Category: Learning English

  • Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ

    Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ

    Actual က အမှန် (real) လို့ အဓိပ္ပါယ် ရပါတယ်။ Actually ကတော့ “တကယ်က”၊ အမှန်ကတော့လို့ အဓိပ္ပါယ် ရပါတယ်။ ဒီနှစ်ခုလုံးကို (၁) မှားယွင်းတဲ့ အချက်အလက်တွေကို အမှန်ပြင်တဲ့ နေရာမှာ သုံးပါတယ်။ ဥပမာ။ The book says he was 47 when he died, but his actual age was 43.“Hello John. Nice to see you again”. “Actually, my name is Richard”. (၂) မထင်မှတ်တဲ့ အချက်အလက်၊ ကိစ္စ၊ အကြောင်းအရာ တစ်ခုခုကို ပြောဆိုရင်လဲ သုံးပါတယ်။ဥပမာ။“Have […]

  • Across နဲ့ Through ဘယ်လိုသုံးမလဲ

    Across နဲ့ Through ဘယ်လိုသုံးမလဲ

    Across နဲ့ through နဲ့ ဘယ်လိုကွာသလဲ ဆိုတော့ on နဲ့ in ကွာသလို ကွာပါတယ်။ Across ကို မျက်နှာပြင် ပေါ်မှာ တစ်နေရာက တစ်နေရာကို ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။ We walk across the ice. (ရေခဲပြင်ပေါ် လမ်းလျောက်သွားတာ ဖြစ်လို့ across ကိုသုံးပါတယ်။)I walk across the square to the tea shop. (ရင်ပြင်ပေါ်က ဖြတ်လျှောက်သွားတာမို့ across ကို သုံးပါတယ်)We drove across the desert.(သဲကန္တာရ ပေါ်က ဖြတ်ပြီး ကားမောင်းသွားတာမို့လို့ across ကိုသုံးပါတယ်) Through ကိုကျတော့ ဘေးပါတ်လည်မှာ […]

  • Above and Over

    Above and Over

    Above ရော Over ရော နှစ်ခုလုံးက “အထက်မှာ” လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် သုံးပုံခြင်း မတူပါဘူး။ Example:The snow came up above/over our knees.There’s a spider on the ceiling just above/over your head. အရာဝတ္ထု တစ်ခုက အခြားတစ်ခုရဲ့ အပါ်တည့်တည့်မှာ ရှိမနေဘူးဆိုရင် Above ကို သုံးပါတယ်။ Example: We’ve got a little house above the lake. (Not “over the lake”) အရာဝတ္ထု တစ်ခုက အခြားတစ်ခု အပေါ်မှာ ရှိနေတယ်၊ ဖုံအုပ်ထားတယ် […]

  • BC & AD

    BC & AD

    ယခုနှစ်က AD 2018  ခုနှစ် ဖြစ်ပါတယ်။ မြန်လာလိုတော့ ခရစ်နှစ် ၂၀၁၈ ပေါ့။ ခရစ်တော် ပေါ်ပြီး ၂၀၁၈ ခုနှစ် အကြာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်မီ ကာလကိုတော့ BC လို့ ရေးကြပါတယ်။ ဥပမာ 55 BC (ခရစ်တော် မပေါ်မီ ၅၅ နှစ်)။  ဒီ BC နဲ့ AD ရဲ့ အတိုကောက်ကိုရော သိကြရဲ့လား။ BC ရဲ့ အတိုကောက်ကိုတော့ သိကြတဲ့သူ များပါတယ်။ ဟုတ်ပါတယ်။ BC က Before Christ ရဲ့အတိုကောက်၊ ခရစ်တော် မပေါ်မီ၊ ခရစ်တော် မတိုင်မီ ဖြစ်ပါတယ်။ AD ကရော ဘာရဲ့အတိုကောက်ဆိုတာ သိကြရဲ့လား။ […]

  • Everyday or Every day

    Everyday or Every day

    အင်္ဂလိပ်စာ သုံးတဲ့သူ တော်တော်များများ မကြာခန မှားတတ်တာကတော့ everyday နဲ့ every day ဘယ်ဟာကို ဘယ်နေရာမှာ သုံးရမှန်း သေသေချာချာ မသိကြတာပါပဲ။ အချို့က everyday (every နဲ့ day ကြားမှာ ကွက်လပ်မရှိပဲ တဆက်ထဲ ရှိတာ) ကအမှန်။ every day (ကြားမှာ ကွက်ကလပ် ပါတာ) ကအမှားလို့ ပြောကြပါတယ်။ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတချို့ ကပါ ဒီလို သင်နေကြတာ မကြာခန တွေ့ဘူးပါတယ်။ ဒါဆို everyday နဲ့ every dayဘယ်ဟာက အမှန်လဲ။ ဘယ်နေရာမှာ ဘယ်စကားလုံးကို သုံးရမလဲ ဆိုတာ ဘယ်လိုသိနိုင်မလဲ။ တကယ်တော့ everyday ရော every day […]

  • ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု […]

  • ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

    ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

    ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ […]

  • ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ

    ဒီနေ့တော့ အိမ်မှာကလေးတွေကို ဖိုးနစ်နည်းနဲ့ စာသင်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ် အက္ခရာ (alphabet) တွေကို အသံထွက် မှန်မှန်ထွက်အောင် လေ့ကျင့်နိုင်ဖို့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ဆက်ပေးထားပါတယ်။ ဖိုနစ်နည်းနဲ့ စာသင်ရာမှာ ABC စတာတွေကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး မသင်ပါဘူး။ ဒီအစား သူတို့ရဲ့ အသံထွက်ကို သင်ပါတယ်။ ဥပမာ – အ၊ ဘ၊ ခ၊ ဒ ဆိုပြီး ABCD တွေရဲ့ အသံထွက်ကို သင်ပေးတာပါ။ အင်္ဂလိပ် အက္ခရာတွေရဲ့ ဖိုးနစ် အသံထွက်တွေကို မြန်မာလို ရေးပြလို့ ဘယ်လိုမှ အသံထွက်အမှန် မရနိုင်ပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်မယ့် မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေ (ဒီစာမျက်နှာကို LIKE […]

  • သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ

    ယခုခေတ်မှာ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကလေးတွေငယ်ငယ်ကတဲက စပြီး သင်ပေးနေ ကြပါပြီ။ အင်္ဂလိပ်စာကို ငယ်ငယ်ကတဲက သင်ကြားပေးခြင်းဖြင့် ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းကိုလဲ အများကြီး တိုးတက်လာစေပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ ကျူရှင်မှာ အပ်ပြီး သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကလေးကို တကယ်အင်္ဂလိပ်စာ တတ်စေ တော်စေ ချင်တယ်ဆိုရင် အိမ်မှာလဲ ကလေးအင်္ဂလိပ်စာ လေ့လာနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာလေ့လာသင်ယူနိုင်အောင် အားပေးကူညီဖို့၊ အခွင့်အလမ်းတွေ ဖန်တီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဉာဏ် ၉ ချက်ကို ဆွေးနွေးထားပါတယ်။ (၁) သင်ကိုယ်တိုင် အင်္ဂလိပ်စာ သင်ပါ သင့်ကလေးကို အင်္ဂလိပ်စာ တော်စေတတ်စေချင်တယ်ဆိုရင် သင်လဲ အင်္ဂလိပ်စာ အတိုင်းအတာ […]

  • ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ

    မိဘတော်တော်များများဟာ အိမ်မှာ ကိုယ့်ကလေးကို အင်္ဂလိပ်စာ သင်ပေးချင် ကြပါတယ်။ ကလေးကို အင်္ဂလိပ်စာ ကျူရှင်ပို့တဲ့ မိဘတွေတောင်မှပဲ အိမ်မှာတတ်နိုင်သရွေ့ သင်ပေးချင် ကြပါတယ်။​ဒါပေမယ့် ဘယ်လိုသင်ရမလဲဆိုတာ မိဘတော်တော်များများက မသိကြပါဘူး။ အောက်မှာ မိမိကလေးကို အသက် အပိုင်းအခြားအလိုက် ဘယ်လို အင်္ဂလိပ်စာ သင်ပေးရမလဲဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ချင်တယ်၊ ဘယ်ကဘယ်လို စရမှန်း မသိဘူး ဖြစ်နေတယ် မိဘတော်တော်များများက အိမ်မှာကလေးကို အင်္ဂလိပ်စာ စသင်ပေးချင် ပေမယ့် ဘယ်ကစရမှန်း မသိ ဖြစ်နေတတ်ကြပါတယ်။ အချို့ကလဲ ကိုယ့်အင်္ဂလိပ်စာ အခြေခံက အကောင်း ကြီးမဟုတ်တော့ မစရဲတဲ့သူတွေလဲ ရှိပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ဖို့ဆိုတာ မိဘလုပ်သူက အင်္ဂလိပ်စာ အရမ်းကောင်းနေစရာ မလိုပါဘူး။ အဓိက […]