Tag: phonics

  • ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ

    ဒီနေ့တော့ အိမ်မှာကလေးတွေကို ဖိုးနစ်နည်းနဲ့ စာသင်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ် အက္ခရာ (alphabet) တွေကို အသံထွက် မှန်မှန်ထွက်အောင် လေ့ကျင့်နိုင်ဖို့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ဆက်ပေးထားပါတယ်။ ဖိုနစ်နည်းနဲ့ စာသင်ရာမှာ ABC စတာတွေကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး မသင်ပါဘူး။ ဒီအစား သူတို့ရဲ့ အသံထွက်ကို သင်ပါတယ်။ ဥပမာ – အ၊ ဘ၊ ခ၊ ဒ ဆိုပြီး ABCD တွေရဲ့ အသံထွက်ကို သင်ပေးတာပါ။ အင်္ဂလိပ် အက္ခရာတွေရဲ့ ဖိုးနစ် အသံထွက်တွေကို မြန်မာလို ရေးပြလို့ ဘယ်လိုမှ အသံထွက်အမှန် မရနိုင်ပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်မယ့် မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေ (ဒီစာမျက်နှာကို LIKE […]

  • ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

    ဒီတစ်ပါတ်တော့ ပထမဆုံး ဖိုးနစ် သင်ခန်းစာအနေနဲ့ ကျောင်းစမနေသေးတဲ့ သင့်ကလေးကို ဖိုးနစ်အသံထွက်တွေနဲ့ နီးစပ်အောင် ဘယ်လိုစ သင်ကြား ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဘာမှ အထူတလယ် ကုန်ကျစရာ မလိုပါဘူး။ ကတ်ထူပြားလေးတွေပေါ်မှာ ရောင်စုံခဲတံ နဲ့ A, B, C ရေးပြီး သင်တာပါ။ ဒီကတ်လေးတွေကို Flash Card ဖလက်ရှ်ကတ် တွေလို့ ခေါ်ပါတယ်။ အိမ်မှာ ငွေမကုန်ပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဖလက်ရှ်ကတ်လေးတွေလုပ်ပါ ပထမဆုံး လိုတာက ဖလက်ရှ်ကတ်တွေပါ။ ဆိုင်က ကတ်ထူစက္ကူပြားတွေ ဝယ်ပြီး ဖဲချပ်အရွယ်လေးတွေ ညှပ်လိုက်ပါ။ ပြီးရင် ရောင်စုံခဲတံနဲ့ အေကနေ ဇက်အထိ (A – Z) တစ်ကတ်ကို စာလုံးတစ်လုံး ချရေးပါ။ […]

  • Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်

    အခုတလော နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်ကြားနည်း အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ ဒီဖိုးနစ်နည်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ စတင်သုံးစွဲ လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃- ၄ နှစ် လောက်ကစလို့ နိုင်ငံတကာ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာ ကြပါတယ်။ ဒီဖိုးနစ်နည်း ဆိုတာဘာလဲ။ ဘယ်လို သင်ရမှာလဲ။ ဘာသင်ကြားရေး ပစ္စည်းတွေ လိုမလဲ။ ဒီနည်းနဲ့ ကိုယ့်ခလေးကို အင်္ဂလိပ်စာ သင်ရင် ဘယ်လောက်ကုန်မှာလဲ။ အိမ်မှာရော သင်လို့ ရမလား။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ရော ကိုယ့်ကျောင်းသားတွေကို သင်ပေးလိုရင် ဘယ်လိုသင်ရမလဲ အစရှိတာတွေကို ရှင်ပြသွားမှာ ဖြစ်ပါတယ်။ ဖိုးနစ်နည်းဆိုတာ ဘာလဲ […]