ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှုကြီးကို ပထမဆုံး အကြိမ် မှတ်တမ်းတင်နိုင်

ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု ကြီးတစ်ခုရဲ့ အစောဆုံး ကာလပိုင်းတွေကို ယခင်က သိပ္ပံ ပညာရှင်တွေ မှတ်တမ်းတင် လေ့လာနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီ ပေါက်ကွဲမှုရဲ့ အစောပိုင်း ကာလကို ခန့်မှန်းချေပဲ မှန်းဆနိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် အခုတော့ ဆူပါနိုဗာရဲ့ အစောပိုင်း ကာလကို အသေးစိတ် မှတ်တမ်း တင် လေ့လာနိုင်ခွင့် ရခဲ့ကြပြီလို့ သိရပါတယ်။အခု ဆူပါနိုဗာ ပေါက်ကွဲမှုရဲ့ အစောဆုံး အချိန် အပိုင်းအခြားမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်တုန်းက မှနဲ့ မတူအောင် အသေးစိန် လေ့လာ…
August 28, 2021
Read more
အာကာသထဲက မျက်လုံးကြီးနဲ့ တူတဲ့ Helix Nebula

ဒီမှာ မြင်ရတဲ့ ပုံကတော့ နာဆာရဲ့ ဆပစ်ဇာ (Spitzer Space Telescope) အာကာသ မှန်ပြောင်းကြီး နဲ့ ဂလက်ဆီ ဆင့်ကဲဖြစ်စဉ် လေ့လာရေးယာဉ် (Galaxy Evolution Explorer) တို့က ရိုက်ကူးထားတဲ့ နက်ဗြူလာ အာကာသ တိမ်တိုက်ကြီး တစ်ခုရဲ့ ပုံပဲ ဖြစ်ပါတယ်။ဒီ လေ့လာရေး ကိရိယာ နှစ်ခုကို နာဆာကနေ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ ကာလီဖိုးနီးယား စက်မှု တက္ကသိုလ် (California Institute of…
August 27, 2021
Read more
အိုင်းစတိုင်း လက်စွပ်

ဟတ်ဘယ် (Hubble Space Telescope) နက္ခတ်ကြည့် မှန်ပြောင်းကြီး ကနေ ရိုက်ကူးထားတဲ့ အိုင်းစတိုင်း လက်စွပ် (Einstein Ring) ဓါတ်ပုံကို နာဆာ အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံမှာပါတဲ့ အိုင်းစတိုင်း လက်စွပ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် သန်းပေါင်း ထောင်ချီတဲ့ အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။ဒီ ထူးဆန်းတဲ့ သဘာဝ ကို အိုင်းစတိုင်းက စတင်ပြီး ဟောကိန်းထုတ်ခဲ့တာမို့ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အိုင်းစတိုင်း လက်စွပ် (Einstein Ring) လို့…
August 26, 2021
Read more
အာကာသ တွင်းနက်ကြီးတွေရဲ့ အလေးချိန်ကိုတိုင်းမယ့် နည်းလမ်းသစ်

အာကာသ တွင်းနက်ကြီး (Black Hole) တွေရဲ့ အလေးချိန်ကို တိုင်းဖို့ဆိုတာ ထင်သလောက် မလွယ်ကူ လှပါဘူး။ ဒီနေရာမှာ Black Hole တွေရဲ့ အလေးချိန် လို့ ဆိုပေမယ့် တကယ်ကတော့ ဒြပ်ထု လို့ ပြောမှ မှန်ပါ့မယ်။ ဘာကြောင့်ဆို အလေးချိန် ဆိုတာက ဆွဲအားပေါ် မူတည်ပြီး ပြောင်းလဲတာကိုး။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများကတော့ အလေးချိန်နဲ့ ဒြပ်ထုကို အတူတူ လို့ပဲ ယူဆကြတာ များပါတယ်။အဲ့ဒီတော့ ဒီ တွင်းနက်ကြီးတွေရဲ့ ဒြပ်ထုကို…
August 25, 2021
Read more
စကြာဝဠာကြီးက ဘာအရောင် ရှိလဲ

ညဖက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့ အခါ ဘာအရောင် မြင်ရပါသလဲ။ အမည်းရောင်ကြီး မြင်ရတာပေါ့ လို့ ဖြေမယ် မဟုတ်လား။ ကောင်းကင်ကို မော့ကြည့်လိုက်တိုင် အမည်းရောင် ချည်းပဲ မို့ အာကာသ စကြာဝဠာ ကြီးရဲ့ အရောင်ဟာ ဘာအရောင်လဲ ဆိုရင် အမည်းရောင် လို့ပဲ တွေးမိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာကာသ ထဲမှာ ရှိနေတဲ့ အလင်းရောင် ထွက်တဲ့ ကြယ်တွေ၊ ဂယ်လက်ဆီတွေနဲ့ အခြား အလင်းရောင် ထွက်တဲ့ အရာ မှန်သမျှရဲ့ အရောင်တွေကို…
August 25, 2021
Read more
အာကာသထဲကို ဘယ်လောက် ဝေးဝေးထိ မြင်နိုင်သလဲ

ညဖက် မြို့ပြရဲ့ အလင်းရောင်တွေ လုံးဝ မရှိတဲ့ တောထဲ တောင်ထဲ ရောက်နေတယ် ဆိုပါဆို့ဗျာ။ နောက်ပြီး ညကလဲ လမိုက်ည။ ကောင်းကင်မှာလဲ တိမ်တွေကင်းနေတယ် ဆိုပါစို့။ ဒီလိုညမျိုး ကောင်းကင်ကြီးကို မော့ကြည့် ဖူးကြလားဗျ။ ကျွန်တော်ကတော့ ကြုံဖူးတယ်။ တခါတည်း “ဟာ” ကနဲ ဖြစ်သွားတာပဲ။ ကောင်းကင် တစ်ခုလုံးဟာ ဘယ်က ထွက်လာမှန်း မသိတဲ့ ကြယ်တွေ ငွေမှုန် ကျဲထား သလိုမျိုးပဲ။ အလွန် လှတာပေါ့။ဒီလို ညမျိုးမှာ ကောင်းကင်ပေါ် မော့ကြည့်လိုက်ရင် လူတစ်ယောက်ဟာ…
August 24, 2021
Read more
စတီဗင် ဟော့ကင်းရဲ့ Black Hole သီအိုရီ နှစ် ၅၀ အကြာမှာ သက်သေပြနိုင်ပြီ

ကမ္ဘာကျော် ရူပဗေဒ သိပ္ပံပညာရှင်ကြီး စတီဗင် ဟော့ကင်း (Stephen Hawking) လွန်ခဲ့တဲ့ နှစ် ၅၀ က ဟောကိန်းထုတ်ခဲ့တဲ့ သီအိုရီ တစ်ရပ် မှန်ကန်ကြောင်းကို အာကာသ သုတေသီတွေက သက်သေပြလိုက် နိုင်ပြီ ဖြစ်ပါတယ်။ “ဟော့ကင်း ဧရိယာ သီအိုရီ” (Hawking’s Area Theorem) လို့ အမည်ပေးထားတဲ့ ဒီ သီအိုရီကို စတီဗင် ဟော့ကင်းက ၁၉၇၁ ခုနှစ်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ သီအိုရီ အရ တွင်းနက်…
August 20, 2021
Read more
E=mc2 ဆိုတာဘာလဲ

E = mc^2 ဆိုတာ ကမ္ဘာမှာ နာမည် အကျော်ကြားဆုံး ညီမျှချင်း (Equation) တစ်ခုလို့ ပြောရင် လွန်မယ် မထင်ပါဘူး။ ဒါပေမယ့် ဒီ အီကွေးရှင်း ရဲ့ အဓိပ္ပါယ်ကို တကယ် သိကြတဲ့ သူတွေကတော့ အနည်းအကျဉ်းလောက်ပဲ ရှိကြပါတယ်။ E = mc^2ဆိုတာဘာအဓိပ္ပါယ်လဲသူ့အဓိပ္ပါယ်ကို အတိအကျ ပြန်ပြောရမယ်ဆို E ဆိုတဲ့ စွမ်းအင် (Energy) ဟာ ဒြပ်ပစ္စည်း တစ်ခုရဲ့ mass လို့ ခေါ်တဲ့ ဒြပ်ထု (m) နဲ့…
August 19, 2021
Read more
Black Hole တွေနားမှာ အဆင့်မြင့် သက်ရှိအဖွဲ့အစည်းတွေ ရှာတွေ့နိုင်မယ်

ကျွန်တော်တို့ အားလုံး တစ်ချိန်မဟုတ် တစ်ချိန် မေးမိမယ့် မေးခွန်းကတော့ ဒီလောက်ကြီးမားတဲ့ စကြာဝဠာ ကြီးထဲမှာ ကျွန်တော်တို့ လူသားတွေ ချည်းပဲ နည်းပညာ မြင့်တဲ့ သက်ရှိတွေ အနေနဲ့ ရှိနေတာလား ဆိုတာပါပဲ။ အခြား ကြယ်တွေ ဂြိုလ်တွေပေါ်မှာ သက်ရှိတွေ ရှိနေမှာပဲ ဆိုတာကတော့ ငြင်းစရာ မလိုအောင် သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေလို နည်းပညာ အဆင့်မြင့်မားတဲ့ ဒါမှမဟုတ် ကျွန်တော်တို့ထက် ပိုပြီး နည်းပညာ မြင့်တဲ့ သက်ရှိတွေ ရှိမရှိ ဆိုတာကတော့…
August 18, 2021
Read more
မစ်ကီးဝေး ဂလက်ဆီထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကြယ်ကြီး

ကမ္ဘာကနေ အလင်းနှစ် ၂,၀၀၀ ဝေးတဲ့ နေရာမှာ ကြယ်ကြီး တစ်စင်း ရှိပါတယ်။ ဒီကြယ်ကြီးဟာ ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy) ကြီးထဲကနေ ရုန်းထွက်နိုင်ဖို့ အရှိန်အဟုန်နဲ့ ထွက်ပြေးနေတာကို သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အခုဆို ကျွန်တော်တို့ ဂလက်ဆီကြီးရဲ့ အစွန်းနားကို ရောက်လို့နေပြီး သိပ်မကြာ လှတော့တဲ့ ကာလမှာ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဆွဲငင်အားကနေ လွတ်ထွက်လို့ သွားတော့မှာ ဖြစ်ပါတယ်။ ဒီကြယ်ကြီးရဲ့ အကြောင်းကို ကျွန်တော်တို့…
August 17, 2021
Read more
အလင်းနှစ် ဆိုတာ ဘာလဲ

စကြာဝဠာထဲက ကြယ်တွေ ဂလက်ဆီတွေ တစ်ခုနဲ့ တစ်ခု အကွားအဝေးကို အလင်းနှစ်နဲ့ ပြောလေ့ ရှိပါတယ်။ အရင် ကျွန်တော်တို့ သိပ္ပံ စာမျက်နှာက ရေးတဲ့ ဆောင်းပါးတွေမှာ အလင်းနှစ်ဆိုတာ ကိုဒီလိုပဲ ရေးလိုက်ပေမယ့် ကွန်မင့် တစ်ခုမှာ အလင်းနှစ်နဲ့ ပါတ်သက်လို့ မေးလာတာ ရှိတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်သွားတာပါ။ပထမဆုံး အလင်းနှစ်ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြပါမယ်။ အလင်းနှစ် ဆိုတာ အကွားအဝေးကို တိုင်းတဲ့ ယူနစ် ဖြစ်ပါတယ်။ အချိန်ကို တိုင်းတာ မဟုတ်ပါဘူး။ အချို့က…
August 16, 2021
Read more
Milky Way ဂလက်ဆီ ထဲက သက်တမ်းအရင့်ဆုံး ဂြိုဟ်

မစ်ကီးဝေး ဂလက်ဆီ ကြီးထဲက သက်တမ်း အရင့်ဆုံး ဂြိုဟ်ကြီး တစ်လုံးကို ရှာတွေ့ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာခဲ့ပါတယ်။ ဒီဂြိုဟ်ကြီးဟာ ကမ္ဘာထက် သက်တမ်း သုံးဆလောက် ပိုရင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ကမ္ဘာမြေကနေ အလင်းနှစ် ၅,၆၀၀ လောက် ဝေးတဲ့နေရာမှာ ရှိတဲ့ ရှေးဟောင်း ကြယ်တွေ စုနေတဲ့ နေရာတစ်ခု ရှိပါတယ်။ အဲ့သည်ထဲက ကြယ်ဖြူပု နဲ့ နယူထရွန်ကြယ် စုံတွဲ (White Dwarf – neutron star binary system) တစ်ခုကို…
August 14, 2021
Read more