mmpopsci.com

ကိုယ်ပျောက်လေယာဉ်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တဲ့ S-500 လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်


ရုရှားကာကွယ်ရေး ဝန်ကြီးဌာနဟာ S-500 လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်တွေ ဝယ်ယူဖို့အတွက် စာချုပ်ချုပ်ဆိုလိုက်ပြီလို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကန်ထရိုက်စာချုပ်ဟာ နှစ်အတော်ကြာ နှောင့်နှေးကြန့်ကြာ နေခဲ့ပြီးမှ နောက်ဆုံး ချုပ်ဆိုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ရုရှား ကာကွယ်ရေး ဌာနမှ ရုရှား တတ်စ် သတင်းဌာနကို ပြောကြားရာမှာ ဒီ S-500 လေကြောင်းရန် ကာကွယ်ရေး စနစ်တွေဟာ နောက်နှစ် ထဲလောက်ကို စတင်ပြီး တာဝန်ထမ်းဆောင်နိုင် လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စုစုပေါင်း S-500 ကာကွယ်ရေး စနစ် ၁၀ ခုကို မှာကြားထားတယ်လို့ ဆိုပါတယ်။ ပထမဆုံး…

August 2, 2021

Read more

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ရုရှားအပိုင်းတွင် လေယိုစိမ့်မှုဖြစ်ပွား


အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ပေါ်ရှိ ရုရှား အပိုင်းတွင် လေယိုစိမ့်မှုကြောင့်  ဖိအားလျှော့ကျမှု ဖြစ်ပွားခဲ့တယ်လို့ ရုရှား အာကာသ အေဂျင်စီ Roscosmos ရဲ့ အကြီးအကဲက ဝန်ခံ ပြောကြားလိုက်ပါတယ်။ဒီလို ဖိအားလျော့ကျမှု ဖြစ်စဉ်ဟာ တမြန်နေ့က ဖြစ်ပွားခဲ့တဲ့ ရုရှား သုတေသနယာဉ် နော်ကာကြောင့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီး လမ်းကြောင်းလွဲသွားတဲ့ ဖြစ်စဉ် မဖြစ်ပေါ်မီ နှစ်ပါတ်ခန့် အလိုကတဲက စတင် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ် နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု…

August 2, 2021

Read more

ကမ္ဘာ့အလယ်ဗဟို အူတိုင်ကိုဖြတ်ပြီး ပြုတ်ကျဖို့ အချိန်ဘယ်လောက် ကြာမလဲ


ဒီမေးခွန်းက နိုင်ငံတကာက တက္ကသိုလ်တွေက ရူပဗေဒ ကျောင်းသားတွေကို အမြဲလိုလို မေးလေ့ရှိတဲ့ ရူပဗေဒ ဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တကယ်ကတော့ ကမ္ဘာ့အလယ်အူတိုင်ကို ဖြတ်ပြီး ခရီးသွားဖို့ လှိုင်ခေါင်းဖောက်ဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ လက်ရှိ နည်းပညာတွေနဲ့ မဖြစ်နိုင် သေးပါဘူး။ထားပါတော့လေ။ ဒီမေးခွန်းကို ဖြေဖို့ ပထမဆုံး ကမ္ဘာ့အူတိုင်ကို ဖြတ်ပြီး ဟိုဖက် ဒီဖက် တို့လျှိုပေါက် တည်တည့် ပြုတ်ကျနိုင်ဖို့ လုံးဝ ဖြောင့်တန်းနေတဲ့ လှိုင်ခေါင်းကြီး တစ်ခု ဖေါက်နိုင်တဲ့ နည်းပညာ…

August 1, 2021

Read more

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီးကို လမ်းချော်သွားစေတဲ့ ရုရှားအာကာသယာဉ်


ပြီခဲ့တဲ့ ကြာသပတေးနေ့က အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ကြီးဟာ မူလလမ်းကြောင်းကနေ အချိန် ၄၇ မိနစ်တာလောက် ကြာအောင် လမ်းချော်သွားပါတယ်။ ဒီဖြစ်ရပ်ကို ဖြစ်စေခဲ့တာကတော့ လောလောလတ်လတ်  ISS နဲ့ လာချိတ်ဆက်ခဲ့တဲ့ ရုရှ သိပ္ပံ ဓါတ်ခွဲ စမ်းသပ်ခန်း အာကာသယာဉ်ပဲ ဖြစ်ပါတယ်။ပြီခဲ့တဲ့ ကြာသပတေးနေ့က ISS နဲ့ နောက်ဆုံး လာချိတ်ခဲ့တဲ့ နော်ကာ သိပ္ပံ ဓါတ်ခဲခန်း (Nauka Science Lab) ယာဉ်ကနေပြီး ဒုံးစက်တွေကို နှိုးခဲ့တာကြောင့်မို့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းယာဉ်ဟာ မူလလမ်းကြောင်းကနေ သွေဖည်သွားရတာပဲ ဖြစ်ပါတယ်။ ဒီလို ဒုံးစက်နှိုးခဲ့တဲ့ ဖြစ်စဉ်ဟာ ဒီ…

August 1, 2021

Read more

ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးက ဒိုးနတ်ပုံ အဝိုင်းကြီးတဲ့ဗျာ


စဉ်းစားကြည့်ကြပေါ့ဗျာ။ အာကာသထဲမှာ အာကာသယာဉ်ကြီးနဲ့ ခရီးသွားနေတာ။  တချိန်လဲကျရော မူလ ထွက်လာခဲ့တဲ့ နေရာကို ပြန်ရောက်လာရော။ ဘောလုံးကွင်းထဲ ကားပတ်မောင်း သလိုပေါ့ဗျာ။အကယ်လို့ ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးကသာ အချို့ သိပ္ပံပညာရှင်တွေ ဟောကိန်းထုတ်ထားသလို ဒိုးနတ်ပုံ အဝိုင်းကြီး ဆိုရင် အာကာသထဲ ခရီးထွက်တဲ့ သူမှန်သမျှ တချိန်တော့ မူလ ထွက်ခဲ့တဲ့ နေရာကို ပြန်ရောက်လာမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး စကြာဝဠာကြီးရဲ့ အရွယ်အစားကိုလဲ တိုင်းတာလို့ ရနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။“အခုတော့ စကြာဝဠာကြီး ဘယ်အရွယ် ရှိလဲ ဆိုတာ တိုင်းလို့ ရပြီလေ”…

July 29, 2021

Read more

အရက်သောက်ခြင်းက စိုးရိမ်ပူပန်စိတ်ကို များစေတယ်


အရက်ကို ကြာရှည်စွဲသောက်ခြင်းဟာ စိုးရိမ်ပူပန်မှုကို မြင့်မားစေနိုင်တယ်လို့ သုတေသန တစ်ခုက တွေ့ရှိထားပါတယ်။ ဒီ သုတေသနကို Scripps Research Institute က ဆေးပညာရှင်တွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ဦးဏှောက်ရဲ့ အတွင်းပိုင်းထဲမှာ ရှိတဲ့ amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းလေးဟာ လူတွေရဲ့ စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုနဲ့ အမူအကျင့်တွေကို ထိန်းချုပ်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီအစိတ်အပိုင်းလေးဟာလဲ အရက်ကို စွဲလမ်းသောက်သုံးတဲ့ အမူအကျင့်နဲ့ ပါတ်သက်နေတာကို ပညာရှင်တွေ တွေ့ရှိထားပါတယ်။Progress in Neurobiology ဆေးသုတေသန ဂျာနယ်မှာ…

July 27, 2021

Read more

ပါးချိုင့်လေးတွေရဲ့ အကြောင်း


ပါးချိုင့်ဆိုတာ သင့်ကိုယ်ခန္ဒာ အရေပြားပေါ်မှာ ချိုင့်ဝင်နေတဲ့ နေရာလေး ဖြစ်ပါတယ်။ ပါးချိုင့်ဟာ ပါးပေါ်မှာမှ ရှိတာ မဟုတ်ပါဘူး။ ကိုယ်ခန္ဒာရဲ့ နေရာ အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ အချို့က မေးမှာ ပါးချိုင့်လေး ရှိတတ်သလို အချို့က ကျောပြင်မှာ ပါးချိုင့်ရှိတဲ့ သူတွေတောင် ရှိပါတယ်။ (ဒီဆောင်းပါးမှာတော့ ပါးမှာပေါ်တဲ့ ပါးချိုင့်အကြောင်းပဲ အဓိက ပြောပါ့မယ်)။ပါးချိုင့် အများစုကတော့ ပါးပြင်ပေါ်မှာ ထင်ရှားစွာ တွေ့နိုင်ပါတယ်။ ပါးတစ်ဖက်ထဲမှာ ပါးချိုင့်ရှိတဲ့သူ ရှိသလို ပါးနှစ်ဖက်စလုံး ပါးချိုင့်ပါတဲ့ သူတွေလဲ ရှိကြပါတယ်။ပါးပေါ်မှာ ဖြစ်တဲ့…

July 27, 2021

Read more

အာကာသထဲ ရွက်လွှင့်မယ်


အမေရိကန် နာဆာ အဖွဲ့ကြီးက အာကာသထဲမှာ ရွက်ဖွင့်သွားလာလို့ ရမယ့် အာကာသ ရွက်တိုက်ယာဉ် တစ်မျိုးကို လွှတ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီ အာကာသ ရွက်လှေနဲ့ ကမ္ဘာနား ကပ်လာတဲ့ ဥက္ကာခဲတွေကို လေ့လာဖို့ နာဆာက ကြံစည်နေတာ ဖြစ်ပါတယ်။လေဟာနယ်ထဲမှာ ဘယ်လို ရွက်တိုက်မလဲအာကာသထဲမှာ လေမှ မရှိတာ ဘယ်လို ရွက်တိုက်မလဲလို့ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ပါ။ လေမရှိပေမယ့် ရွက်တိုက်လို့ ရပါတယ်တဲ့။ ဒါကတော့ နေကလာတဲ့ အလင်းမှုန် (photon) လေးတွေကို အသုံးချပြီး ရွက်တိုက်တာပဲ ဖြစ်ပါတယ်။အလင်းဟာ အမှုန် သဘာဝ…

July 24, 2021

Read more

အင်္ဂါဂြိုလ်မှာ ကျောက်ဖြစ်ရုပ်ကြွင်း တူးမယ်


နာဆာရဲ့ စူးစမ်းရှာဖွေရေး သုတေသန ယာဉ် Perseverance Rover ဟာ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေရေး ရှာဖွေတူးဖော်မှုတွေကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။အင်္ဂါဂြိုလ်စူးစမ်းရှာဖွေရေးယာဉ် Perseverance RoverPerseverance Rover မှာတပ်ဆင်ထားတဲ့ အရှည် ၇ ပေ ရှည်လျားတဲ့ စက်ရုပ်လက်တံမှာ တပ်ဆင်ထားတဲ့ အာရုံခံ ကိရိယာတွေကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ နာဆာက ကြေငြာလိုက်ပါတယ်။ ဒီစက်မောင်းတံနဲ့ တူးဖော်ရရှိတဲ့ ကျောက်နဲ့ မြေသား နမူနာတွေကို ဓါတ်မှန်ရောင်ခြည် (X-Ray) နဲ့ ခရမ်းလွန်ရောင်ခြည် (Ultra violet radiation) သုံး…

July 22, 2021

Read more

အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှာတွေ့ဖို့ နီးစပ်ပြီလား


အင်္ဂါဂြိုလ်ပေါ်မှာ စူးစမ်းရှာဖွေရေး လုပ်နေတဲ့ Curiosity Rover လေ့လာရေးယာဉ်ဟာ မိသိန်းဓါတ်တွေ ထုတ်လွှတ်နိုင်တဲ့ အဏုဇီဝ သက်ရှိတွေရဲ့ အပေါ်မှာ ရောက်နေပြီ ဆိုတဲ့ မျှော်လင့်ချက်တွေ ဒီရက်ပိုင်းအတွင်း နာဆာက သိပ္ပံပညာရှင်တွေ အကြားမှာ ပျံနှံ့လာနေပါတယ်။သိပ္ပံပညာရှင်တွေဟာ အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လို သက်ရှိမျိုးကိုပဲ တွေ့ရတွေ့ရ ရှာတွေ့ရဖို့ကို မျှော်လင့်နေကြပါတယ်။ သိပ္ပံပညာရှင် အများစုကတော့ အင်္ဂါဂြိုလ်ဟာ အတိတ်ကာလက သက်ရှိတွေ အသက်ရှင်သန်ရပ်တည်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် တစ်ခု ရှိခဲ့လိမ့်မယ်လို့ အများစုက ယုံကြည်ကြပါတယ်။အချို့က တော့ အခုအချိန်ထိအောင်ကို အင်္ဂါဂြိုလ်ပေါ်မှာ အဏုဇီဝ သက်ရှိတွေ ဆက်လက်ရှင်သန်နေဆဲ…

July 21, 2021

Read more

မိသားစုဝင် (၃) ယောက်၊ နိုဘယ်ဆုက (၄) ဆု


ဒီဓါတ်ပုံထဲမှာ ပါတဲ့ လူ (၃) ယောက်ကို သိကြပါသလား။ဒီ (၃) ယောက်လုံးဟာ နိုဘယ်ဆုရှင်တွေ ဖြစ်ကြပါတယ်။ သူတို့ (၃) ယောက်ရဲ့ စုစုပေါင်း နိုဘယ်ဆု အရေအတွက်ဟာ (၄) ဆုတိတိ ရှိပါတယ်။ ဒါတောင် ပုံထဲက သမီးငယ်လေးရဲ့ အမျိုးသား ရတဲ့ နိုဘယ်ဆုပါ ထည့်ပေါင်းမယ်ဆို စုစုပေါင်း (၅) ဆုတောင်တဲ့ဗျာ။အော် ဒါနဲ့ ဒီပုံထဲက သူတွေ နာမည်ရော နဲနဲ စဉ်းစားလို့ ရပြီလားဗျ။ ပုံထဲက မိခင်လုပ်တဲ့ အမျိုးသမီးကြီးကိုတော့ သိကြမယ်…

July 20, 2021

Read more

အာကာသထဲ ငရုတ်သီးစိုက်သူများ


နာဆာရဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ပေါ်က အာကာသ ယာဉ်မှုူးတွေ အာကာသထဲမှာ ငရုတ်ပင် စိုက်နေပါတယ်တဲ့။ အဓိကကတော့ အင်္ဂါဂြိုလ်ပေါ်ကို လူသွားမယ့် ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင် နေတာပဲ ဖြစ်ပါတယ်တဲ့။အင်္ဂါဂြိုလ်နဲ့ အခြား ဂြိုလ်တွေဆီ ခရီးနှင်မယ့် အာကာသ ယာဉ်မှူးတွေ အနေနဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့သူတွေ လုပ်ကိုင်နေတဲ့ ကိစ္စတချို့ကို ခရီးစဉ်အတွင်း ပြုလုပ်နိုင်ဖို့ လိုပါတယ်။ ဥပမာ သူတို့ဝတ်တဲ့ အဝတ်အစားတွေကို ကိုယ်တိုင်ဖွတ်လျှော်တာ မျိုးကစပြီး စားမယ့်သောက်မယ့် အပင်တွေကို…

July 20, 2021

Read more