mmpopsci.com

ဂလက်ဆီ နှစ်လုံး တိုက်မိတဲ့ ဓါတ်ပုံ


ကမ္ဘာကနေ အလင်းနှစ် သန်း ၁၀၀ လောက် ဝေးတဲ့နေရာမှာ ရှိနေတဲ့ ဂလက်ဆီကြီး နှစ်ခု တိုက်မိတဲ့ ဓါတ်ပုံကို အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်ဆီက လွှတ်တင်ထားတဲ့ Hubble Space Telescope နက္ခတ်ကြည့် မှန်ပြောင်းကြီးကနေ အမိအရ ရိုက်ယူထားလိုက်နိုင်ပါတယ်။အခု ဂလက်ဆီ နှစ်ခုကို ပေါင်းပြီး Arp 91 လို့ အမည်ပေးထားပါတယ်။ အခုဂလက်ဆီ နှစ်ခုဟာ ကမ္ဘာက အလင်းနှစ် သန်း ၁၀၀ လောက် ဝေးတဲ့ နေရာမှာ…

October 11, 2021

Read more

ဘာ့ကြောင့် အချိန်က အာကာသထဲမှာ ပိုမြန်ရတာလဲ


တောင်ထိပ်မှာ နာရီတစ်လုံးကိုထားလိုက်ဗျာ။ နောက်တစ်လုံးကို ပင်လယ်ရေမျက်နှာပြင်နဲ့ အမြင့်တူတဲ့ ကမ်းခြေ တစ်နေရာမှာ ထားထားလိုက်။ ဒီနှစ်လုံးကို အချိန် တစ်ချိန်ထဲကို တိုက်ထားမယ်ဗျာ။ ပထမတော့ မသိသာဘူးပေါ့။ ဒါပေမယ့် အချိန်ကြာလာ တာနဲ့အမျှ ဒီနာရီ နှစ်လုံးဟာ မတူညီတဲ့ အချိန်နှစ်ခုကို ညွှန်ပြနေတယ် ဆိုတာကို ခင်ဗျားတို့ တွေ့လာရပါလိမ့်မယ်။ ဒါဆို ဘာ့ကြောင့် ဒီလို ဖြစ်ရတာပါလဲ။ဘာ့ကြောင့်ဖြစ်ရတာလဲ ဆိုရင် ထုံးစံအတိုင်း ဒီခေါင်းစားစရာ ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အိုင်းစတိုင်းနဲ့ သူ့ရဲ့ နှိုင်းယှဉ်ခြင်း နိယာမ (General…

October 10, 2021

Read more

ပင်လယ်ရေငန်ကနေ ဈေးသက်သက်သာသာနဲ့ သောက်ရေသန့်ထုတ်နိုင်မယ့်စက်


ကမ္ဘာပေါ်မှာ ရှိနေတဲ့ ရေတွေရဲ့ ၉၇ ရာခိုင်နှုန်းလောက်က ပင်လယ်ထဲမှာ ပင်လယ်ရေငန် အနေနဲ့ ရှိနေတာပါ။ ဒီပင်လယ်ရေတွေဟာ ဆာငန်ရေမို့ လူတွေ သောက်သုံးလို့ မရပါဘူး။ ရေရှားပါးတဲ့ အရပ်ဒေသ တွေမှာတော့ ဒီ ပင်လယ်ရေငန်တွေကိုပဲ ရေချိုချက်ပြီး သောက်သုံးကြရပါတယ်။ ဒါပေမယ့် ဒီပင်လယ်ရေငန်ကနေ ရေချိုချက်တာက ကုန်ကျစားရိတ် အရမ်းများလွန်းပါတယ်။တောင်ကိုရီးယားနိုင်ငံ အူဆန် အမျိုးသား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (Ulsan National Institute of Science and Technology, UNIST) က…

October 9, 2021

Read more

Wormhole တွေတကယ်ရှိလား


Wormhole ဆိုတာကို အလွယ်ဆုံး ပြောရရင်တော့ စကြာဝဠာထဲမှာ ဝေးလံတဲ့ အရပ်ဒေသတွေကို ဆက်စပ်ပေးထားတဲ့ ဖြတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီ Wormhole (တီတွင်း) သီအိုရီ အရဆို space-time ဆိုတဲ့ အာကာသနဲ့ အချိန် ကို ဖြတ်သန်းဖေါက်လုပ်ထားတဲ့ ဖြတ်လမ်းတွေကို အသုံးပြုပြီး စကြာဝဠာ အတွင်းမှာ တနေရာက တနေရာကို အချိန် တိုတိုအတွင်းမှာ သွားလာနိုင်မယ်လို့ ဆိုပါတယ်။ အိုင်းစတိုင်းရဲ့ နှိုင်းယှဉ်ခြင်း သီအိုရီအရ ဒီ Wormhole တွေ ရှိမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒါပေမယ့် ဒီ…

October 8, 2021

Read more

ဥက္ကာပျံကြောင့် လောင်မီးကျ ပျက်စီးသွားတဲ့ ရှေးဟောင်းမြို့


လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၆၀၀ ခန့်က ယခု အရှေ့အလယ်ပိုင်း ဒေသမှာ တည်ရှိခဲ့တဲ့ ရှေးဟောင်း မြို့ကြီး တမြို့ဟာ ရုတ်တရက် ဘေးဆိုးကြီး ကျရောက်ပြီး ပျက်စီးသွားခဲ့ပါတယ်။ ယနေ့ခေတ် ဂျော်ဒန်နိုင်ငံ အတွင်းမှာ တည်ရှိခဲ့တဲ့ ဒီ တောလ်အယ်လ် ဟမ္မမ် မြို့ (ယနေ့ခေတ် အခေါ်) ကြီး ဘယ်လို နေ့ချင်းညချင်း ပျက်စီးခဲ့ရသလဲ ဆိုတာကို ရှေးဟောင်း သုတေသန ပညာရှင်တွေ အဖြေရှာလို့ မရခဲ့ပါဘူး။ ဒါပေမယ့် ဒီ မြို့ပျက်ကြီးရဲ့ အကျွင်းအကျန်တွေကို လွန်ခဲ့တဲ့…

October 8, 2021

Read more

သံရည်ပူတွေ မိုးရွာကျနေတဲ့ ဂြိုလ်


နေအဖွဲ့အစည်းရဲ့ အပြင်ဖက် အလင်းနှစ် ၆၄၀ လောက် ဝေးတဲ့ နေရာမှာ ဂြိုလ်ကြီး တစ်စင်း ရှိပါတယ်။ ဒီဂြိုလ်ကြီးက အရွယ်အစားအားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ ဂျူပီတာဂြိုလ် (ကြာသပတေးဂြိုလ်) လောက်နီးနီး ရှိပါတယ်။ နောက်ပြီးတော့ ဂျူပီတာဂြိုလ်လိုပဲ ဒီဂြိုလ်ကြီးကလဲ ကျောက်သားနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပဲ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီဂြိုလ်ရဲ့ ထူးခြားချက်ကတော့ အလွန်အမင်း ပူပြင်းတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ပူသလဲဆို ဒီဂြိုလ်ပေါ်မှာ ရှိတဲ့ သံ (Iron) တွေဟာ အပူရှိန်ကြောင့်…

October 8, 2021

Read more

၁၉၀၈ ခုနှစ် ဆိုက်ဘီးရီးယားက ထူးဆန်းတဲ့ ပေါက်ကွဲမှုရဲ့ တရားခံ


လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ၁၉၀၈ ခု ဇွန်လ ၃၀ ရက် မနက်စောစော အချိန်မှာ ရုရှားနိုင်ငံ ဆိုက်ဘီးရီးယား ဒေသ အရှေ့ပိုင်း တန်ဂုစကာမြစ် (Tunguska River) မြစ်ကမ်းမှာ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီ ပေါက်ကွဲမှုကြောင့် ဒီဒေသက သစ်တောတွေ ပြားပြားဝပ်ကုန်ပါတယ်။ဒီပေါက်ကွဲမှုကြီးမှာ ဥက္ကာပျံကြောင့်လို့ ပြောရအောင်ကလဲ ဥက္ကာပျံ မှန်ရင် ဖြစ်ပေါ်လာတဲ့ ဥက္ကာကျွင်း ဖြစ်ကျန်ရစ်ခဲ့တာ မှရှိပါဘူး။ ဥက္ကာပျံ လေထဲမှာ ပေါက်ကွဲသွားခဲ့ရင်လဲ ဥက္ကာခဲ အပိုင်းအစတွေ…

October 6, 2021

Read more

၂၀၂၁ အတွက် ရူပဗေဒ နိုဘယ်ဆု ကမ္ဘာကြီး ပူနွေးလာမှုသုတေသနပြုခဲ့တဲ့ ပညာရှင်များရရှိ


၂၀၂၁ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိသူများ စာရင်းကို ဆုရွေးချယ်ရေး ကော်မတီက ဒီနေ့ ကြေငြာလိုက်ပါတယ်။ဒီနှစ် အတွက် ရူပဗေဒ နိုဘယ်ဆုကို  ရူပဗေဒ ပညာရှင် ၃ ယောက်က ရရှိသွားပါတယ်။ ထူးခြားတာကတော့ ဒီနှစ်အတွက် နိုဘယ်ဆု ရရှိသွားသူတွေဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ပါတ်သက်လို့ အရေးပါတဲ့ သုတေသနတွေ ပြုလုပ်ခဲ့ကြသူတွေ ဖြစ်တာပါပဲ။အခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုကို ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပါတ်သက်ပြီး သုတေသန ပြုခဲ့သူတွေကို ချီးမြှင့်တာနဲ့ ပါတ်သက်လို့ ကုလသမဂ္ဂ မိုးလေဝေသ…

October 6, 2021

Read more

အနာဂါတ်နည်းပညာ နယ်ပယ်တွေမှာ တိုးချဲ့ သုတေသန ပြုမယ့် ဟွန်ဒါ


ဂျပန်နိုင်ငံက ကမ္ဘာ့ထိပ်တန်း မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဟွန်ဒါ ကုမ္ပဏီဟာ အနာဂါတ် နည်းပညာ နယ်ပယ်ကဏ္ဍတွေမှာ နည်းပညာ သုတေသန လုပ်ငန်းတွေကို တိုးချဲ့ပြီး လုပ်ဆောင်လာနေပါတယ်။ယခုလက်ရှိ ဟွန်ဒါက ငွေကြေးအမြောက်အများ အကုန်ခံပြီး သုတေသန လုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်နေတဲ့ ကဏ္ဍတွေထဲမှာ ဒေါင်လိုက် တက်ဆင်းနိုင်တဲ့ eVTOL (electric vertical take-off and landing) လျှပ်စစ်စွမ်းအင်သုံး မြို့တွင်းသွား မိုးပျံယာဉ်တွေ၊ လူ့ကိုယ်စားပြု avatar robot စက်ရုပ်တွေနဲ့ အာကာသ စူးစမ်းလေ့လာရေး…

October 5, 2021

Read more

လေထဲက သောက်ရေသန့်ထုတ်မယ့် စီမံကိန်း


ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ စာရင်းအရ ကမ္ဘာပေါ်က လူဦးရေ ၇၈၅ သန်းဟာ သန့်ရှင်းပြီး အန္တရာယ်ကင်းတဲ့ သောက်ရေ မရရှိကြဘူးလို့ ဆိုပါတယ်။ ဒီ သောက်ရေပြဿနာကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာအနှံ့က ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ ဒီ သောက်ရေ ပြဿနာဟာ သဲကန္တာရလို ပူပြင်းပြီး ရေရှားတဲ့ အရပ်ဒေသတွေမှာ ပိုပြီး ဆိုးရွားပါတယ်။ခြောက်သွေ့တဲ့ ကန္တာရဒေသမှာ ရှိတဲ့ အာရပ်ဆော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက ပညာရှင်တွေဟာ လေထဲကနေ သောက်ရေသန့်ထုတ်မယ့် စမ်းသပ် စီမံကိန်း…

October 5, 2021

Read more

ဆယ်ကျော်သက် မိန်းကလေးတွေ တီထွင်လိုက်တဲ့ အိမ်ယာမဲ့တို့အတွက် ရွှေ့ပြောင်းတဲအိမ်


မိန်းကလေးတွေရဲ့ အစွမ်းအစကို လူ့ပတ်ဝန်းကျင်က သိပ်အထင်ကြီးလေ့ မရှိကြပါဘူး။ အမျိုးသမီး သိပ္ပံပညာရှင်တွေ ဆိုလဲ သိပ္ပံ ပညာရှင် အသိုင်းအဝိုင်းမှာကို သိပ်အထင်ကြီး မခံကြရပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက် မိန်းကလေးငယ်လေး ၁၂ ယောက် ပါဝင်တဲ့ အင်ဂျင်နီယာ လောင်းလျှာများအဖွဲ့ဟာ အိမ်ခြေမဲ့တွေ ဆောင်းတွင်းမှာ နွေးထွေးစွာ နေနိုင်စေဖို့ ဖြုတ်လို့တပ်လို့ရတဲ့ ရွှေ့ပြောင်းတဲအိမ်ငယ်လေးတွေကို တီထွင်ခဲ့ကြပါတယ်။ဒီတဲအိမ်ကို တီထွင်ခဲ့ကြတဲ့ ဆယ်ကျော်သက် မိန်းမပျိုလေး ၁၂ ဦးကတော့ အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ် ဆန်ဖာနန်ဒိုမြို့က အထက်တန်းကျောင်းက (San…

October 4, 2021

Read more

မာကျူရီဂြိုလ် စူးစမ်းရေး အာကာသယာဉ် ရောက်ရှိ


 ဥရောပ သမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းလွှတ်တင်တဲ့ မာကျူရီ (ဗုဒ္ဓဟူးဂြိုလ်) စူးစမ်းလေ့လာရေးယာဉ်ဟာ သူ့ရဲ့ ပထမဆုံး မာကျူရီဂြိုလ်နား ကပ်ပျံသန်းမှုကို ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၇ နှစ် ကြာမြင့်မယ့် သုတေသန ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အနီးကပ် ပျံသန်းမှုပဲ ဖြစ်ပါတယ်။ ဘက်ပီကိုလံဘို မစ်ရှင် (BepiColombo mission) လို့ အမည်ပေးထားတဲ့ ဒီစူးစမ်းလေ့လာရေး စီမံကိန်းရဲ့ ပထမ အဆင့်အဖြစ် ဒီအနီးကပ် ပျံသန်းမှုကို သောကြာနေ့ ည ၇.၃၄ အချိန်က ပြုလုပ်ခဲ့တာ…

October 4, 2021

Read more