Tag: english

  • Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ

    Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ

    Actual က အမှန် (real) လို့ အဓိပ္ပါယ် ရပါတယ်။ Actually ကတော့ “တကယ်က”၊ အမှန်ကတော့လို့ အဓိပ္ပါယ် ရပါတယ်။ ဒီနှစ်ခုလုံးကို (၁) မှားယွင်းတဲ့ အချက်အလက်တွေကို အမှန်ပြင်တဲ့ နေရာမှာ သုံးပါတယ်။ ဥပမာ။ The book says he was 47 when he died, but his actual age was 43.“Hello John. Nice to see you again”. “Actually, my name is Richard”. (၂) မထင်မှတ်တဲ့ အချက်အလက်၊ ကိစ္စ၊ အကြောင်းအရာ တစ်ခုခုကို ပြောဆိုရင်လဲ သုံးပါတယ်။ဥပမာ။“Have […]

  • Across နဲ့ Through ဘယ်လိုသုံးမလဲ

    Across နဲ့ Through ဘယ်လိုသုံးမလဲ

    Across နဲ့ through နဲ့ ဘယ်လိုကွာသလဲ ဆိုတော့ on နဲ့ in ကွာသလို ကွာပါတယ်။ Across ကို မျက်နှာပြင် ပေါ်မှာ တစ်နေရာက တစ်နေရာကို ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။ We walk across the ice. (ရေခဲပြင်ပေါ် လမ်းလျောက်သွားတာ ဖြစ်လို့ across ကိုသုံးပါတယ်။)I walk across the square to the tea shop. (ရင်ပြင်ပေါ်က ဖြတ်လျှောက်သွားတာမို့ across ကို သုံးပါတယ်)We drove across the desert.(သဲကန္တာရ ပေါ်က ဖြတ်ပြီး ကားမောင်းသွားတာမို့လို့ across ကိုသုံးပါတယ်) Through ကိုကျတော့ ဘေးပါတ်လည်မှာ […]

  • BC & AD

    BC & AD

    ယခုနှစ်က AD 2018  ခုနှစ် ဖြစ်ပါတယ်။ မြန်လာလိုတော့ ခရစ်နှစ် ၂၀၁၈ ပေါ့။ ခရစ်တော် ပေါ်ပြီး ၂၀၁၈ ခုနှစ် အကြာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်မီ ကာလကိုတော့ BC လို့ ရေးကြပါတယ်။ ဥပမာ 55 BC (ခရစ်တော် မပေါ်မီ ၅၅ နှစ်)။  ဒီ BC နဲ့ AD ရဲ့ အတိုကောက်ကိုရော သိကြရဲ့လား။ BC ရဲ့ အတိုကောက်ကိုတော့ သိကြတဲ့သူ များပါတယ်။ ဟုတ်ပါတယ်။ BC က Before Christ ရဲ့အတိုကောက်၊ ခရစ်တော် မပေါ်မီ၊ ခရစ်တော် မတိုင်မီ ဖြစ်ပါတယ်။ AD ကရော ဘာရဲ့အတိုကောက်ဆိုတာ သိကြရဲ့လား။ […]

  • Everyday or Every day

    Everyday or Every day

    အင်္ဂလိပ်စာ သုံးတဲ့သူ တော်တော်များများ မကြာခန မှားတတ်တာကတော့ everyday နဲ့ every day ဘယ်ဟာကို ဘယ်နေရာမှာ သုံးရမှန်း သေသေချာချာ မသိကြတာပါပဲ။ အချို့က everyday (every နဲ့ day ကြားမှာ ကွက်လပ်မရှိပဲ တဆက်ထဲ ရှိတာ) ကအမှန်။ every day (ကြားမှာ ကွက်ကလပ် ပါတာ) ကအမှားလို့ ပြောကြပါတယ်။ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတချို့ ကပါ ဒီလို သင်နေကြတာ မကြာခန တွေ့ဘူးပါတယ်။ ဒါဆို everyday နဲ့ every dayဘယ်ဟာက အမှန်လဲ။ ဘယ်နေရာမှာ ဘယ်စကားလုံးကို သုံးရမလဲ ဆိုတာ ဘယ်လိုသိနိုင်မလဲ။ တကယ်တော့ everyday ရော every day […]

  • ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု […]

  • ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

    ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

    ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ […]

  • အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

    ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် […]

  • Oxford Reading Tree

    ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာသင်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးဖို့ လိုပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တဲ့ နေရာမှာ တွေရာစာအုပ်တွေ လျှောက်ပေးဖတ်နေမယ့်အစား ကလေးရဲ့ အသက်၊ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို တဆင့်ချင်း ပေးဖတ်သွားတာဟာ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်တိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလို အဆင့်အလိုက် အင်္ဂလိပ်စာ စာအုပ်တွေ အဆင့်သတ်မှတ်ရာမှာ Oxford Reading Tree ဟာ နံမည်ကျော်ပါတယ်။ အင်္ဂလန်က အစိုးရ မူလတန်းကျောင်း ၈၀% လောက်ဟာ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ ဒီ Oxford Readig Tree Grading System ကို အသုံးပြုကြပါတယ်။ […]

  • ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

    ဒီတစ်ပါတ်တော့ ပထမဆုံး ဖိုးနစ် သင်ခန်းစာအနေနဲ့ ကျောင်းစမနေသေးတဲ့ သင့်ကလေးကို ဖိုးနစ်အသံထွက်တွေနဲ့ နီးစပ်အောင် ဘယ်လိုစ သင်ကြား ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဘာမှ အထူတလယ် ကုန်ကျစရာ မလိုပါဘူး။ ကတ်ထူပြားလေးတွေပေါ်မှာ ရောင်စုံခဲတံ နဲ့ A, B, C ရေးပြီး သင်တာပါ။ ဒီကတ်လေးတွေကို Flash Card ဖလက်ရှ်ကတ် တွေလို့ ခေါ်ပါတယ်။ အိမ်မှာ ငွေမကုန်ပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဖလက်ရှ်ကတ်လေးတွေလုပ်ပါ ပထမဆုံး လိုတာက ဖလက်ရှ်ကတ်တွေပါ။ ဆိုင်က ကတ်ထူစက္ကူပြားတွေ ဝယ်ပြီး ဖဲချပ်အရွယ်လေးတွေ ညှပ်လိုက်ပါ။ ပြီးရင် ရောင်စုံခဲတံနဲ့ အေကနေ ဇက်အထိ (A – Z) တစ်ကတ်ကို စာလုံးတစ်လုံး ချရေးပါ။ […]

  • Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်

    အခုတလော နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်ကြားနည်း အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ ဒီဖိုးနစ်နည်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ စတင်သုံးစွဲ လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃- ၄ နှစ် လောက်ကစလို့ နိုင်ငံတကာ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာ ကြပါတယ်။ ဒီဖိုးနစ်နည်း ဆိုတာဘာလဲ။ ဘယ်လို သင်ရမှာလဲ။ ဘာသင်ကြားရေး ပစ္စည်းတွေ လိုမလဲ။ ဒီနည်းနဲ့ ကိုယ့်ခလေးကို အင်္ဂလိပ်စာ သင်ရင် ဘယ်လောက်ကုန်မှာလဲ။ အိမ်မှာရော သင်လို့ ရမလား။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ရော ကိုယ့်ကျောင်းသားတွေကို သင်ပေးလိုရင် ဘယ်လိုသင်ရမလဲ အစရှိတာတွေကို ရှင်ပြသွားမှာ ဖြစ်ပါတယ်။ ဖိုးနစ်နည်းဆိုတာ ဘာလဲ […]