Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ

ဒီဆောင်းပါးလေးကတော့ အာကာသတွင်းနက်ကြီး ဆိုပြီး ကျွန်တော်တို့ မြန်မာလို ပြန်လေ့ရှိတဲ့ Black hole တွေအကြောင်း မိတ်ဆက် ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။ Black Hole ခေါ်တဲ့ အာကာသ တွင်းနက်ကြီးတွေ ဆိုတာ အာကာသထဲမှာ ဆွဲငင်အား အလွန်အင်မတန် များတဲ့ အရပ်ဒေသကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဆွဲငင်အား များလွန်းလို့ အလင်းရောင်တောင် သူ့နားက ဖြတ်သွားမိရင် လွတ်အောင် ပြေးမထွက်နိုင်ပဲ တွင်းနက်ထဲ ကျသွားပါတယ်တဲ့။ဘာကြောင့် ဒီလို ဆွဲငင်အား အရမ်းပြင်းထန် နေရသလဲဆိုတော့ ဒြပ်ထုတွေဟာ အလွန်…
July 19, 2021
Read more
ဖုန်းတွေဟာ အိမ်သာထိုင်ခုံထက် ၁၀ ဆပို ညစ်ပတ်ပါတယ်

လူအတော်များများဟာ သူတို့ရဲ့ လက်ကိုင်မိုဘိုင်းဖုန်းတွေ ဘယ်လောက်ထိ ညစ်ပတ်လဲဆိုတာ မတွေးမိကြပါဘူး။ ဒါပေမယ့် ဆေးသုတေသီ ပညာရှင်တွေရဲ့ လေ့လာမှုအရ မိုဘိုင်းဖုန်းတွေဟာ အတော်ကို ညစ်ပတ်ကြပါတယ်။ ဘာကြောင့်ဆို သူတို့ဟာ ရောဂါပိုးမွှားတွေနဲ့ ပြည့်နေလို့ပါတဲ့။မိုဘိုင်းဖုန်းတွေ ညစ်ပတ်ရတဲ့ အဓိက အကြောင်းရင်း တရားခံကတော့ သင့်လက်ပါပဲ။ ကျွန်တော်တို့ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၄၇ ကြိမ်လောက် ဖုန်းကို ကိုင်တွယ် အသုံးပြုပါတယ်တဲ့။ ဒီလို ကိုင်တိုင်းကိုင်တိုင်း လက်ပေါ်က ရောဂါပိုးမွှားတွေဟာ ဖုန်းပေါ်ကို ရောက်ရှိလို့ သွားပါတယ်။“လူတွေက ဖုန်းကို နေရာတကာ သယ်သွားကြတယ်လေ။…
July 19, 2021
Read more
စတော်ဘယ်ရီသီးရဲ့ အစေ့က ဘယ်မှာလဲ

စတော်ဘယ်ရီ သီးရဲ့ အစေ့တွေဟာ အသီးရဲ့ အတွင်းမှာ ရှိမနေပါဘူး။ အသီးရဲ့ အပြင်ဖက်က အခွံပေါ်မှာ ရှိနေတာပါ။ စတော်ဘယ်ရီသီးပေါ်က အစေ့လေးတွေဟာ ဘာလေးတွေလဲလို့ တခါလောက်များ တွေးကြည့်ဖူးပါသလား။ အဲ့ဒီ အခွံပေါ်က ဖြူဖြူ အစေ့လေးတွေဟာ ဟတော်ဘယ်ရီ အစေ့လေးတွေပါ။ဒါပေမယ့် ဒီလိုပြောတာလဲ အတိအကျတော့ မမှန်ပါဘူးတဲ့။ တကယ်က ကျွန်တော်တို့ အစေ့လို့ ထင်တဲ့ စတော်ဘယ်ရီသီးပေါ်က ဖြူဖြူ အစိလေးတွေဟာ တကယ်က အစေ့တွေ မဟုတ်ပါဘူးတဲ့။ အဲ့တာလေးတွေက စတော်ဘယ်ရီ သီးလေးတွေပါတဲ့။ အစေ့လေးတွေက အဲ့သည် အသီးလေးတွေထဲမှာ…
July 18, 2021
Read more
ထင်ရှားသူတို့ နှုတ်ထွက်စကား (၂)

မှားတယ်ဆိုတာကျောင်းမှာသင်ခဲ့သလို ဆိုးရွားတဲ့အရာတခု မဟုတ်ပါဘူး။အမှားဆိုတာက သင်ခန်းစာယူစရာ တစ်ခုပါပဲ။ရစ်ချတ် ဖိုင်းမင်းရစ်ချတ်ဖိုင်းမင်း (Prof. Richard Feynman) ကို ရူပဗေဒနယ်ပယ် ပြင်ပက လူတွေ သိပ်မသိကြပါဘူး။ ဒါပေမယ့် ရူပဗေဒ ပညာရှင်တွေ ကြားမှာတော့ သူဟာ အလွန် နာမည်ကျော်ပြီး ဆရာတစ်ဆူ အနေနဲ့ သတ်မှတ်ခြင်း ခံရတဲ့သူ ဖြစ်ပါတယ်။ ရူပဗဒ ပညာရှင်တွေ ကြားမှာ နံပါတ်စဉ် (၇) အနေနဲ့ သတ်မှတ်ခံရသူလဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကွမ်တမ် ရူပဗေဒ နဲ့ ပါတ်သက်ရင် ဆရာ…
July 16, 2021
Read more
ထင်ရှားသူတို့ နှုတ်ထွက်စကား (၁)

လူတစ်ယောက်ဟာ တခါမှအမှားမလုပ်ဖူးဘူးဆိုရင် အဲ့သည့်လူဟာ အသစ်အဆန်းဆို တခုမှ မကြိုးစားခဲ့ ဘူးလို့ပဲဖြစ်မယ်အဲလ်ဘတ် အိုင်းစတိုင်းAnyone who has never made a mistake has never tried anything new.Albert Einstein
July 16, 2021
Read more
မိခင်အတွက် Stem Cells လှူတဲ့ သန္ဓေသားငယ်

အမေတွေသာ သူတို့ရဲ့ သားငယ် သမီးငယ်တွေကို ကုသမှု ပေးနိုင်တယ်လို့ လယ်သူက ပြောလဲဗျ။ ကလေးကလဲ သူ့မိခင်ကို ရောဂါကုသမှု ပေးနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်ဗျ။ တကယ်က ဗိုက်ထဲကတောင် ထွက်မလာသေးဘူး ကိုယ်ဝန်ကာလ မေမေ့ဗိုက်ထဲမှာတင်ကို ကလေးလေးက သူ့မေမေကို ဆေးကုပေးနိုင်တယ်နော်။ကိုယ်ဝန်ဆောင် ကာလမှာ မိခင်က သန္ဓေသား လိုအပ်တဲ့ အစာအဟာရတွေနဲ့ အောက်ဆီဂျင်ကို အချင်းနဲ့ ချက်ကြိုးကတဆင့် ကလေးဆီကို ပို့ဆောင်ပေးပါတယ်။ နောက်ပြီး ကလေး ကူးဆက် ရောဂါတွေရန်က ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ ကိုယ်ခံအား ပဋိဇီဝ…
July 13, 2021
Read more
အင်္ဂါဂြိုဟ်ပေါ်က မျက်နှာကြီး

အချိန်က ၁၉ ၇၆ ခုနှစ်အတွင်း ဖြစ်ပါတယ်။ နေရာကတော့ အင်္ဂါဂြိုလ် ပါတ်လမ်း တစ်နေရာမှာပါ။ ပါဝင်တဲ့သူကတော့ ဗွိုင်ရေဂျာ-၁ အာကသယာဉ် ဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပါတ်လမ်းကနေ ဂြိုလ်မျက်နှာပြင်ကို ဓါတ်ပုံရိုက်နေခဲ့တာပါ။ရိုက်ကူးထားတဲ့ ပုံတွေကို ကမ္ဘာပေါ်က နာဆာ သိပ္ပံပညာရှင်တွေ ပြန်စစ်ကြည့်ချိန်မှာတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ဓါတ်ပုံတစ်ပုံက အားလုံးကို အံ့အားသင့် သွားစေခဲ့ပါတယ်။ဒီဓါတ်ပုံ ထဲမှာ တွေ့ရတာကတော့ ဗွိုင်ယေဂျာရဲ့ ကင်မရာကို မျက်လုံးကြီး ပြူးပြီးစိုက်ကြည့်နေတဲ့ ဧရာမ လူ့မျက်နှာကြီးပဲ ဖြစ်ပါတယ်။ဒီမျက်နှာကြီးကို အင်္ဂါဂြိုလ် ပေါ်က ဆိုင်ဒိုးနီးယား (Cydonia)…
July 12, 2021
Read more
အာကာသတွင်းနက်ကြီး အစားခံလိုက်ရတဲ့ကြယ်

အာကာသတွင်းနက်ကြီး (Black Hole) က နျူထရွန်ကြယ် (Neutron Star) တစ်လုံးကို ဝါးမြိုလိုက်တဲ့ ဖြစ်ရပ်ကို သိပ္ပံပညာရှင်တွေက ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ လအတွင်းက ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ကောက်ယူရရှိတဲ့ အချက်အလက်တွေကို တစ်နှစ်ကျော် ကြာအောင် စစ်ဆေးပြီးနောက် ပညာရှင်တွေက ဒီလို ထုတ်ဖော်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ဒီလို အာကာသ တွင်းနက်တစ်ခုကနေ နျူထရွန်ကြယ်ကို ဝါးမြိုလိုက်တဲ့ ဖြစ်ရပ်ဟာ တစ်ခုထဲ မဟုတ်ပဲ နှစ်ခုတောင်မှ ရှာဖွေတွေ့ရှိခဲ့တာပါ။ နောက်ပြီး ဒီဖြစ်စဉ်ကိုလဲ…
July 10, 2021
Read more
နောက်ဆုံးခရီး

လွန်ခဲ့တဲ့ ၁၀ နှစ်တိတိ ဇူလိုင်လ အတွင်းမှာ လွန်းပျံယာဉ် အတ္တလန်တစ်စ်ကို ကနေဒီ အာကာသ စခန်းကနေ လွှတ်တင်ခဲ့ပါတယ်။ ဒါဟာ အတ္တလန်းတစ်စ်ရဲ့ နောက်ဆုံး ခရီး ဖြစ်သလို အမေရိကန် နာဆာ လွန်ပျံယာဉ် စီမံကိန်းရဲ့ နောက်ဆုံး ခရီးစဉ်လဲ ဖြစ်ပါတယ်။ အတ္တလန်တစ်စ်ဟာ ဒီခရီးမှာ အပြည်ပြည်ဆိုင်ရာ အာာကာသ စခန်းအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။စုစုပေါင်း အာကာသထဲမှာ ၁၂ ရက် ၁၈ နာရီ ၂၈ မိနစ်နဲ့…
July 8, 2021
Read more
ကျွန်တော်တို့ဟာ အသိဉာဏ် နဲနဲ ပိုမြင့်တဲ့ မျောက်တွေပါ

“ကျွန်တော်တို့ဟာ အသိဉာဏ် နဲနဲ ပိုမြင့်တဲ့ မျောက်တွေပါ”ဒီစကားကို ပြောခဲ့ သူကတော့ ရူပဗေဒ ပညာရပ်မှာ အိုင်းစတိုင်းနဲ့ နှိုင်းယှဉ်ခြင်း ခံရတဲ့၊ အိုင်းစတိုင်းနဲ့ တန်းတူ သတ်မှတ်ခံခဲ့ရတဲ့ ရူပဗေဒ ပညာရှင်ကြီး စတီဖင် ဟော့ကင်း (Stephen Hawking) ပဲ ဖြစ်ပါတယ်။ ဒီစကားကို ၁၉၈၈ ခုနှစ်က ဂျာမန်သတင်းစာ ဒါစပီဂဲလ် (Der Spiegel) နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ သာမန်ကြယ်လေးတစ်လုံးကို ပတ်နေတဲ့ သာမန် ဂြိုလ်သေးသေးလေး တစ်လုံးပေါ်မှာ နေထိုင်ကြတဲ့…
July 8, 2021
Read more
လိပ်ပြာပုံ အာကာသ နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီး

အပေါ်က ပုံကတော့ ဟပ်ဗယ်လ် (Hubble Telescope) နက္ခတ်တာရာမှန်ပြောင်းကြီးနဲ့ ရိုက်ကူးထားတဲ့ ပုံတွေထဲက အလွန်တရာမှ လှပတဲ့ လိပ်ပြာပုံ အာကာသ နက်ဗြူလာ (Butterfly Nebula) ဓါတ်ငွေ့တိပ်တိုက်ကြီးရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။ဒီအာကာသ တိမ်တိုက်ကြီးရဲ့ ပုံဟာလှလွန်းလို့ မြင်ရတဲ့ သူတွေ ရင်သပ်ရှုမော ဖြစ်သွားကြရပါတယ်။ဒီ ဓါတ်ငွေ့တိမ်တိုက်ကြီးကို ဖွဲ့စည်းထားတဲ့ ဓါတ်ငွေ့တွေဟာ အပြင်ဖက်ကို လိပ်ပြာတောင်ပံပုံ လှပစွာ ပြန့်ထွက်သွားလို့ သူ့ကို လိပ်ပြာနက်ဗြူလာ လို့အမည် ပေးထားကြတာ ဖြစ်ပါတယ်။လိပ်ပြာပုံ ဓါတ်ငွေ့တိမ်တိုက်ကြီး တည်ရှိတဲ့ Scorpius (ဗြိစ္ဆ)…
July 5, 2021
Read more
ဂီဇာပိရမစ် ကြီးရဲ့ တည်နေရာဟာ အလင်းအလျှင်နှုန်းနဲ့ ဆက်စပ်နေတယ်ဆိုတာ တကယ်လား

အီဂျစ်ပြည်က ဂီဇာပိရမစ် ကြီးဟာ ကမ္ဘာမှာ နာမည်ကျော်ကြားပါတယ်။ နှစ်စဉ်နှစ်တိုင်း သန်းပေါင်းများစွာသော ကမ္ဘာလှည့် ခရီးသည်တွေဟာ ဒီ ဂီဇာ ပိရမစ်ကြီးဆီကို အလည်လာရောက်ကြပါတယ်။ဂီဇာ ပိရမစ် ကြီးရဲ့ ဓါတ်ပုံတွေဟာ ဆိုရင်လဲ လူတိုင်းလိုလို တွေ့ဖူးကြပါတယ်။ဒီ ဂီဇာ ပိရမစ်ကြီးဟာ မြောက်လတ္တီတွတ် ၂၉.၉၇၉၂၄၅၈• မျဉ်းပေါ်မှာ တည်ရှိနေပါတယ်။ဒီ တည်နေရာဟာ ဘာမှ မထူးခြား သလိုပါပဲ။ ဒါပေမယ့် အလင်းရဲ့ အလျှင်နှုန်းဟာလဲ တစ်စက္ကန့်ကို ၂၉၉,၇၉၂.၄၅၈ မီတာ ဖြစ်နေတယ် ဆိုတာကို သိတဲ့ သူတွေ အတွက်တော့…
July 3, 2021
Read more