English usage

BC & AD

ယခုနှစ်က AD 2018  ခုနှစ် ဖြစ်ပါတယ်။ မြန်လာလိုတော့ ခရစ်နှစ် ၂၀၁၈ ပေါ့။ ခရစ်တော် ပေါ်ပြီး ၂၀၁၈ ခုနှစ် အကြာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်မီ ကာလကိုတော့ BC လို့ ရေးကြပါတယ်။ ဥပမာ 55 BC (ခရစ်တော် မပေါ်မီ ၅၅ နှစ်)။  ဒီ BC နဲ့ AD ရဲ့ အတိုကောက်ကိုရော သိကြရဲ့လား။ BC ရဲ့ အတိုကောက်ကိုတော့ သိကြတဲ့သူ များပါတယ်။ ဟုတ်ပါတယ်။ BC က Before Christ ရဲ့အတိုကောက်၊ ခရစ်တော် မပေါ်မီ၊ ခရစ်တော် မတိုင်မီ ဖြစ်ပါတယ်။ AD ကရော ဘာရဲ့အတိုကောက်ဆိုတာ သိကြရဲ့လား။

လူအတော်များများက AD ဟာ After Death (ခရစ်တော် ကွယ်လွန်ပြီး) ရဲ့ အတိုကောက်လို့ ထင်ကြပါတယ်။ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတွေ ကိုယ်တိုင်ကို ဒီလို ပြောပြီး သင်နေတာ ကြုံဖူးပါတယ်။ တကယ်က မဟုတ်ပါဘူး။ 

AD ရဲ့ အရှည်ကတော့ လက်တင် စကားလုံး “Anno Domini” ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့  “the year of our Lord”   ဖြစ်ပါတယ်။ မြန်မာလို ဆိုရင်တော့ “ဘုရားသခင် ၏ နှစ်” ဖြစ်ပါတယ်။ ခရစ်နှစ်လို့ ပြန်ကြပါတယ်။ ခရစ်တော် ဖွားမြင်တဲ့ နှစ်ကနေ စရေတွက်တာ ဖြစ်ပါတယ်။ ခရစ်တော် ကွယ်လွန်တဲ့ နှစ်ကနေ ရေတွက်တာ မဟုတ်ပါဘူး။ 

AD ခုနှစ်တွေကို ရေးတဲ့ အခါမှာ ခုနှစ်ဂဏန်းကို AD ရဲ့ နောက်မှာ ထားရေးရပါတယ်။ ဥပမာ AD 1900, AD 655 စသဖြင့်ပေါ့။ BC ကို ရေးတဲ့ အခါကျတော့ ခုနှစ် ဂဏန်းကို BC ရဲ့ အရှေ့က အရင်ရေးရပါတယ်။ ဥပမာ 233 BC။ 

နောက်တစ်ခု သိရမှာက BC နှစ်တွေကို နောက်ပြန်ရေတွက် ရတယ် ဆိုတာပါပဲ။ ဒါ့ကြောင် 45 BC ပြီးရင် နောက်တစ်နှစ်က 44 BC ဖြစ်ပါတယ်။ ပြီးတော့ 1 BC ပြီးရင် 0 BC မဟုတ်ပါဘူး။ AD 0 လဲ မဟုတ်ပါဘူး။ 0 BC ဆိုတာ မရှိသလို AD 0 လဲ မရှိပါဘူး။ 1 BC ပြီးတာနဲ့ နောက်တစ်နှစ်က AD 1 ဖြစ်ပါတယ်။


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *