mmpopsci.com

Nibiru ဂြိုဟ် တကယ် ရှိသလား


နဘီရူ ဂြိုလ်ကြီးနဲ့ ပါတ်သက်တဲ့ ကောလာဟာလတွေ လူတွေ အကြားမှာ ပျံ့နှံ့လာခဲ့တာက ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင် လောက်ကပါ။ အဲ့သည် အချိန်က မာယာ ပြက္ခဒိန် ကုန်ဆုံးတဲ့ နှစ်ဖြစ်တာကြောင့် ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်တော့မယ် ဆိုပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြတာ မှတ်မိကြမှာပါ။ (ဟောလီးဝုဒ် ရုပ်ရှင်တောင် ထွက်လိုက်သေး)။အဲ့သည် အထဲက ကမ္ဘာပျက်မယ့် သီအိုရီ တစ်ခုကတော့ ကမ္ဘာမြေဟာ ဂြိုလ်ကြီး တစ်ခုနဲ့ တိုက်မိပြီး ပျက်စီးရလိမ့်မယ် ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။…

September 4, 2021

Read more

ကမ္ဘာ့ ပထမဆုံး မိုးပျံ မော်တော်ဆိုင်ကယ်


မိုးပျံ ကားတွေနဲ့ ကျောပိုး ဒုံးစက်တွေကို အောင်မြင်စွာ တီထွင် ဖန်တီး နိုင်ခဲ့ကြတာ ကြာပါပြီ။ ကျောပိုး မိုးပျံ ဒုံးစက်ဆိုရင် စီးပွားဖြစ် ထုတ်လုပ် ရောင်းချ နိုင်တဲ့ အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ မိုးပျံကားလဲ မကြာမီ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းနေ ကြပါတယ်။ ဒီအချိန်မှာ ကျောပိုး ဒုံးစက်ကို ဈေးကွက်မှာ အောင်အောင်မြင်မြင် ရောင်းချနေတဲ့ Jetpack Aviation ကနေ ကမ္ဘာ့ ပထမဆုံး မိုးပျံ မော်တော်ဆိုင်ကယ်ကို အောင်မြင်စွာ စမ်းသပ်ပြီးစီးပြီ…

September 4, 2021

Read more

Black Hole ထဲကို လူတွေဝင်ပြီး လေ့လာနိုင်မလား


Black Hole တွင်းနက်ကြီး တွေဟာ လူသားတွေ အတွက်တော့ ဖြေရှင်းရ အလွန်ခက်ခဲတဲ့ ပဟေဠိ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပဟေဠိကို ဖြေရှင်းဖို့ ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ တွင်းနက်ကြီး တစ်ခုထဲကို လူသား သုတေသီ တွေ ကိုယ်တိုင် ဝင်ရောက်ပြီး အဖြေရှာဖို့ပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒီလို ဝင်ဖို့ ဆိုတာက ထင်သလောတော့ မလွယ်ပါဘူး။ ဒီလို ဝင်နိုင်ဖို့ဆို ဝင်မယ့် တွင်းနက်ကြီးဟာ မဟာဧရာမ တွင်းနက်ကြီး (supermassive Black Hole) လဲ…

September 3, 2021

Read more

တင့်ကားဖျက် ဒုံးကျည် ဘယ်လို အလုပ်လုပ်လဲ


ရုပ်ရှင်တွေ ထဲမှာ RPG နဲ့ တင့်ကို ပစ်တာ မြင်ဘူး ကြမှာပါ (ရုပ်ရှင်ထဲမို့ ဖျက်လို့ရတာ)။ ဒီလို တင့်ကားကို ဖျက်ဖို့ ပေါက်ကွဲ နိုင်တဲ့ ထိပ်ဖူးပါတဲ့ ဒုံးကျည်၊ အမြှောက်ကျည် တိုင်းနဲ့ ပစ်လို့ မရပါဘူး။ တင့်ကားရဲ့သံချပ်ကာကို ဖောက်နိုင်ဖို့ အထူးပြုလုပ်ထားတဲ့ ထိပ်ဖူး တပ်ဆင်ထားတဲ့ ဒုံးကျည်နဲ့ ပစ်မှသာ သံချပ်ကာကို ဖောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ အထူးပြုလုပ်ထားတဲ့ တင့်ဖျက် ဒုံးကျည် ထိပ်ဖူး မှာ ထည့်သွင်းထားတဲ့ ယမ်းကို Shaped…

September 2, 2021

Read more

ကမ္ဘာကို ဥက္ကာပျံတွေ အန္တရာယ်က ကာကွယ်ပေးမယ့် ကာကွယ်ရေး စနစ်


အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီ နဲ့ ကမ္ဘာကျော် ဂျွန်ဟော့ကင်း တက္ကသိုလ် အသုံးချ ရူပဗေဒ ဌာန ( Johns Hopkins Applied Physics Laboratory (APL)) တို့ ပူးပေါင်းပြီး ကမ္ဘာဂြိုလ်ကို ပြင်ပက အန္ထရာယ် ပြုလာမယ့် ဥက္ကာပျံ ဥက္ကာတုံး တွေရန်က ကာကွယ်ရေး စနစ် တစ်ရပ်ကို သုတေသနပြု တီထွင်လျက် ရှိပါတယ်။ ဒီသုတေသနကို  Double Asteroid Redirection Test (DART) လို့…

September 2, 2021

Read more

ကမ္ဘာအနီးက ဖြတ်သွားမယ့် ဥက္ကာပျံကြီးတွေ


အခု စက်တင်ဘာလ အတွင်းမှာ ဧရာမ ဥက္ကာခဲကြီး တစ်လုံးဟာ ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွားလိမ့်မယ်လို့ နာဆာက ထုတ်ပြန်တဲ့ သတင်း အချက်အလက် တွေအရ သိရှိရပါတယ်။ 2021 NY1 လို့ အမည်ပေးထားတဲ့ ဒီ ဥက္ကာခဲ ကြီးဟာ အလျား မီတာ ၃၀၀ (ပေ ၁,၀၀၀ ခန့်) နဲ့ အကျယ် မီတာ ၁၃၀ (၄၃၀ ပေခန့်) ရှိပါတယ်။ အကြမ်း ပြောရရင် ဒီ ဥက္ကာခဲ ကြီးရဲ့…

September 1, 2021

Read more

SpaceX ကုန်တင်ယာဉ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့


SpaceX ကုန်တင် အာကာသယာဉ် ဖြစ်တဲ့ SpaceX Dragon ကုန်တင် အာကာသယာဉ်ဟာ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီ ဆိုက်ကပ်မှုကို ဩဂုတ်လ ၃၀ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆိုက်ကပ်မှု ပြုလုပ်တဲ့အ ချိန်မှာ အပြည်ပြည် ဆိုင်ရာ အာကာသယာဉ်ဟာ ဩစတြေးလျ နိုင်ငံ အနောက်ပိုင်းရဲ့ ကောင်းကင်မှာ…

September 1, 2021

Read more

Planet X တကယ်ရှိလား


Planet Nine (သို့) Planet X လို့ ခေါ်တဲ့ နဝမမြောက် ဂြိုလ်ဟာ နေအဖွဲ့အစည်းရဲ့ ၉ လုံးမြောက် ဂြိုလ်ကြီးလို့ နက္ခတ်ပညာရှင်တွေ ယုံကြည်ကြတဲ့ ဂြိုလ်ကြီး တစ်လုံး ဖြစ်ပါတယ်။ယခင် ပလူတိုဂြိုလ် (Pluto) ရှိစဉ်ကတော့ ဒီဂြိုလ်ကို ၁၀ ခု မြောက် ဂြိုလ် ဆိုပြီး Planet X  လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပလူတို ဂြိုလ်ကို အဆင့်လျောချ လိုက်ပြီးတဲ့နောက် ဒီ Planet X…

September 1, 2021

Read more

မစ်ကီးဝေး ဂလက်ဆီ ထဲမှာ သက်ရှိတွေ ရှိနေနိုင်တဲ့ ဂြိုလ်ဘယ်လောက်များလဲ


ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီး (Milky Way Galaxy) မှာ ခန့်မှန်းချေ အားဖြင့် ကြယ်တွေကို ပတ်နေတဲ့ ဂြိုလ်ပေါင်း အလုံး ၁၀၀ ဘီလီယံ လောက် ရှိပါတယ်။ တစ်ဘီလီယံ က သန်းတစ်ထောင်နဲ့ ညီမျှတာ ဆိုတော့ ဘီလီယံ တစ်ရာ ဆိုတာ ဘယ်လောက်တောင် များလိုက်မယ့် ဂြိုလ်တွေလဲ ဆိုတာ စဉ်းစား ကြည့်ပေါ့ဗျာ။ အခုလက်ရှိ သိပ္ပံ ပညာရှင်တွေ ကြားမှာ သိချင်နေတာကတော့ ဒီ ဂြိုလ်တွေထဲက…

August 31, 2021

Read more

နာဆာရဲ့အာကာသ ယာဉ်ပေါ်သုံး ဘောပင်


နာဆာက အာကာသ ယာဉ်မှူးတွေ အာကာသထဲ ရေးတဲ့ “အာကာသ ဘောပင် (Space Pen)”  ဟာ အမေရိကန်က သိပ္ပံ ဝါသနာ အိုးတွေ အကြားမှာ အတော်လေး လူသိများကြပါတယ်။ ဒီ Space Pen ကို မကြာခန ဆိုသလို ရုပ်ရှင်တွေ၊ စာဆောင်တွေ နဲ့ တီဗီသတင်း တွေ ထဲမှာ ဖော်ပြလေ့ ရှိပါတယ်။ ဒီနှစ် ၂၀၂၁ ခုနှစ်မှာဆို “အာကာသ နည်းပညာ ကျော်ကြားစာရင်း (Space Technology Hall…

August 30, 2021

Read more

ဘာ့ကြောင့် ချိုင်းချွေးနံ့ နံရတာလဲ


လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ်တွေ့ အဖြစ်အပျက် ကလေးပါ။ အဲ့သည်တုန်းက အခုလို မိုဘိုင်း အင်တာနက်တွေ မရသေးဘူးဗျ။ အင်တာနက် သုံးချင်ရင် အင်တာနက် ကဖေးတွေမှာ သွားသုံးရတယ်။ အဲ့ခေတ်ကို မှီတဲ့ သူတွေ မှတ်မိကြအုံးမှာပါ။ တခါတော့ အင်တာနက်ဆိုင် သွားထိုင်သုံးရင်း ဘေးနားမှာ ကောင်မလေး အလန်းလေး တစ်ယောက် လာထိုင်လေရဲ့။ ကိုယ်ကလဲ ပျော်သွားတာပေါ့။ ကောင်မလေးက စကတ် အတိုလေးနဲ့ အတော်လေး လန်းတာဗျ။အဲ့ ခနနေတော့ နှာခေါင်းထဲကို အတော် ဆိုးတဲ့ အနံ့ဆိုး တစ်ခု…

August 30, 2021

Read more

ကြယ်ဖြူပုကို ပတ်နေတဲ့ ဂြိုလ်ကြီးတစ်လုံး တွေ့ရှိ


ကမ္ဘာလောက်ပဲ အရွယ်ရှိတဲ့ ကြယ်ဖြူပုလေး တစ်လုံးကို ပတ်နေတဲ့ နက်ပ်ကျွန်းဂြိုလ်လောက် ကြီးတဲ့ ဂြိုလ်ကြီး တစ်လုံးကို အာကာသ နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီ ဂြိုလ်ကြီးရဲ့ ဒြပ်ထုတွေကု သူပတ်နေတဲ့ ကြယ်ဖြူပုလေးက စုပ်ယူဝါးမျိုနေတာကြောင့်မို့ ဒီဂြိုလ်ကြီးဟာ နေ့စဉ် ဒြပ်ထု တန် သန်းပေါင်း ၂၆၀ လောက် ဆုံးရှုံးနေတယ်လို့ သိရပါတယ်။ဒီကြယ်ဖြူပုလေးက အရင်ကတော့ ကြယ်ကြီး တစ်လုံးပါ။ အခုတော့ အသက်သေဆုံးသွားတဲ့ ကြယ်တစင်းပေါ့။ ကြယ်အသေးလေးတွေ သေဆုံးသွားတဲ့ အခါ ကြယ်ဖြူပု လေးတွေ…

August 29, 2021

Read more