အလိမ်အညာ App များကို အားပေးနေဟု Apple အားစွပ်စွဲ

သုံးစွဲသူများအား လိမ်ညာနေသည့် (တနည်းအားဖြင့် ဂျင်းထည့်နေသည့်) App များကို အားပေးနေသည်ဟု apple iOS အတွက် App များရေးသားနေသည့် developers များက စွပ်စွဲပြောကြားလိုက်ပါသည်။၎င်းကဲ့သို့ စွပ်စွဲပြောဆိုခံရသော App များမှာ အများအားဖြင့် နာမည်ကြီး App များကို ပုံတူယိုးမှား ပြုလုပ်ထားသော App များ ဖြစ်ကြပါသည်။ ၎င်း App များသည် မူရင်း အစစ်အမှန် app များထံသို့ ရောက်ရှိလာမည့် customers များအား လမ်းလွှဲ ခိုးယူသည့်အပြင် ရံဖန်ရန်ခါလဲ…
August 8, 2021
Read more
Mars Rover ၏ အင်္ဂါဂြိုလ်မှကျောက်နမူနာ တူးဖော်မှု မအောင်မြင်

ပြီးခဲ့တဲ့ သောကြာနေ့က အင်္ဂါဂြိုလ်ပေါ် ရောက်ရှိနေတဲ့ နာဆာရဲ့ Mars Rover အသစ်ဖြစ်တဲ့ Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်က သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းတွေ ရှိနေနိုင်တယ်လို့ ယူဆရတဲ့ ရှေးရေကန်ဟောင်းကြီး နေရာမှာ ကျောက်သားနမူနာ တူးဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နာဆာ သိပ္ပံပညာရှင်တွေ မျှော်လင့်သလို ကျောက်နမူနာ တူးဖော်ရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ဒီ မားစ်ရိုဗာဟာ ယဇီးရိုး (Jezero Crater) ဥက္ကာကြွင်း ဟောင်းကြီးနေရာမှာ ရှိနေခဲ့တဲ့ ရေကန်ဟောင်းကြီးရဲ့ ကြမ်းပြင်မှာ ကျောက်နမူနာ တူးယူ စုဆောင်းဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကြမ်းပြင်ကို လွန်နဲ့ တူးဖေါ်ပြီး…
August 8, 2021
Read more
ဆလိုဗက် နိုင်ငံထုတ် ၁၅၅မမ Zuzana 2 ယာဉ်တင် ဟောင်ဝစ်ဇာ

ဆလိုဗက် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ကွန်စတွက်တာ ကာကွယ်ရေး (Konstrukta Defence) ကုမ္ပဏီက ဘီးတပ်ယာဉ်တင် ဟောင်ဝစ်ဇာ အမြှောက်တစ်မျိုးကို ထုတ်ဖေါ်ပြသ လိုက်ပါတယ်။ ဒီအမြှောက် စနစ်ကို ဇူဇားနား ၂ (Zuzana 2) လို့ အမည်ပေးထားပြီး 8 x 8 ဘီး ၈ ဘီးတပ် ၈ ဘီးမောင်း ယာဉ်ပေါ် တပ်ဆင်ထားပါတယ်။ ဒီ အမြှောက်စနစ်သစ်ကို ယခု ဂရိနိုင်ငံမှာ ပြသနေတဲ့ DEFEA 2021 လက်နက်ပြပွဲမှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။ဒီအမြှောက်ကို ဆလိုဗက် ကုမ္ပဏီ Konstrukta Defence က ဒီဇိုင်းထုတ်လုပ်ထားတာ…
August 7, 2021
Read more
ကြာသပတေးဂြိုဟ်ပေါ် လူသားတွေ ဆင်းနိုင်မလား

ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်ကို (Jupiter) ဟိုက်ဒရိုဂျင် (Hydrogen) နဲ့ ဟီလီယမ် (Helium) ဓါတ်ငွေ့တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဓါတ်ငွေ့ လုံးကြီး ပေါ့ဗျာ။ ဒီတော့ ကြာသပတေးဂြိုဟ်ပေါ်ကို လူဆင်းဖို့ဆိုတာ အတော်တော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။အကယ်လို့ မရမက ဆင်းခဲ့မယ်ဆိုရင် (၁) အလွန်ပူတဲ့ အပူဒါဏ်ကို ခံရမယ် (၂) ကြာသပတေး ဂြိုဟ်ကြီးရဲ့ အလယ်လောက်မှာ အပေါ်မရောက် အောက်မရောက် တစ်နေမှာ ဖြစ်ပါတယ်။ကဲ …. ပြောမရဘူး အတင်းဆင်းမယ် ဆိုပါဆို့။ဒါနဲ့…
August 7, 2021
Read more
အခြားကမ္ဘာမှ နည်းပညာများအား ရှာဖွေမည့် ဂယ်လီလီယို စီမံကိန်း

အခြားကမ္ဘာမှ သက်ရှိတွေကို ရှာဖွေတဲ့ SETI စီမံကိန်းကို လူသိများကြပါတယ်။ Search for Extraterrestrial Intelligence (SETI) လို့ အမည်ပေးထားတဲ့ ဒီ စီမံကိန်းကို ၁၉၆၀ ပြည့်နှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ဒီ SETI စီမံကိန်းမှာ ကမ္ဘာအနှံ့မှာ ရှိတဲ့ အားကောင်းတဲ့ ရေဒီယို လှိုင်းဖမ်းစက် စလောင်းကြီးတွေကို အသုံးပြုပြီး အာကာသက ရောက်လာနိုင်မယ့် ရေဒီယို လှိုင်းတွေကို ဖမ်းယူနားထောင် ခဲ့တာ ဖြစ်ပါတယ်။ ဒီ SETI စီမံကိန်းမှာ အဓိက အားဖြင့် အာကာသ ကြယ်တာရာ တွေဆီကနေ ရောက်လာနိုင်မယ့် ရေဒီယို အချက်ပြ လှိုင်းတွေနဲ့ လေဆာ…
August 6, 2021
Read more
အာကာသကို အလည်သွားမယ်

အရင်လက အာကာသကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ Virgin Galactic ဗာဂျင် ဂလက်တစ် အာကာသယာဉ်နဲ့ စီးနင်းလိုက်ပါ လိုသူတွေ အတွက် လက်မှတ်တွေကို စတင် ရောင်းချပေးနေပြီလို့ သိရပါတယ်။ ဒါပေမယ့် လက်မှတ်ဈေးကတော့ တက်သွားပါတယ်တဲ့။ရစ်ချတ်ဘရန်ဆန် (Richard Branson) Virgin Group က ပိုင်ဆိုင်တဲ့ ဒီ Virgin Galactic အာကာသ ခရီးသွားလာရေး ကုမ္ပဏီဟာ ၂၀၁၈ နောက်ပိုင်း အာကာသ ခရီးသွားတွေအတွက် လက်မှတ်ရောင်းချတာကို ခန ရပ်နား ထားခဲ့ရာက အခုမှ ပြန်ရောင်းမယ်လို့ ကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်မှတ်ဈေးကတော့…
August 6, 2021
Read more
ချက်နိုင်ငံက စိတ်ဝင်စားနေတဲ့ အစ္စရေး နိုင်ငံထုတ် Spyder လေကြောင်းရန်ကာကွယ်ရေး စနစ်

ယခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချက်သမ္မတ နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (Czech Ministry of Defense) ဟာ အစ္စရေးနိုင်ငံ ရာဖာယဲလ် ကုမ္ပဏီထုတ် Spyder (စပိုင်ဒါ) လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ဝယ်ယူဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီလေကြောင်းရန် ကာကွယ်ရေး စနစ်သစ်ဟာ လက်ရှိ ချက်နိုင်ငံမှာ အသုံးပြုနေတဲ့ ဆိုဗီယက်ခေတ်က 2K12 Kub (SA-6) လေကြောင်းရန် ကာကွယ်ရေး စနစ်နေရာမှာ အစားထိုး အသုံးပြု သွားဖို့ ဖြစ်ပါတယ်။ ဒီ SA-6 စံနစ်ဟာ လွန်ခဲ့တဲ့…
August 5, 2021
Read more
ဂယ်လက်ဆီကြီး ၃ ခုရဲ့ တိုက်ပွဲ

အသစ်ပြန်လည် ပြုပြင်ပြီးတဲ့ ဟာဘယ် တယ်လီစကုပ် (Hubble Space Telescope) ကြီးက ရိုက်ကူးထားတဲ့ လှပတဲ့ ပုံရိပ်တွေကို နာဆာ (NASA) က ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံရိပ်တွေထဲမှာ အာကာသ ဝါသနာအိုးတွေကို လတ်တလော ဖမ်းစားအနိုင်ဆုံး ပုံကတော့ အဝေးတနေရာက ဂယ်လက်ဆီ ကြယ်စုကြီး ၃ စုရဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။တိုက်ပွဲဆိုလို့ စတားဝါး (Star Wars) ရုပ်ရှင်တွေထဲကလို အာကသယာဉ်ပျံတွေ မောင်းနှင်ပြီး တိုက်ပွဲဝင်နေကြတာကို ပြောတာ မဟုတ်ပါဘူး။ ဂက်လက်ဆီကြီး ၃ ခု ဆုံမိကြတဲ့အချိန် ပြင်းထန်လှတဲ့…
August 5, 2021
Read more
အိုင်းစတိုင်းရဲ့ ဟောကိန်း မှန်ပြန်ပြီ

Black Hole ရဲ့နောက်က အလင်းရောင်ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိအိုင်းစတိုင်းရဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ထုတ်ခဲ့တဲ့ သီအိုရီတွေ၊ ဟောကိန်းတွေ ဟာ မှန်ကန်ကြောင်းကို ရနေ့ထက်တိုင် ဆက်လက် သက်သေပြနေဆဲ ဖြစ်ပါတယ်။ ဒီတခါလဲ အိုင်းစတိုင်းရဲ့ ဟောကိန်း မှန်ကန်ကြောင်းကို ပညာရှင်တွေ ရှာဖွေလို့ တွေ့ရှိခဲ့ ပြန်ပါပြီ။ထင်မှတ်မထားတဲ့ မတော်တဆ တွေ့ရှိမှု တစ်ခုက အိုင်းစတိုင်းရဲ့ နှိုင်းယှဉ်မှု သီအိုရီ (General Theory of Relativity) ဟာ မှန်ကန်ကြောင်း သက်သေ အထောက်အထား အသစ်တစ်ခု အဖြစ်နဲ့ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ ဒီ…
August 4, 2021
Read more
ဂျွမ်းပစ်သွားတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကြီး

ရုရှားတို့ရဲ့ သုတေသန ယာဉ်ကြောင့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ကြီး ၄၅ ဒီဂရီ တိမ်းစောင်း သွားတယ် ဆိုတဲ့ အကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ရုရှားတို့ရဲ့ အသစ်ဆိုက်ကပ်ခဲ့တဲ့ နော်ကာ သုတေသန ဓါတ်ခွဲခန်းယာဉ်ရဲ့ ကွန်ပြူတာ စနစ် ချို့ယွင်းမှုကြောင့် ဒုံးစက်တွေ မှားယွင်းနှိုးမိပြီး တိမ်းစောင်းသွားရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၄၇…
August 4, 2021
Read more
ရုရှားတို့ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လေယာဉ်တင် သင်္ဘောကြီး

ရုရှား ရေတပ်မတော်မှာ လေယာဉ်တင် Aircraft carrier သင်္ဘောကြီး တစ်စင်းပဲ ရှိပါတယ်။ အဲ့သည် လေယာဉ်တင် သင်္ဘောကြီးဟာ အိုမင်း ဟောင်းနွမ်းလို့ နေယုံမက ပြဿနာပေါင်း ကလဲ သောင်းခြောက်ထောင်နဲ့ပါ။ ဒီ လေယာဉ်တင် သင်္ဘောအို ကြီးရဲ့ အနာဂါတ်ကလဲ သိပ်တော့ မသေချာလှပါဘူး။ဒီလေယာဉ်တင် သင်္ဘောကြီးက ရုရှားရေတပ် အတန်းအစား ခွဲခြားမှု Classification အရတော့ အကြီးစား လေကြောင်း ခရူဇာ (heavy aviation cruiser) စစ်သင်္ဘောကြီး ဖြစ်ပါတယ်။ ဒီလေယာဉ်တင် သင်္ဘောကြီးရဲ့ အမည်က ရေကြောင်းဗိုလ်ချုပ်ကြီး ကူးဇ်နက်ဇော့ဗ် (Admiral Kuznetsov) ဖြစ်ပါတယ်။…
August 4, 2021
Read more
အစ္စရေးတပ်မတော်အတွက် ၁၅၅ မမ အမြှောက်အသစ်

အစ္စရေး တပ်မတော် (Israel Defence Force, IDF) အတွက် ၁၅၅ မမ အမြှောက် သစ် တစ်မျိုးကို အစ္စရေး လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Elbit System က တီထွင်စမ်းသပ်လျှက် ရှိပါတယ်။ ဒီ ၁၅၅ မမ အမြှောက်ဟာ ၅၂ ကယ်လီဘာ ရှိတဲ့ ယာဉ်တင် အမြှောက် ဖြစ်ပြီး အမြှောက် ကျည်ထိုးမှုနဲ့ ပစ်ခတ်မှု အားလုံးကို အော်တိုမက်တစ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ ယာဉ်တင် ၁၅၅ မမ/၅၂ ကယ်လီဘာ…
August 2, 2021
Read more