စင်းဟာ သူ့မိခင် ဂလက်ဆီရဲ့ ဆွဲအားကနေ လွတ်မြောက်လာပြီး ဂလက်ဆီ တွေအကြား ဟင်းလင်းပြင်ထဲ လွင့်မြော နေနိုင် မလား။နက္ခတ် ပညာနဲ့ စကြာဝဠာ ကြီးအကြောင်း နည်းနည်း ပါးပါး လေ့လာဖူးတဲ့သူ ဆိုရင် စကြာဝဠာ ထဲက ဂြိုဟ်တွေ လတွေ ကြယ်တာရာတွေ နောက်ပြိး သူ့ထက် ကြီးတဲ့ ဂလက်ဆီတွေ ဘယ်လို ဖွဲ့စည်း တည်ဆောက် ထားသလဲ…
March 7, 2022
Read more
ကက်ပလာ တယ်လီစကုပ်ကြီး ဘယ်ရောက်သွားလဲ

ကက်ပလာ အာကာသ တယ်လီစကုပ်ကို ကျွန်တော်တို့ “သိပ္ပံ” ရဲ့ အာကာသ ဆောင်းပါးတွေကို ဂရုတစိုက် ဖတ်ရှုကြတဲ့ သူတွေ မကြာခန ဖတ်မိကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နေ အဖွဲ့အစည်းရဲ့ ပြင်ပက Exoplanet လို့ခေါ်တဲ့ ပြင်ပဂြိုဟ်တွေ (အခြား ကြယ်တွေကို ပတ်နေတဲ့ ဂြိုဟ်တွေ) အကြောင်း ရေးထားတဲ့ ဆောင်းပါး အများစုမှာ ဒီ ကက်ပလာ အာကာသ မှန်ပြောင်းကြီး အမည်ဟာ မကြာခန ပါနေကျ အမည် ဖြစ်ပါတယ်။ဒါဆို အခု ဒီ ကက်ပလာ…
March 7, 2022
Read more
Antimatter (ဆန့်ကျင်ဒြပ်) ဆိုတာဘာလဲ

ဆန့်ကျင်ဒြပ် (antimatter) ဆိုတာက ဒြပ်ပစ္စည်း တစ်မျိုးတည်းကို ခေါ်ဆိုတဲ့ အမည် မဟုတ် ပါဘူး။ ဆန့်ကျင်ဒြပ် ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပုံမှန် ရှိနေတဲ့ ဒြပ်ဝတ္ထု တွေနဲ့ အရွယ်တူ၊ ဒြပ်တူ၊ သဘာဝ တူညီပြီး လျှပ်စစ် ဓါတ်အား အဖို အမပဲ ပြောင်းပြန် ဖြစ်နေတဲ့ အရာဝတ္ထု တွေကို ပေးထားတဲ့ အမည် ဖြစ်ပါတယ်။ဒါကို ဥပမာ ပြရရင် အီလက်ထရွန် (electron) ဆိုတဲ့ အမှုန်လေးကို လူတိုင်းနီးပါး ကြားဖူးကြ…
March 4, 2022
Read more
မစ်ကီးဝေး ဂလက်ဆီ အတွင်းက အသေးဆုံး ကြယ်

မစ်ကီးဝေး ဂလက်ဆီ အတွင်းမှာ ရှာတွေ့ခဲ့ ဖူးသမျှ ကြယ်တွေ ထဲမှာ အသေးဆုံး လို့ ပြောလို့ရတဲ့ ကြယ်ကို နက္ခတ်ပညာရှင်တွေဟာ ၂၀၁၇ ခုနှစ်က အမှတ်မထင် ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ ပညာရှင် တွေဟာ တကယ်တော့ ကြယ် သေးသေး လေးတွေကို လိုက်ရှာနေ ခဲ့တာ မဟုတ်ပါဘူး။ သူတို့ ရှာဖွေ နေခဲ့တာက နေ အဖွဲ့အစည်း ပြင်ပက ကြယ်တွေကို ပတ်နေတဲ့ ဂြိုဟ်တွေ ဖြစ်ပါတယ်။ဒီ အသစ် တွေ့ရှိခဲ့တဲ့ ကြယ်…
March 3, 2022
Read more
စကြာဝဠာ၏ လျှို့ဝှက်နံပါတ်

စကြာဝဠာ ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဂဏန်း တစ်လုံးတည်းနဲ့ အဓိပ္ပါယ် ဖော်နိုင်မလား။ အထူး ဂဏန်း တစ်လုံးဟာ စကြာဝဠာ ဖွဲ့စည်း တည်ဆောက် ပုံရဲ့ အဖြေ ဖြစ်နေနိုင် သလား။၂၀ ရာစုရဲ့ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်ကြီး တွေထဲက တစ်ဦးဖြစ်တဲ့ ရစ်ချတ် ဖိုင်းမန်း Richard Feynman (1918-1988) ကတော့ ဒီအချက်ကို ယုံကြည်ပါတယ်။ သူက ရူပဗေဒ ပညာရှင်တွေ အလေးထား ရမဲ့ နံပါတ် တစ်ခု ရှိတယ် လို့…
March 2, 2022
Read more
အာကာသဟာ ဘယ်လောက် မှောင်သလဲ

အာကာသဟာ မှောင်မဲ နေပါတယ်။ အဲ့တာကတော့ ငြင်းစရာ မလိုအောင် ထင်ရှားနေတာပါ။ တိမ်ကင်းစင် လမထွက်တဲ့ ညဖက် ကောင်းကင်ကြီးကို မော့ကြည့်လိုက် ပါဗျာ။ ကြယ်တွေ ကြားထဲမှာ အာကာသကြီး ဘယ်လောက် မှောင်မဲ နေသလဲ ဆိုတာ ထင်ထင်ရှားရှား မြင်ရမှာပါ။ကျွန်တော်တို့ ကမ္ဘာက နေ အဖွဲ့အစည်းထဲ ရောက်နေပါတယ်။ ဒီတော့ နေကနေ ထုတ်လွှတ်တဲ့ အပူနဲ့ အလင်းရောင်ကို ရတော့ နေ့ဖက်ဆို လင်းထိန် နေတာပေါ့။ ဒါပေမယ့် နေကွယ်နေတဲ့ ညဖက်လို အခါမျိုးမှာဆို ကောင်းကင်မှာ ကြယ်တွေ…
March 2, 2022
Read more
ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီး ယူကရိန်း စစ်ပွဲ အတွင်း ပျက်စီး

မြီရာ (Mriya) လို့ အမည်ပေး ထားတဲ့ ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီးဟာ ရုရှား စစ်တပ်ရဲ့ ဖျက်ဆီးခြင်း ခံရမှုကြောင့် ပျက်စီးသွား ခဲ့ပြီလို့ ယူကရိန်း အစိုးရက ကြေငြာခဲ့ပါတယ်။Antonov An-225 “Mriya” လေယာဉ်ကြီးကို ယူကရိန်း နိုင်ငံရဲ့ မြို့တော် ကီးယက်ဗ် မြို့ အနီးက အန်တိုနော့ဗ် လေယာဉ်ကွင်းမှာ ရပ်နားထားစဉ် ရုရှား စစ်တပ် ရဲ့ တိုက်ခိုက် မှုကြောင့် ပျက်စီးသွားတာဖြစ်ကြောင်း သိရပါတယ်။“ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီး ဖြစ်တဲ့ Mriya…
February 28, 2022
Read more
ကမ္ဘာနှင့် အရွယ်တူ ဂြိုဟ်များရှာတွေ့

ကမ္ဘာနဲ့ အရွယ် အစား တူညီတဲ့ ဂြိုဟ်တစ်စင်းကို မစ်ကီးဝေး ဂလက်ဆီ ထဲမှာ ရှာတွေ့ဖို့ ဆိုတာ တကယ်တော့ ထင်သလောက် မလွယ်ပါဘူး။ မစ်ကီးဝေး ထဲမှာ ရှာဖွေ တွေ့ရှိတဲ့ ဂြိုဟ် အများစုဟာ ကမ္ဘာထက် သေးရင် သေးမယ်၊ ဒါမှ မဟုတ် အရွယ် အဆမတန် ကြီးတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ရှားရှား ပါးပါး ရံဖန်ရံခါ မှသာ ကမ္ဘာနဲ့ အရွယ်တူ ဂြိုဟ် တစ်စင်းက ကြယ်တစ်စင်းကို ပတ်နေတာမျိုး ရှာဖွေ တွေ့ရှိ…
February 28, 2022
Read more