mmpopsci.com

လျှပ်စစ်ဓါတ်အား မလိုတဲ့ အအေးပေးစနစ်


ကမ္ဘာပေါ်မှာ ရှိတဲ့ အပူပိုင်း ဒေသတွေက အိမ်ယာနဲ့ အဆောက်အအုံတွေမှာ ပူပြင်းတဲ့ ရာသီဥတုဒါဏ် ခံနိုင်ဖို့ အအေးပေး စနစ်တွေ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီ အအေးပေး စနစ်တွေကို အသုံးပြုဖို့ လျှပ်စစ်ဓါတ်အားကိုတော့ ဒီဒေသက လူတိုင်း မတတ်နိုင် ကြပါဘူး။ဒီလို လျှပ်စစ်ဓါတ်အား မရလို့ (သို့) မတတ်နိုင်လို့ ပူပြင်းတဲ့ ဒါဏ်ကို လူးလှိမ့် ခံနေရတဲ့ သူတွေအတွက် လျှပ်စစ်စွမ်းအင် မလိုတဲ့ အအေးပေး စနစ်တမျိုးကို ဆော်ဒီ နိုင်ငံက သုတေသီတွေက တီထွင်လိုက်ပါတယ်။ ဒီစနစ်ကို…

September 22, 2021

Read more

စကြာဝဠာထဲက အလှဆုံး ဂလက်ဆီများ


ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးမှာ ဂလက်ဆီပေါင်း ဘယ်လောက် ရှိလဲဆိုတာ ဘယ်သူမှတော့ သေချာ မသိကြပါဘူး။ ပညာရှင် အများစု ခန့်မှန်းတာကတော့ စုစုပေါင်း ဂလက်ဆီ သန်း ၁၀၀,၀၀၀ ကနေ ၂၀၀,၀၀၀ ကြား ရှိမယ်လို့ ယူဆကြပါတယ်။ ဒါတောင် လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းထားတာပါ။ ပညာရှင် အများစုကတော့ တကယ်ရှိတဲ့ ဂလက်ဆီ အရေအတွက်ဟာ ဒီ့ထက် ပိုမယ်လို့ ယူဆကြပါတယ်။စကြာဝဠာထဲမှာ ရှိတဲ့ ဂလက်ဆီတွေကို အဓိကအားဖြင့် သုံးမျိုး ခွဲခြား နိုင်ပါတယ်။ ဘဲဥပုံ (Eliptical)၊ ခရုပတ်ပုံ…

September 21, 2021

Read more

နေအဖွဲ့အစည်းနား ကပ်ပျံသွားတဲ့ကြယ်


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀,၀၀၀ လောက်တုန်းက တိုဘာ (Toba) အမည်ရှိတဲ့ ဧရာမ မီးတောင်ကြီး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီမီးတောင် ပေါက်ကွဲမှု ကြောင့် ကုဗမိုင်ပေါင်း ၆၇၀ လောက် (ကုဗပေ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ပမာဏ ရှိတဲ့ ပြာမှုန်တွေနဲ့ ဖုံမှုန့်တွေ ကမ္ဘာလေထုထဲကို ပျံ့လွင့်လို့ သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကမ္ဘာ့ ရာသီဥတုတွေ ဖောက်ပြန်ပြီး လူသားမျိုးနွယ်စုကို မျိုးတုံးလု နီးပါးထိ ဖြစ်သွားစေခဲ့တယ်လို့ ဆိုပါတယ်။ အချို့ပညာရှင်များရဲ့ အဆိုအရ ဒီကာလမှာ ကမ္ဘာပေါ်က လူသားတွေရဲ့…

September 20, 2021

Read more

သစ်သားနဲ့ လုပ်တဲ့မှန်


အနာဂါတ် ကာလမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာမယ့် သစ်သားနဲ့ ပြုလုပ်ထားတဲ့ မှန်ကို အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေက အောင်မြင်စွား တီထွင်လိုက်ပါတယ်။ ဒီ သစ်သားမှန်ကို မေရီလင်း တက္ကသိုလ်နဲ့ ကော်လိုရာဒို တက္ကသိုလ် တို့က သိပ္ပံပညာရှင်တွေက သစ်တောထွက်ပစ္စည်း သုတေသန ဓါတ်ခွဲခန်းနဲ့ ပူးပေါင်း တည်ထွင်လိုက်တာ ဖြစ်ပါတယ်။အခု ထုတ်လိုက်တဲ့ သစ်အခြေခံ မှန်ချပ်ဟာ သဲကထုတ်တဲ့ မှန်အစစ်လိုပဲ အရောက်ကြည်လင်နေပါတယ်။ ဒီ သစ်သားမှန်ကို အမေရိကတိုက်မှာ ပေါပေါများများ ပေါက်တဲ့ Balsa သစ်ပင်ကနေ…

September 20, 2021

Read more

နေအတုလုပ်ဖို့ နီးစပ်ပြီလား


ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ်၊ လောရင့်စ် လစ်ဗာမိုး အမျိုးသား ဓါတ်ခွဲခန်း (Lawrence Livermore National Laboratory) မှာရှိတဲ့ အမျိုးသား လောင်ကျွမ်းမှု လေ့လာရေး ဓါတ်ခွဲခန်း (National Ignition Facility) မှာ စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့ကြပါတယ်။ဒီစမ်းသပ်မှုမှာ လေဆာရောင်ခြည်ကို အသုံးပြုပြီး Nuclear Fusion ခေါ် နျူကလိယ ဒြပ်ပေါင်းစပ် စွမ်းအင် ထုတ်လုပ်မှုကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နေအတုလေး တခု…

September 18, 2021

Read more

အစ္စရေး နိုင်ငံထုတ် စစ်မြေပြင်သုံး တိုက်ခိုက်ရေး စက်ရုပ်


အစ္စရေး လေကြောင်းစက်မှုလုပ်ငန်း (Israel Aerospace Industries, IAI ) က တီထွင်ထားတဲ့ စစ်မြေပြင်သုံး တိုက်ခိုက်ရေး စက်ရုပ်ကို လန်ဒန်မှာ ကျင်းပနေတဲ့ DSEI လက်နက်ပြပွဲမှာ ထုတ်ဖော်ပြသ လိုက်ပါတယ်။ ဒီတိုက်ခိုက်ရေး စက်ရုပ်ကို ဗြိတိန် တပ်မတော် အတွက် တီထွင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ဒီစက်ရုပ်တွေကို လက်ရှိမှာ ဗြိတိသျှ တပ်မတော်တင် မက အခြားသော ဥရောပ နိုင်ငံတွေကိုလဲ တင်ပို့ရောင်းချဖို့ စာချုပ် ချုပ်ဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတွေကလဲ ဝယ်ယူထားလဲ…

September 16, 2021

Read more

စကြာဝဠာ တခုလုံးကို ကွန်ပြူတာနဲ့ ပုံစံတူ ဖန်တီးထားတဲ့ Simulation


ဂျပန်နိုင်ငံက တက္ကသိုလ် တစ်ခုက ပညာရှင်တွေဟာ ကွန်ပြူတာကို အသုံးပြုပြီး စကြာဝဠာကြီး တစ်ခုလုံးကို ပုံစံတူ ပြုလုပ်ဖန်တီး ခဲ့ကြပါတယ်။ ဒီ ပုံစံတူ simulation ဟာဆိုရင် စကြာဝဠာရဲ့ မြေပုံတခုတင် မကပဲ စကြာဝဠာရဲ့ time machine အချိန်ခရီးသွားစက် တစ်ခုလဲ ဖြစ်ပါတယ်။အချူး (Uchuu) လို့ အမည်ပေးထားတဲ့ ဒီ စကြာဝဠာရဲ့ မြေပုံမှာတော့ ဂြိုလ်တွေ၊ ဂြိုလ်ရံလတွေရဲ့ ပုံတူတွေ ပါဝင်မှာ မဟုတ်ပါဘူး။ (အချူး ဆိုတာက ဂျပန်လို ပြင်ကအာကာသ လို့…

September 16, 2021

Read more

တရုတ်အာကာသ စခန်းမှ ယာဉ်မှူးများ ရိုက်ကူးထားသော ဓါတ်ပုံများ


တရုတ်ပြည်သူ့ သမတနိုင်ငံရဲ့ အာကာသ စခန်းပေါ်ကို ပထမဆုံး ရောက်ရှိသွားတဲ့ အာကာသ ယာဉ်မှူးများက ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို တရုတ်အာကာသ အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။ ဒီအာကာသ ယာဉ်မှူး ၃ ဦးဟာ ဇွန်လ ၁၇ ရက်နေ့ကတဲက ဒီအာကာသ စခန်းပေါ်ကို ရောက်ရှိနေ ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီအာကာသ စခန်းရဲ့ ပြတင်းပေါက် ကျဉ်းကျဉ်းလေးကနေ မြင်ရတဲ့ ကမ္ဘာမြေနဲ့ ယာဉ်ပြင်ပ အာကာသရဲ့ လှပတဲ့ ဓါတ်ပုံတွေကို ကမ္ဘာမြေကို ပြန်ပို့ပေးခဲ့တာပါ။ဇွန်လ ၁၇ ရက်နေ့…

September 16, 2021

Read more

လူလိုက်ပါသော SpaceX အောင်မြင်စွာ လွှတ်တင်


အပျော်တမ်း အာကာသ ယာဉ်မှူးတွေပဲ လိုက်ပါတဲ့ SpaceX အာကာသယာဉ် Inspiration4 ကို ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ ကနေဒီ အာကာသ စခန်းကနေ ဒီနေ့မနက်မှာ (ဖလော်ရီဒါ မှာတော့ ညပေါ့ဗျာ၊ ကျွန်တော်တို့ထက် ၁၀ နာရီ ၃၀ မိနစ် နောက်ကျတာကိုး) အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီ SpaceX ရဲ့ Inspiration4 အာကာသယာဉ်ပေါ်မှာ အပျော်တမ်း အာကာသ ယာဉ်မှူး ၄ ဦး လိုက်ပါသွားပါတယ်။ အတိအကျ ပြောရရင်တော့ ဘီလီယံနာ ကုဋေကြွယ်…

September 16, 2021

Read more

သော့ပေါက်က လေဆာထိုးပြီး အခန်းတွင်းကို ထောက်လှမ်းနိုင်မယ့်နည်းပညာ


လွန်ခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ လေဆာရောင်ခြည်ကို အသုံးပြုပြီး အကာအရံ အတားအဆီးတွေရဲ့ နောက်ကွယ်က လှုပ်ရှားမှုတွေကို ထောက်လှမ်းနိုင်တဲ့ နည်းလမ်းကို တီထွင်အောင်မြင်ခဲ့ပါတယ်။ ဒီနည်းကို အသုံးပြုပြီး အကာအရံ အတားအဆီးတွေ နောက်က အရာဝတ္ထုတွေရဲ့ တည်နေရာ ကိုသာမက ဒီအရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုတွေကိုလဲ ရှာဖွေ ထောက်လှမ်းနိုင်လာ ကြပါတယ်။ လက်ရှိမှာ သုတေသန ပြုဆဲ အဆင့်မှာပဲ ရှိသေးပေမယ့် နောင် မကြာလှတော့မယ့် အချိန်အတွင်းမှာ ဒီ လေဆာရောင်ခြည်သုံး  ကင်မရာတွေကို အပျက်အစီးတွေကြား ပိတ်မိနေတဲ့ သူတွေကို ကယ်ဆယ်တဲ့ နေရာမျိုးတွေနဲ့…

September 15, 2021

Read more

Graphene နဲ့ စမ်းသပ် လမ်းခင်း


UK နိုင်ငံက အဝေးပြေး လမ်းမတခုကို ပြုပြင်ပြီး လမ်းအချောတင်ရာမှာ စမ်းသပ် အနေနဲ့ Graphene ဂရပ်ဖင်း ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံး အနေနဲ့ ဂရပ်ဖင်း အသုံးပြုပြီး လမ်းအသားတင်တာ ဖြစ်ပါတယ်။ အခု လမ်းခင်းတဲ့ စမ်းသပ်မှုမှာ ကမ္ဘာ့ အမာကျောဆုံးလို့ လက်ခံထားကတဲ့ ဂရပ်ဖင်းကို အသုံးပြုခြင်းအားဖြင့် လမ်းတွေရဲ့ ကြံ့ခိုင်မှုနဲ့ တာရှည်ခံမှု ပိုပြေး ကောင်းလာမလာ စမ်းစပ်မှာ ဖြစ်ပါတယ်။ ဂရပ်ဖင်းဟာ အက်တမ် တစ်ခုပဲ အထူရှိတဲ့ အလွန်ပါးလွှာတဲ့…

September 14, 2021

Read more

စကြာဝဠာကြီးက ဘယ်အထဲမှာ ပြန့်ကားနေတာလဲ


စကြာဝဠာကြီးက ပြန့်ကားပြီး ထွက်နေတယ်လို့ ပညာရှင်တွေ ပြေတာ ဖတ်ဖူး မှတ်ဖူး ကြမှာပါ။ ဒါဆို ဒီ ပြန့်ကားထွက်နေတဲ့ အာကာသ စကြာဝဠာကြီးဟာ ဘယ်အထဲကို ပြန့်ကား ထွက်နေတာလဲ။ ဒီ စကြာဝဠာကြီးရဲ့ အစွန်းရဲ့ အပြင်ဖက်မှာ ဘာတွေရှိနေလို့လဲ။ တနည်းအားဖြင့် စကြာဝဠာကြီး ပြန့်ကားပြီး ထွက်နေတာက ဘယ်အထဲမှာ ဖြစ်နေတာလဲ။ အဲ့လို မေးခွန်းမျိုး တွေးမိကြလားဗျာ။တခါတလေ အရိုးရှင်းဆုံးလို့ ထင်ရတဲ့ မေးခွန်းတွေက အတော် အဖြေရှာရ ခက်တာဗျ။ ဥပမာ အလင်းအလျှင်က တစက္ကန့်ကို ကီလိုမီတာ…

September 14, 2021

Read more