Tag: parenting

  • သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

    ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ – ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ […]

  • လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

    ကလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင် သူတို့တွေဟာ လူတဖက်သားရဲ့ အရိပ်သုံးပါးကို နားလည်တဲ့ ကလေးတွေ ဖြစ်ဖို့လိုပါတယ်။ တဖက်သားက ကိုယ်ပြောတဲ့ စကားကို စိတ်ဝင်စားမှု ရှိတယ် မရှိဘူး၊ တဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်၊ ကိုယ်ပြောတာကို သူလက်ခံတယ် အစရှိတာတွေကို သိဖို့ဆိုတာ တဖက်သူရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာ စကားပြောတဲ့ လေယူလေသိမ်း အစရှိတာတွေကနေ အတွေ့အကြုံအရ မှန်းဆယူရတာ တွေပါ။ ကလေးတွေကို လူကြီးမိဘတွေက ဒီအတွေ့အကြုံတွေကို သင်ကြားပို့ချ ပေးမယ်ဆိုရင် သူတို့တွေဟာ အရွယ်နဲ့ မလိုက်အောင် လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ လူအချင်းချင်း ဆက်ဆံရေးမှာ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို ခွဲခြားသိခြင်းဟာ ဆက်ဆံရေး […]

  • အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်

    အောင်မြင်တဲ့ မိဘတွေဖြစ်ဖို့ အချက်တွေကို သင်သိပါသလား။ သိတာမခက်ပါဘူး။ အင်တာနက်ထဲမှာ မိမိကလေးကို အောင်အေင်မြင်မြင် ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင် ပေးရမလဲဆိုတာ ရေးထားတဲ့ ဆောင်းပါးတွေ အများကြီးပါ။ ဒါပေမယ့် ဒီအတိုင်း တကယ်လိုက်လုပ်ရတာကော လွယ်ကူပါရဲ့လား။ ဒီအကြံဉာဏ်တွေအတိုင်း လိုက်လုပ်ပါပြီတဲ့၊ တကယ်ရော သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တဲ့ မိဘတွေ ဖြစ်သွားရောလား။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့ မိဘဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ အောက်ပါ အချက် (၆) ချက်ဟာ အောင်မြင်တဲ့ မိဘတွေ ဖြစ်ကြောင်း ညွှန်ပြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) သင့်ကလေးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူ့ရဲ့ အနာဂါတ် အိမ်မက်တွေကို သင်နဲ့အတူ မျှဝေ ရင်ဖွင့်မယ် ကလေးတိုင်းဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ အနာဂါတ် […]

  • ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့

    ကျွန်တော်တို့ မိဘလုပ်တဲ့သူ တော်တော်များများမှာ မကောင်းတဲ့ အကျင့််တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ကလေး အရမ်းပြောရခက်လာရင် စကားနည်း ရန်ဆဲ နောင်ခါလာ၊ နောင်ခါဈေး၊ နောက်မှကြည့်ရှင်းမယ် ဆိုပြီး ကလေးကို အလွယ်တကူ ကတိပေးလိုက်တာပါ။ ပေးလိုက်တဲ့ ကတိကလဲ ဘာမှာ ကြီးကြီးမားမား မဟုတ်ပါဘူး။ အိပ်ရာကနိုးရင် ဈေးခေါ်သွားမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက် ဈေးသွားမှပဲ အရုပ်ဝယ်ပေးမယ် ဆိုတာမျိုး၊ အသေးအမွှား လေးတွေပါ။ ကလေးက မေ့သွားမှာပဲ ဆိုပြီး လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကလေးက မမေ့တဲ့ အခါကျတော့ (ကလေးတွေဟာ လူကြီးတွေထက် အမှတ်သညာ ကောင်းကြပါတယ်)၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကတိကို ဖျက်ဖို့ကြိုးစား ကြပါတယ်။ လူကြီးလုပ်တဲ့ သူရဲ့ စိတ်ထဲမှာတော့ ဒါအသေးအမွှားပါလို့ ထင်ပေမယ့် […]

  • ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

    ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး […]

  • ချစ်ခြင်းမေတ္တာ ၏ ဘာသာစကား (၅) မျိုး

    ချစ်ခြင်းမေတ္တာ ၏ ဘာသာစကား (၅) မျိုး

    ချစ်ခြင်းမေတ္တာ မှာ ဘာသာစကား ရှိပါတယ်။ သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ […]

  • မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

    မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။ ၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် […]

  • Essential Life Skills for Pre-School Children

    ကျောင်းမနေမီမှာ ကလေးငယ်တွေကို သူတို့ရဲ့ ဘဝအတွက် အရေးပါတဲ့ Life Skills တွေ တတ်ကျွမ်းအောင် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးဟာ အရာအားလုံးကို မိဘကိုချည်း မှီခိုနေတာမျိုး မဖြစ်စေပဲ သူတို့တတ်နိုင်တဲ့ အရာတွေကို သူတို့ဟာ သူတို့ လုပ်နိုင်အောင် ငယ်ငယ်ကတဲက လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အောက်မှာ ကျောင်းမနေမီ ကလေးငယ်တွေ တတ်ကျွမ်းသင့်တဲ့ Life Skill ၁၆ မျိုးကို တစ်ခုချင်း ရှင်းပြပေးထားပါတယ်။ ကလေး ကျောင်းမသွားမီ ဒါတွေအားလုံး တတ်ကျွမ်းအောင် သင်ကြားပေးထားခြင်းဖြင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ တန်ဖိုးထားစိတ်လဲ မြင့်တက်လာ စေမှာပါ။ ၁။ ကလေးအသက် ၈ လ လောက်ဆို ပိုက်နဲ့ စုပ်ပြီး သောက်တတ်အောင် သင်ပေးလို့ ရပါပြီ. […]

  • ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ

    ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ

    မှတ်ချက်။ အင်္ဂလိပ်စကားလုံး Temper Tantrum ကိုဒီဆောင်းပါးမှာ “ဝုန်းဒိုင်းကြဲ” တယ်လို့ ဘာသာပြန်ထားတာပါ။ အကယ်လို့ ဒီ့ထက်ကောင်းတဲ့ စကားလုံး ရှိမယ်ဆိုရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။ ဘာ့ကြောင့်ကလေးတွေ ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာလဲ ဝုန်းဒိုင်းကြဲ ပေါက်ကွဲတယ်ဆိုတာ လေဆင်နှာမောင်း တိုက်သလိုပါပဲ။ အခုနကအကောင်း၊ ခနနေတော့ ထပြီး ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲတော့ တာပါပဲ။ အခုနလေးတင်ပင် သင်နဲ့ သင့်ကလေးနဲ့ စားသောက်ဆိုင်မှာ ထိုင်စားနေတာ၊ အကောင်းကြီး။ ခဏနေတော့ သူ့သောက်ရခွက်က စုပ်တံလေး ကောက်သွားလို့ဆိုပြီး ထဝုန်းဒိုင်းကြဲတော့ တာပါပဲ။ ဒါမျိုးကြုံဖူးကြတယ် မဟုတ်လား။ အထူးသဖြင့် ကလေးအသက် ၁ နှစ်နဲ့ ၃ နှစ်ကြားတွေဟာ ပိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲတတ်ကြပါတယ်။ ဒါမျိုးတွေ မကြာခန ကြုံရရင် ငါ့ကလေးတော့ ကြီးလာရင် […]

  • သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ

    သင့်ကလေး တီဗွီကြည့်နေတုန်း ထမင်းစားဖို့ ခေါ်ရင် မလာပဲ ပေကပ်နေသလား။ ကျောင်းပို့တဲ့ အခါ မသွားပဲ ငိုယိုနေ သလား။ အရုပ်မဝယ်ပေးလို့ ဆိုပြီး လူကြားသူကြားထဲမှာ အောက်ဟစ်ငိုယို နေသလား။ ဒီလိုအခါမျိုးဟာ ကလေးတိုင်းလိုလို အနဲနဲ့ အများ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုး မကြာခဏ ပုံမှန်ဆိုသလို ဖြစ်နေတဲ့ အခါမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ “ကလေးတွေဟာ ပစ္စုပ္ပန်ကာလမှာပဲ အာရုံရှိကြတာပါ။ အတိတ်နဲ့ အနာဂါတ်ဆိုတာ သူတို့အာရုံမှာ မရှိပါဘူး။ သူတို့ ဘယ်အချိန်ထမင်းစားရမယ်၊ ဘယ်အချိန် ညအိပ်ယာဝင်ရမယ် လို့ ကြိုတင်တွေးတောတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ သူတို့ လက်ရှိ အာရုံဝင်စားနေတဲ့ အရာ တစ်ခုခုကနေ နောက်တစ်ခုကို ပြောင်းဖို့ကြိုးစားရင် သူတို့တွေ မကြိုက်ပဲ အတိုက်အခံ […]