Tag: child development

  • ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့

    ကျွန်တော်တို့ မိဘလုပ်တဲ့သူ တော်တော်များများမှာ မကောင်းတဲ့ အကျင့််တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ကလေး အရမ်းပြောရခက်လာရင် စကားနည်း ရန်ဆဲ နောင်ခါလာ၊ နောင်ခါဈေး၊ နောက်မှကြည့်ရှင်းမယ် ဆိုပြီး ကလေးကို အလွယ်တကူ ကတိပေးလိုက်တာပါ။ ပေးလိုက်တဲ့ ကတိကလဲ ဘာမှာ ကြီးကြီးမားမား မဟုတ်ပါဘူး။ အိပ်ရာကနိုးရင် ဈေးခေါ်သွားမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက် ဈေးသွားမှပဲ အရုပ်ဝယ်ပေးမယ် ဆိုတာမျိုး၊ အသေးအမွှား လေးတွေပါ။ ကလေးက မေ့သွားမှာပဲ ဆိုပြီး လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကလေးက မမေ့တဲ့ အခါကျတော့ (ကလေးတွေဟာ လူကြီးတွေထက် အမှတ်သညာ ကောင်းကြပါတယ်)၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကတိကို ဖျက်ဖို့ကြိုးစား ကြပါတယ်။ လူကြီးလုပ်တဲ့ သူရဲ့ စိတ်ထဲမှာတော့ ဒါအသေးအမွှားပါလို့ ထင်ပေမယ့် […]

  • ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

    ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး […]

  • ချစ်ခြင်းမေတ္တာ ၏ ဘာသာစကား (၅) မျိုး

    ချစ်ခြင်းမေတ္တာ ၏ ဘာသာစကား (၅) မျိုး

    ချစ်ခြင်းမေတ္တာ မှာ ဘာသာစကား ရှိပါတယ်။ သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ […]

  • မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

    မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။ ၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် […]

  • Essential Life Skills for Pre-School Children

    ကျောင်းမနေမီမှာ ကလေးငယ်တွေကို သူတို့ရဲ့ ဘဝအတွက် အရေးပါတဲ့ Life Skills တွေ တတ်ကျွမ်းအောင် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးဟာ အရာအားလုံးကို မိဘကိုချည်း မှီခိုနေတာမျိုး မဖြစ်စေပဲ သူတို့တတ်နိုင်တဲ့ အရာတွေကို သူတို့ဟာ သူတို့ လုပ်နိုင်အောင် ငယ်ငယ်ကတဲက လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အောက်မှာ ကျောင်းမနေမီ ကလေးငယ်တွေ တတ်ကျွမ်းသင့်တဲ့ Life Skill ၁၆ မျိုးကို တစ်ခုချင်း ရှင်းပြပေးထားပါတယ်။ ကလေး ကျောင်းမသွားမီ ဒါတွေအားလုံး တတ်ကျွမ်းအောင် သင်ကြားပေးထားခြင်းဖြင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ တန်ဖိုးထားစိတ်လဲ မြင့်တက်လာ စေမှာပါ။ ၁။ ကလေးအသက် ၈ လ လောက်ဆို ပိုက်နဲ့ စုပ်ပြီး သောက်တတ်အောင် သင်ပေးလို့ ရပါပြီ. […]