Tag: learning

  • ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

    ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

    ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ […]

  • Tips for Reading together with kids

    Tips for Reading together with kids

    ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ ကလေးက […]

  • ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

    အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု […]

  • ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

    ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

    ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ – ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ – ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ […]

  • ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

    ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

    ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ […]

  • ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

    ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

    ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ် ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ […]

  • ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

    ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် […]

  • အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

    ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် […]

  • ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

    ဒီတစ်ပါတ်တော့ ပထမဆုံး ဖိုးနစ် သင်ခန်းစာအနေနဲ့ ကျောင်းစမနေသေးတဲ့ သင့်ကလေးကို ဖိုးနစ်အသံထွက်တွေနဲ့ နီးစပ်အောင် ဘယ်လိုစ သင်ကြား ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဘာမှ အထူတလယ် ကုန်ကျစရာ မလိုပါဘူး။ ကတ်ထူပြားလေးတွေပေါ်မှာ ရောင်စုံခဲတံ နဲ့ A, B, C ရေးပြီး သင်တာပါ။ ဒီကတ်လေးတွေကို Flash Card ဖလက်ရှ်ကတ် တွေလို့ ခေါ်ပါတယ်။ အိမ်မှာ ငွေမကုန်ပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဖလက်ရှ်ကတ်လေးတွေလုပ်ပါ ပထမဆုံး လိုတာက ဖလက်ရှ်ကတ်တွေပါ။ ဆိုင်က ကတ်ထူစက္ကူပြားတွေ ဝယ်ပြီး ဖဲချပ်အရွယ်လေးတွေ ညှပ်လိုက်ပါ။ ပြီးရင် ရောင်စုံခဲတံနဲ့ အေကနေ ဇက်အထိ (A – Z) တစ်ကတ်ကို စာလုံးတစ်လုံး ချရေးပါ။ […]

  • Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်

    အခုတလော နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်ကြားနည်း အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ ဒီဖိုးနစ်နည်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ စတင်သုံးစွဲ လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃- ၄ နှစ် လောက်ကစလို့ နိုင်ငံတကာ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာ ကြပါတယ်။ ဒီဖိုးနစ်နည်း ဆိုတာဘာလဲ။ ဘယ်လို သင်ရမှာလဲ။ ဘာသင်ကြားရေး ပစ္စည်းတွေ လိုမလဲ။ ဒီနည်းနဲ့ ကိုယ့်ခလေးကို အင်္ဂလိပ်စာ သင်ရင် ဘယ်လောက်ကုန်မှာလဲ။ အိမ်မှာရော သင်လို့ ရမလား။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ရော ကိုယ့်ကျောင်းသားတွေကို သင်ပေးလိုရင် ဘယ်လိုသင်ရမလဲ အစရှိတာတွေကို ရှင်ပြသွားမှာ ဖြစ်ပါတယ်။ ဖိုးနစ်နည်းဆိုတာ ဘာလဲ […]