mmpopsci.com

Fuel Cell ဆိုတာဘာလဲ


၂၁ ရာစုကို ဝင်လာတာနဲ့အတူ လျှပ်စစ်ကားတွေ၊ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေ ခေတ်စားလို့ လာပါတယ်။ အခုဆို လျှပ်စစ်ကားနဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ် လောက်တင်မက လျှပ်စစ်စွမ်းအင်သုံး မိုးပျံတက္ကစီ တွေနဲ့ ခရီးသည်တင် လေယာဉ်ငယ် လေးတွေပါ ထွက်ပေါ်လို့ လာနေပါပြီ။ ဒီ လျှပ်စစ်စွမ်းအင်သုံး ယာဉ်အမျိုးမျိုးကို ဓါတ်အားပေးတဲ့ နေရာမှာ အင်ဂျင်နီယာတွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိတဲ့ နည်းပညာကတော့ Fuel Cell နည်းပညာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Fuel Cell ဆိုတာဘာလဲ၊ ဘယ်လို အလုပ်လုပ်လဲ၊…

October 2, 2021

Read more

မစ်ချလင်တာယာကုမ္ပဏီက လေမဲ့တာယာ ထုတ်ဖော်ပြသ


ကမ္ဘာကျော် မော်တော်ကား တာယာ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့ မစ်ချလင် ကုမ္ပဏီက လေထိုးစရာ မလိုတဲ့ လေမဲ့တာယာသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ တကယ်တော့ ဒါဟာ အသစ်အဆန်း သတင်းတော့ မဟုတ်ပါဘူး။ လေမဲ့တာယာ ထုတ်လုပ်နိုင်ဖို့ မစ်ချလင်က စမ်းသပ် သုတေသနပြုလုပ်နေခဲ့တာ အခုဆို ဆယ်စုနှစ် တစ်စုမကတော့ပါဘူး။ ဒါပေမယ့် အခုထိတော့ ထုတ်လုပ်ရောင်းချနိုင်တဲ့ အဆင့်ကို ရောက်လို့မလာသေးပါဘူး။မစ်ချလင်ကတော့ လက်မလျှော့ပါဘူး။ သူတို့က လေမဲ့တာယာသာ အောင်မြင်ရင် ဒီတာယာဟာ သာမန် တာယာတွေထက် ပိုပြီးလဲ အကြမ်းခံမှာ ကြာကာခံမှာ…

October 1, 2021

Read more

အီဂျစ်မံမီ ၃ ခု၏ မျက်နှာအား DNA မှတဆင့် ပြန်ပုံဖေါ်


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်က ရှေးဟောင်း အီဂျစ်ပြည်မှာ အသက်ရှင် နေထိုင်ခဲ့တဲ့ သူ ၃ ဦးရဲ့ မျက်နှာတွေကို ဒစ်ဂျစ်တယ် နည်းနဲ့ ပြန်လည်ဖော်ထုတ် နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ မံမီရုပ်ကြွင်းကနေ ရတဲ့ မျိုးရိုးဗီဇ DNA ကို ပြန်လည်တည်ဆောက်ယူပြီး ကွန်ပြူတာနဲ့ ပုံဖေါ်ထားတာ ဖြစ်ပါတယ်။ဒီ မံမီရုပ်ကြွင်းတွေကို အီဂျစ်ရှေးဟောင်း မြို့ကြီးဖြစ်တဲ့ အဘူဆီအာ အယ်လ် မီလက်ခ် (Abusir el-Meleq) မြို့ကနေ တူးဖော်ရရှိထားတာ ဖြစ်ပါတယ်။ ဒီမြို့ဟာ ကိုင်ရိုမြို့ တောင်ဖက်က…

October 1, 2021

Read more

Black Hole ရဲ့အမွှာ White Hole


Black hole ခေါ် အာကာသ တွင်းနက်တွေ အကြောင်းကတော့ ရေးတဲ့သူတွေ များလို့ ကြားဖူးတဲ့သူ အတော်များပါတယ်။ တော်တော်များများလဲ အနည်းအကျဉ်းတော့ ဘလက်ဟိုး တွင်းနက်တွေ အကြောင်း သိကြပါတယ် (မှန်တာ မမှန်တာ တပိုင်းပေါ့လေ)။ တခါ Intersteller လို ရုပ်ရှင်ကားတွေ ကြောင့်လဲ လူပိုသိလာ ကြပါတယ်။ဒီလို Black Hole တွင်းနက်ကြီးတွေ အကြောင်း လူသိကြသလောက် သူ့ရဲ့ ဆန့်ကျင်ဖက် White Hole တွင်းဖြူတွေ အကြောင်းကတော့ သိဖို့ နေနေသာသာ ကြားဖူးတဲ့…

September 30, 2021

Read more

လာမယ့်ရာစုနှစ်မှာ ဥက္ကာပျံ တစ်သန်းလောက် ကမ္ဘာဆီ ဦးတည်လာမယ်ဟု တရုတ်ပညာရှင်များပြော


လာမယ့် ရာစုနှစ် (နှစ် ၁၀၀) အတွင်းမှာ အာကာသထဲကနေ ဥက္ကာပျံတစ်သန်းလောက်ထိ ကမ္ဘာမြေဆီကို ဦးတည်လာဖွယ် ရှိတယ်လို့ တရုတ်သုတေသီများက တင်ပြတဲ့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။ကမ္ဘာဆီ ဦးတည်လာတဲ့ ဥက္ကာပျံတွေ ကမ္ဘာ့လေထုထဲထိ ဝင်ရောက်လာပြီး ကမ္ဘာမြေနဲ့ ဝင်တိုက်နိုင်တဲ့ အခွင့်အလမ်းကတော့ နည်းပါတယ်။ နောက်ပြီး ဦးတည်လာမယ့် ဥက္ကာပျံ အများစုကလဲ အချင်း မီတာ ၁၀၀ (ပေ ၃၃၀) အောက်ဆိုတော့ ဒိုင်နိုဆောတွေကို မျိုးတုန်းသွားစေခဲ့တဲ့ ဥက္ကာခဲနဲ့ ယှဉ်ရင်တော့ သိပ်မကြီးဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီ ဥက္ကာခဲ…

September 30, 2021

Read more

Dark Energy ရှာတွေ့ပြီလား


Dark Energy ခေါ် အမှောင်စွမ်းအင် ဆိုတာကို အခုအချိန်ထိ မြင်နိုင်၊ တွေ့နိုင်၊ ခံစားနိုင်ခြင်း မရှိသေးပါဘူး။ ဒီ dark energy အမှောင်စွမ်းအင် ဆိုတာက ရူပဗေဒ ပညာရှင်တွေရဲ့ မှန်းဆချက် တရပ်ပဲ ရှိပါသေးတယ်။ အခုအချိန်အထိ သူ့ရဲ့ သက်ရောက်မှုကို တိုက်ရိုက် ရှာဖွေတွေ့ရှိခြင်း မရှိသေးသလို တိုင်းတာလို့လဲ မရသေးပါဘူး။ ဒါဆို ဒီ dark energy ဆိုတဲ့ ထူးဆန်းတဲ့ စွမ်းအားက ဘာလဲ။ တကယ်ပဲ တိုင်းတာလို့ မရဘူးလား။ ဒါမှမဟုတ်…

September 29, 2021

Read more

လက်ရှိ ဘက်ထရီတွေထက် ၁၀ ဆလောက် ပိုခံနိုင်မယ့် ဘက်ထရီသစ် တီထွင်အောင်မြင်


လက်ရှိအသုံးပြုနေတဲ့ လစ်သီယမ် အိုင်းယင်း (Lithiu ion) ဘက်ထရီတွေထွက် အား ၁၀ ဆလောက် ပိုသိမ်းဆည်းနိုင်မယ့် ဘက်ထရီ အသစ်ကို အမေရိကန် ပြည်ထောင်စုက အင်ဂျင်နီယာများက တီထွင်နိုင်ခဲ့ကြပါတယ်။ဒီနည်းပညာသစ်ဟာ လက်ရှိ လျှပ်စစ်ကားတွေရဲ့ အားသွင်းဖို့ ကြာချိန်ကိုရော သွားနိုင်တဲ့ အကွာအဝေးကိုရော ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေမယ်လို့ ဆိုပါတယ်။အမေရိကန် ပြည်ထောင်စု စန်ဒီယေဂို ကာလီဖိုးနီးယား တက္ကသိုလ် (University of California San Diego) က နာနို အင်ဂျင်နီယာတွေက ဒီဘက်ထရီကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။တီထွင်တယ်…

September 28, 2021

Read more

မစ်ကီးဝေးရဲ့ ဗဟိုက ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများ


ကျွန်တော်တို့ နေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy) ကြီးရဲ့ ဗဟိုနားက လာတဲ့ ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများကို သိပ္ပံပညာရှင်များ ဖမ်းယူရရှိ ခဲ့ပါတယ်။ အရင် ဖမ်းယူရရှိဖူးတဲ့ ရေဒီယို အချက်ပြတွေနဲ့ တူညီမှု မရှိတဲ့ ဒီ ရေဒီယို လှိုင်းတွေကြောင့် သိပ္ပံပညာရှင်တွေအကြား အဖြေရှာမရ ဖြစ်ကုန်ကြပါတယ်။ဒီ ဖမ်းယူရရှိတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေနဲ့ ပါတ်သက်ပြီး နက္ခတ္တ ရူပဗေဒ ဂျာနယ် (The Astrophysical Journal) ကြီးမှာ…

September 27, 2021

Read more

ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ရည်သုံး eVTOL ထောင်လိုက်တက်ဆင်း မိုးပျံယာဉ် Paragon Soar


Paragon VTOL Aerospace ကုမ္ပဏီကနေ လက်ရှိတည်ဆောက်နေတဲ့ နောက်မျိုးဆက်သစ် ထောင်လိုက်တက်ဆင်း မိုးပျံယာဉ်နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။အခြား ပြိုင်ဖက် ထောင်လိုက်တက်ဆင်း မိုးပျံယာဉ် တွေနဲ့ မတူတာကတော့ ဒီယာဉ်ဟာ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ရည် လောင်ဆာကို အသုံးပြု ပျံသန်းမှာပဲ ဖြစ်ပါတယ်။ဒီ ထောင်လိုက်တက်ဆင်း မိုးပျံယာဉ်ကို Soar “ဆော” လို့ အမည်ပေးထားပါတယ်။ ဒီ မိုးပျံယာဉ်ကို ပျံသန်းမယ့် ပန်ကာတွေကို လျှပ်စစ်ဓါတ်အားနဲ့ လှည့်ပတ်မှာ ဖြစ်ပေမယ့် ဒီပန်ကာတွေ အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကိုတော့ ဟိုက်ဒရိုဂျင်…

September 26, 2021

Read more

သုက်ပိုးကို ရေကူးနိုင်အောင်ကူမယ့် နာနိုစက်ရုပ်


မျိုးအောင်ဖို့အတွက် သုက်ပိုးတကောင်ရဲ့ အလုပ်က သာမန်ကြည့်ရင် သိပ်ပြီး ခက်ခက်ခဲခဲ ရှိလှတာ မဟုတ်ပါဘူး။ သူ့အလုပ်က မမျိးဥဆီ အမြန်ရောက်အောင် ရေကူးပြီး မမျိုးဥနဲ့ ပေါင်းစပ်ဖို့ပဲ မဟုတ်လား။ ဒါပေမယ့် အချို့သော သူတွေမှာ သုက်ပိုးဟာ ကောင်းကောင်း ရေမကူးနိုင်တဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဒီလို အခါမျိုးမှာ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်နိုင်စွမ်း မရှိတော့လို့ ကလေးမရနိုင်တဲ့ အခြေအနေမျိုး ဖြစ်တတ်ပါယ်။ ဒါကို ဆေးပညာ အရ asthenozoospermia လို့ ခေါ်ပါတယ်။ ဆေးပညာရှင်တွေရဲ့ အဆိုအရ…

September 24, 2021

Read more

ဓါတ်ခွဲခန်းမွေး အသားကို စီးပွားဖြစ် ထုတ်လုပ်မယ့် အစ္စရေး


အစ္စရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အနာဂါတ် အသား နည်းပညာ (Future Meat Technologies) ကုမ္ပဏီက cultured meat လို့ခေါ်တဲ့ ဓါတ်ခွဲခန်းထဲမှာ ဖန်တီးမွေးမြူတဲ့ အသားကို စီးပွားဖြစ်ထုတ်လုပ်မယ့် စက်ရုံသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီစက်ရုံဟာ ဓါတ်ခွဲခန်းမွေး အသား အမြောက်အများ ထုတ်လုပ်မယ့် ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်ပါတယ်။ ဒီစက်ရုံ စတင်လည်ပတ်ရင် ဓါတ်ခွဲခန်းမွေး အသားတွေကို လူတိုင်း လက်လှမ်းမှီတဲ့ ဈေးနဲ့ ရောင်းချပေးနိုင်တော့မှာ ဖြစ်ပါတယ်။“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ဓါတ်ခွဲခန်းမွေး အသားကို လူတိုင်း လက်လှမ်းမှီနိုင်ဖို့…

September 24, 2021

Read more

Airbus ရဲ့ မြို့တွင်းသုံး လျှပ်စစ်မိုးပျံတက္ကစီ


ခရီးသည်တင် လေယာဉ်တွေ ထုတ်လုပ်တဲ့ နာမည်ကျော် Airbus လေယာဉ် ကုမ္ပဏီကြီးက မျိုးဆက်သစ် မိုးပျံတက္ကစီ ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ မိုးပျံတက္ကစီကို CityAirbus လို့ အမည်ပေးထားပါတယ်။ ဒီ မိုးပျံ တက္ကစီဟာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး မြို့ပြတွေရဲ့ ကောင်းကင်မှာ အသံတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ယခုထုတ်ဖေါ်ပြသလိုက်တဲ့ မိုးပျံ တက္ကစီဟာ အဲယားဘတ်စ် လေကြောင်းကုမ္ပဏီကြီးရဲ့ မြို့တွင်း မိုးပျံတက္ကစီ ဝန်ဆောင်မှု စီမံကိန်းရဲ့ အစိတ်အပိုင်း တခု ဖြစ်ပါတယ်။ လျှပ်စစ်ကို အသုံးပြုထားတာမို့ ကာဘွန်ဒိုင်အောက်ဆိုဒ်…

September 23, 2021

Read more